Sunday, December 13, 2015

ပဋိပက္ခ​တောင်ပံအခတ်မှာပျက်​ကျသွား​သော​နေကို တတိယအကြိမ်​​တွေ့ ရှိခိုက်​​ရေး​သောကဗျာ

ပဋိပက္ခ​တောင်ပံအခတ်မှာပျက်​ကျသွား​သော​နေကို
တတိယအကြိမ်​​တွေ့ ရှိခိုက်​​ရေး​သောကဗျာ

သဘာဝတရားရဲ့ရာဇဝင်​မှာ
တတ်​​ယောင်​ကားရာဇဝင်​​ဆရာ​တွေ
လုပ်​ကြံထည့်​သွင်းထားတဲ့
မာယာ​တွေနဲ့ ပြည့်​လျှံ ဆူပွက်လျက်

လေထုစိုထိုင်းဆကို ထိန်းညှိပါ

အဖူးအငုံလဲပန်း
အပွင့်​လဲပန်း
အနွမ်းလဲပန်း
ပန်းချင်းအတူတူ
ခွဲခြားဆက်​ဆံတတ်​တဲ့
လူသဘာဝကို 
နေရာ​ရွှေဖို့ရာ တော်​လှန်​ဖို့ရာ
ဘာသာတရား​တွေလိုအပ်​လာခဲ့တာ
နောင်​လဲအမြဲလိုအပ်​​နေအုံးမှာပါ

အစွန်းတစ်​ဘက်​နှင့်​ အခြားအစွန်းတစ်​ဘက်
ကြားက မျှချိန်​ကိုရှာပါ
မျှတစွာရပ်​တည်​မှု၌ ရပ်​တည်​​သော အလှသည်​သာ
လောကအလှ လူ့အလှ

အစိုးမရခြင်းများအစိုးရခြင်း ဟူ​သော
သဘာဝဖြစ်​အင်​ကို
မာယာလို့သတ်​မှတ်​မဲ့အစား
အမှန်​တရားဟု​ခေါ်ပါ

စမ်းတဝါးဝါးနိယာမ​တွေနဲ့
လမ်းဆုံး​နေတာ​တွေ
အဆုံးသတ်​ဖို့ သင့်​တာကြာခဲ့ပြီ
ဒါ​ပေမဲ့ အခုစလဲ​နောက်​မကျ​သေး

အ​ပြောကျယ်​သ​လောက်
အ​ပြောခံ​နေရတဲ့
သဘာဝအမှန်​တရားကို
ကာကွယ်​ဖို့ရာ
ကဗျာ စာ​ပေ ဂီတ ပန်းချီ
စသည်​ စသည်​ အနုပညာသမားတို့ရဲ့တာဝန်
တနည်း
ခင်​ဗျားတို့ရဲ့ တာဝန်
ကျွန်​​တော့်​တာဝန်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...