နှိုးစက်တွေကို ပင်စင်ပေးကြစို့
သူငယ်ချင်း
နှိုးစက်အားကိုးနဲ့မှထတတ်တဲ့အကျင့်ကို
ပြင်ပါ
ဒါမှမဟုတ် ဖျက်ပါ
နှိုးစက်ကိုယ်တိုင်က အိပ်မောကျနေလို့
မိုးလင်းတာမသိလိုက်တဲ့အထဲမပါစေနဲ့
ကိုယ်ထူကိုယ်ထလမ်းမှာ သူများဆွဲမှရွေ့ရတဲ့
နောက်တွဲယဉ်မဖြစ်ချင်စမ်းနဲ့
တတ်နိုင်ရင်မီးရထားစက်ခေါင်းသာလုပ်
ရှေ့တိုးတဲ့ခြေလှမ်း
နောက်ဆုတ်တဲ့ခြေလှမ်း
ဘယ်လိုခြေလှမ်းပဲဖြစ်ပါစေ
ကိုယ့်ခြေလှမ်းတိုင်းရဲ့အရှင်သခင်ဟာ
ကိုယ်သာဖြစ်ပါစေ
Chocobo
No comments:
Post a Comment