လောကဓံသို့ တိမ်းညွတ်ခြင်း
လောကဓံဆိုတာ
တကယ်တော့ကုန်ကြမ်းတစ်မျိုးရဲ့ နာမဖြစ်တယ်
လူသားနဲ့ လူသားရဲ့ရှင်သန်မှု ဟာ လောကဓံကနေထွက်ပေါ်လာတယ်
လောကဓံသာမရှိရင် လူသားလဲပေါ်ပေါက်လာစရာမရှိတော့ဘူး
လောကဓံဟာ လူသားတို့အတွက်
တစ်သက်တာပိတ်ရက်မရှိဖွင့်လှစ်ပေးထားတဲ့
ဘာသာရပ်အစုံလင်ဆုံး
ကျောင်းတော်ကြီးလဲဖြစ်တယ်
ဒီကျောင်းကြီးမှာ
စဉ်စားလို့ရသမျှအကြောင်းအရာတွေ
အကုန်သင်ယူနိုင်တယ်
ကျွန်တော်တို့သိမြင်တတ်မြောက်သမျှ
အရာအားလုံးဟာ
လောကဓံရဲ့သင်ကြားပေးမှုဖြစ်တယ်
မျက်ရည်အပြုံးဗေဒကတော့
ဒီကျောင်းတော်ကြီးမှာ
ကျွန်အနှစ်သက်ဆုံးဘာသာရပ်ဖြစ်တယ်
Chocobo
No comments:
Post a Comment