Thursday, January 21, 2016

ပျက်​သုဉ်းခြင်း

ပျက်​သုဉ်းခြင်း

အဲဒီမှာ​ရေ​ရောထားတဲ့လမ်းကျဉ်းလေးရှိတယ်
လဲကျနေတဲ့ ဓာတ်​မီးတိုင်​က
Slow down တာဝန်​ယူထားတယ်
ဒီဘက်ထိပ်​မှာ ကင်းတဲတစ်​​ကောင်
လမ်းတစ်​ဝက်​ပိတ်​ပြီးငိုက်​​နေတယ်
ဟိုဘက်​ထိပ်​မှာအလူခံဇရပ်​တစ်​ပါး
လမ်းထိပ်​အမှိုက်​ပုံကိုခွစီးပြီး
ဖလားအညစ်​တစ်​လုံးနဲ့
မိုးခါး​ရေ​တွေလိုက်​ခံ​နေတယ်

ကျွန်​​တော်​အပါအဝင်
လမ်းသူလမ်းသား​တွေဟာလဲ
လမ်းသူလမ်းသားမဟုတ်​ကြဘူး
သူတို့အားလုံးဟာလမ်းထဲဝင်​လိုက်​တာနဲ့
မျက်​လုံးပုဝါစည်းပြီး
ကိုယ်​​ပျောက်​ဝတ်​ရုံခြုံလိုက်​ကြတယ်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...