Planet Earth သို့တိမ်းညွတ်ခြင်း
သူမဟာကျွန်တော်တို့အားလုံးရဲ့ အနှိုင်းမဲ့မိခင်ဖြစ်တယ်
ကျွန်တော်တို့အတွက်
စိန်ရွှေငွေကျောက်သံပတ္တမြားတွေပေးတယ်
ဒီအတွက်ဘာမှမတောင်းဆိုဘူး
ကျွန်တော်တို့ကဘာလုပ်လဲ
သူမကို တူးဆွတယ် အက်စစ်နဲ့လောင်းတယ်
ပါးပါးရော ထူထူပါလှီးတယ်
ကျွန်တော်တို့အတွက်
ထင်းမီးသွေး ရေနံဓာတ်ငွေ့လောင်စာတွေပေးတယ်
အဲဒါတွေနဲ့ကျွန်တော်တို့က သူမကို
ပြင်းပြင်းရော မြှင်းမြှင်းပါမီးတိုက်တယ်
ကျွန်တော်တို့ရဲ ဇီဝဝန်းကျင် သမမျှတဖို့
ကျေးငှက်သားရဲ တိရစ္ဆာန်တွေပေးတယ်
ကျွန်တော်တို့က သတ်စားတယ်
ကျွန်တော်တို့် အတွက်
်မြစ်ချောင်းအင်းအို်င်တွေပေးတယ်
ကျွန်တော်တို့က အနည်လို့အမည်တပ်ပြီး
အမှိုက်တွေပို့ချတယ်
ကျွန်တော်တို့အတွက် ရာသီဥတုကိုပေးတယ်
ကျွန်တော်တို့က နည်းပေါင်းသောင်းခြောက်ထောင်မကနဲ့ ဖျက်ဆီးတယ်
ကျွန်တော်တို့ရှူဖို့လေကိုပေးတယ်
ကျွန်တော်တို့ကကာဗွန်ဒြပ်ပေါင်းတွေနဲ့မှိုင်းတိုက်တယ်
ကျွန်တော်တို့သောက်ဖို့ရေကိုပေးတယ်
ကျွန်တော်တို့က ( မရိုမသေဗျာ)
သေးပေါက်ထည့်တယ်
ကျွန်တော်တို့ခန္ဓာကိုယ်မှာ
သူမဟာအဓိကဓါတ်ကြီးတစ်ပါးအနေနဲ့ပါဝင်တယ်
သူမကိုမထေမဲ့မြင်ပြုခြင်းဟာ
မိမိကိုယ်မိမိကန်ကျောက်တာထက်ဆိုးပါတယ်
ကျွန်တော်တို့အားလုံးဟာ သူမထံမှလာခဲ့ပြီး
အချိန်တန်ရင်
သူမဆီပြန်သွားကြရပါလိမ့်မယ်
Chocobo
No comments:
Post a Comment