Friday, July 8, 2016

နတ္ထိဖြင့် ဖန်ဆင်းခြင်း

အင်း​တွေ စမ​တွေမလိုပါ
ဂါထာ​တွေ မန္တာန်​​တွေမလိုပါ
မင်းမျက်​​စောင်းတစ်​ချက်နဲ့တင်
အဖတ်​ဆယ်​မရ​အောင်​ ​ကြွေ​နေခဲ့ပြီးသား..

တွေးကြည့်​ရာမလိုပါ
ပြေးကြည့်​စရာမလိုပါ
အာရုဏ်​အစ ဆည်းဆာအဆုံး
ဆည်းဆာအစ အာရုံအဆုံး
မင်း​ရှေ့မှာ
ငါသက်​​ကြွေခြင်းများစွာ

ခေါင်းစဉ်​​မလိုပါ
လက်​မှတ်​မလိုပါ
မင်းအပြုံးတစ်​စက်​ စွက်​​ပေးရင်ပဲ
အသက်​ငင်​​နေတဲ့ငါ့ကဗျာ
အသက်​ဝင်​​​သွားမှာပါ

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...