Thursday, January 21, 2016

ပေါက်​ကရ ၄၈


ပေါက်​ကရ ၄၈

ကောင်မလေးရေ
အခုချိန်ငါအဖြစ်ချင်ဆုံးဆန္ဒတစ်ခုက
ဒက်ရှ်ဘုတ်ပေါ်မှာမင်းကိုတင်ပြီး
ကမ္ဘာပတ်လမ်းထဲ
တစ်နာရီ မိုင် ၁၅၀၀ နှုန်းနဲ့
မောင်းပစ်လိုက်ချင်တာပဲ
အဲဒီမှာလေမရှိလဲဘာဖြစ်လဲ
အချစ်ရှိနေတာပဲကို

ပြီးတော့
Air supply ရဲ့ unchanged melody ကိုလဲ
နှစ်ယောက်တည်းကြားအောင်
အကျယ်ကြီးဖွင့်ထားမယ်
မကောင်းဘူးလား

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...