မျက်ဖြေ
ကဒေါင်းမှာလဲဒေါသရှိကြောင်း
အချိန်မရွေး ခွပ်ဒေါင်းဖြစ်သွားနိုင်ကြောင်း
သိလိုက်ရချိန်မှာ
ငါ့ရင်ဘတ်တစ်ခုလုံး
မျက်ရည်စိမ်းရှင်ရှင်ထွက်နေခဲ့ပြီလေ
ရှိသမျှပုံအောချခင်းပေးလိုက်တယ်
လိုအပ်သလိုစားသုံးပါ
မွှေပါ နှောက်ပါ နင်းချေပါ
လှိုက်စားပါ
ဝါးမျိုပါ
ရိုးတွင်းမြေဩဇာ ခမ်းသွားအောင်အထိ
စုပ်ယူပါ
သခင့်ဒေါသအတွက် တစ်ဦးတည်းသော
လောင်စာဖြစ်ခွင့်ပြုရင်
ကျေနပ်ပြီ
Chocobo
No comments:
Post a Comment