Thursday, January 21, 2016

လွမ်း၍ရေးသောစာ

လွမ်း၍ရေးသောစာ

လွမ်းမိပြီဆိုမှဖြင့်
အတောမသတ်တတ်တာကျွန်တော့အကျင့်
လွမ်းချင်လာပြီဆို
မြင်မြင်သမျှလွမ်းစရာချည်း

သစ်ရွက်လှုပ်ရင်လဲလွမ်းတယ်
သစ်ရွက်လေးတွေငြိမ်နေတာတွေ့လဲလွမ်းပြန်တာပဲ
မီးနီလဲလွမ်းတယ်
မီးစိမ်းလဲတမျိုးလွမ်းတယ်
ပြိုင်ကားတွေ့ လဲလွမ်းတယ်
ပန်းချီပြပွဲရောက်တော့လဲလွမ်းတယ်
ငါးပြတိုက်ရောက်လဲလွမ်းတယ်
ရုပ်ရှင်ကြည့်လဲလွမ်းတယ်
တောတန်းတွေ့ လဲလွမ်းတယ်
ကမ်းခြေရောက်လဲလွမ်းတာပဲဆို
ကန္တာရပင်တွေ့ လဲလွမ်းတယ်
နှင်းဆီတွေ့လဲလွမ်းတယ်
ရောင်စုံတွေ့လဲလွမ်းတယ်
အဖြူအမည်းတွေ့လဲလွမ်းတယ်
Herman Li နားထောင်လဲလွမ်းတယ်
Jessie Cook နားထောင်ရင်လဲလွမ်းတယ်
Pretty woman ကြည့်လဲလွမ်းတယ်
Mary Kom ကြည့်လဲလွမ်းတယ်
သင်္ကြန်မိုးကြည့်လဲလွမ်းတယ်
၁၃၀ မောင်းလဲလွမ်းတယ်
ဘီးလှိမ့်ရုံမောင်းလဲလွမ်းတယ်

ကုန်ကုန်ပြောမယ်
ဘာမှမလွမ်းပဲ ထိုင်နေရင်တောင်
လွမ်းတယ်ဗျာ

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...