ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားတဲ့နေကို
ဒုတိယအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ
ရွှေတိုက်စိုးဆိုမှတော့ရွေတိုက်ကိုအစိုးရတာမဆန်း
မာယာရဲ့ရင်ခွင်မှာနားခိုရာရှာလို့
ှ
အစိမ်းသက်သက်ပန်းချီကားတစ်ခုကို
နံရံထောင့်ကိုမျက်နှာမူပြီးချိတ်ဆွဲထားသလိုပေါ့
ဒီကနေ့ဝင်သွားတဲ့နေဟာမနက်ဖန်အတွက်
အစမ်းလေ့ကျင့်တာမဟုတ်ပါ
မနက်ဖန်ဝင်မဲ့နေဟာ
့ခုအခါပဋ္ဌိသန္ဒေဘဝမှာပဲရှိသေးတာပါ
လရဲ့အစောင့်ရှောက်ခံအနေနဲ့ပေါ့
စစ်တလင်းမှာစပါးနယ်လို့စစ်ကိုဂုဏ်ပြုတာ
ရူးရာကျပေမဲ့ထူးရာမကျတော့ပါ
ဆင့်ကဲပြောင်းလဲခြင်းသီအိုရီကိုယ်တိုင်က
ဆင့်ကဲပြောင်းလဲလာလိုက်တာမှာ
အခုတော့အမှားရာခိုင်နှုန်း
များသထက်များလာပါပေါ့လေ
"ကိုယ်တိုင်သက်သေပြခြင်း"လို့ပဲ
ခေါ်လိုက်ကြစို့ရဲ့
ရေဟာအသွင်ပြောင်းရုံနဲ့
အနှစ်သာရပြောင်းလဲမသွားဘူးဆိုသူတွေကို
ထမင်းဖိတ်ကျွေးပါရစေ
ရေနွေးတောင်းရင်ရေခဲရေနဲ့
ရေခဲရေတောင်းရင်ရေပူဆူပွက်နဲ့
ဧည့်ဝတ်ကျေချင်လို့ပါ
တကူးတကရှာဖွေထားတဲ့
အနှစ်မဲ့ခြင်းများကို
ဖက်တွယ်ပြီး
ဒါကိုဘဝလို့အထင်ရောက်နေသူများအလယ်မှာ
နေရာမရဖြစ်နေသလား
ပျော်ပျော်ကြီးစွန့်ခွါလိုက်ကြစို့ရဲ့
Chocobo
No comments:
Post a Comment