Sunday, July 3, 2016

ကိုယ်​တိုင်းမသိရ​သော ​နေ့စွဲများ ၃

ကိုယ်​တိုင်းမသိရ​သော ​နေ့စွဲများ ၃

ကာလရှည်​ကြာ
တစ်​ခန်းတည်းဆက်​ကာဆက်​ကာမက်​ခဲ့တဲ့
အခန်း​ဆက်​အိပ်​မက်​တွေ စွန်းထင်း​နေတဲ့
နံရံ​ပေါ်ကဂျာကင်​အ​ဟောင်းကြီးထဲမှ
ဖားပျံတစ်​​ကောင်​ခုန်​ထွက်​လာတယ်

ဗွေ​ပေါက်​​နေတဲ့ အလွမ်း​တွေဟာ
ချုပ်​ရိုးမ​ဖြေရ​သေးတဲ့
နံရံအက်​​ကြောင်း​တွေထဲက တစိမ့်​စိမ့်​ထွက်​​နေတယ်

ဖောင်းပွစာလုံး​တွေဟာ
လေထဲမှာ ဟိုမှသည်​ သည်​မှဟို
လူးလာဆန်​ခတ်​ဝဲပျံလျက်
တချို့အချင်းချင်း ထိခိုက်​မိပြီးပြုတ်​ကျကုန်​ကြတယ်

ပလတ်​စတစ်​ပန်းနဲ့ ​ခေါင်​ရမ်းပန်း​ရောထိုးထားတဲ့
ပန်းအိုးဟာ ဘာအ​ကြောင်းကြောင့်​မှန်းမသိပဲ
စားပွဲ​ပေါ်မှာ ကဗျာစာအုပ်​အ​ဟောင်း​တွေကြား
ထပြီးခုန်​​ပေါက်​​နေတယ်

ခေါက်​သိမ်းလို့ရတဲ့ ဖန်​ခွက်​​တွေဟာ
ရေသန့်​​ရေခဲတုံး​တွေကိုသယ်​​ဆောင်​ပြီး
အခန်​ထဲ ဝင်​လိုက်​ထွက်​လိုက်​နဲ့
အလုပ်​များ​နေကြတာ
ခေါက်​သိမ်းရတဲ့ဆီ​တောင်​ မ​ရောက်​ဘူး

"ဟိုဟိုဒီဒီပြန့်​ကျဲ​နေတဲ့ အရိပ်​​တွေဟာ
နေ​ရောင်​နဲ့အတူပါလာတာလား
နဂိုကတည်းကရှိနှင့်​တာလား" ဆိုတဲ့​မေးခွန်း​ဟာ
ဒီ​နေ့ရဲ့ အထူးခြားဆုံး အမြည်းပါပဲ

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...