Wednesday, January 20, 2016

အလင်းတန်းတစ်​ခု၏ ကိုယ်​တိုင်​​ရေးအတ္ထုပ္ပတ္တိ

အလင်းတန်းတစ်​ခု၏ ကိုယ်​တိုင်​​ရေးအတ္ထုပ္ပတ္တိ

ကျွန်​​တော့်​နာမည်​ကို လွယ်​လွယ်​ကူကူ အလင်းတန်းA လို့​ပဲ​ခေါ်ကြ​ပေါ့ဗျာ
ကျွန်​​တော့်​​မွေးရပ်​​မြေက​တော့ ခင်​ဗျားတို့ ​နေမင်း
လို့​ခေါ်တဲ့အရပ်​ကလာခဲ့တာပါ

ကျွန်​​တော်​နဲ့အတူ
သားချင်း​တွေအများကြီးရှိ​သေးတယ်​ အားလုံးကကိုယ်​လမ်းကိုယ်​သွား​နေကြတာ​ပေါ့ဗျာ
ကျွန်​​တော်​နဲ့တပြိုင်​တည်း​မွေးတဲ့အလင်းတန်း​တွေ
အကုန်​လုံး တစ်​​ယောက်​နဲ့တစ်​​ယောက်​ဦးတည်​ရာ
လုံးဝမတူကြဘူးဗျ ဒါဆန်းသလိုလိုနဲ့ တကယ်​​တော့မဆန်းလှဘူး
ကျွန်​​တော်​တို့မတိုင်​ခင်​ကတည်းကကို အဲအတိုင်းပဲ
နောက်​ပိုင်း​ကောင်​​တွေလဲဒီလိုပဲလာမှာပဲ
ကြာလာ​လေ ခရီးရှည်​လာ​လေ ကျွန်​​တော်​တို့ကြားက ကွာဟချက်​ကပိုပြီးကြီးမား
လာ​လေပဲ

ဘာနဲ့လာသလဲဟုတ်​လား?
ကြွားတယ်​လို့​တော့မထင်​ပါနဲ့
ကျွန်​​တော်​ကိုယ်​တိုယ်​တိုင်​ကိုက ဒီစကြာဝဠာမှာ
အမြန်​ဆုံးယဉ်တစ်မျိုးပဲ
ကျွန်​တော့်​​လောက်မှမမြန်တဲ့ ဟာေ​​​တွကို စီးစရာလား
မာန်​တက်​တာဟုတ်​ဘူးဗျို့ အမှန်​တွက်​ပြ​နေတာ

ကျွန်​​တော်​ရဲ့ထူးခြားတဲ့အရည်အ​သွေးက
ကျွန်​​တော်​​ရောက်​တဲ့​နေရာတိုင်းမှာ အ​မှောင်​ထုကို
ပျောက်​သွား​အောင်​စွမ်း​ဆောင်​နိုင်​ခြင်းပဲ
နေရာတိုင်းကိုကျွန်​​တော်​မ​ရောက်​နိုင်​တာ​တော့
ပြောစရာရှိတာ​ပေါ့​လေ ​မြေ​အောက်​လိုဏ်​ဂူတို့
ဝါးလုံး​ခေါင်းတို့ ဘာတို့​ပေါ့
ဒါကလဲ​နောက်​ပိုင်းစာ​တွေဖတ်​ ဘာ​တွေဖတ်
ဟိုလူဒီလူ​တွေနဲ့စကား​ပြောဖုးမှ အဲဒီလို​နေရာ​တွေ
ရှိ​သေးမှန်းတဖြည်းဖြည်းသိလာရတာ
ကျ​န်​​တော်​က​တော့တခါမှမ​ရောက်​ဖူးဘူးဗျ
ကျွန်​​တော်​​တွေ့ဆုံစကား​ပြောဖူးတဲ့အထဲမှာ
Chocobo ဆိုတာလဲပါတယ်
သူ​နဲ့​တွေ့မှပဲ ကျွန်​​တော်​ဟာ #ည ဆိုတာရယ်
အိပ်​စက်​ခြင်းဆိုတာရယ်​ အိပ်​မက်​ဆိုတာရယ်
လုံးလုံး​တွေ့ကြုံခံစားခွင့်​ မရှိပါလားဆိုတာ
ကောင်း​ကောင်းနားလည်​လိုက်​ရ​တော့တယ်
အလင်းတန်းA

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...