Friday, July 8, 2016
Dedicated To No Body
ပုံပြင်လေးအစက
ကောက်ရိုင်းပင်တွေကြား
ဇရက်တစ်သိုက် အစာရှာနေတဲ့
ကွင်းပြင်ကြီးထဲမှာပါ
နုန်းဆန့်ဆန်သဲမြေတွေ တွေရဲ့အစလို့လဲပြောလို့ရတယ်
အနုစိတ်ပျံ့လွင့်နေတဲ့ ငါးကြင်းကွက်တိမ်တိုက်တွေက
ကလေးတစ်ယောက်ရဲ့ စိတ်ကို
ဂယောင်ချောက်ချားဖြစ်စေနိုင်သလိုမျိုး
ခွေလိပ်လိပ် ဆံနွယ်တွေကြား
ပုန်းအောင်းနေခဲ့တဲ့လိပ်ပြာရဲ့
ရိုက်ကြီးတငင် ရယ်လိုက်တဲ့အသံဟာ
နှလုံးစည်ကို
သွေးအေးအေးနဲ့ ထုတ်ချင်းဖောက်သွားတယ်
ကောက်ရခဲ့တဲ့ ရွှေရုပ်ကလေးကို
ကိုယ်ပိုင်ဥစ္စာ မဟုတ်မှန်းသိသော်လည်း
ကိုယ့်ကိုယ်ကိုယ် မသိချင်ယောင်ဆောင်
လှည့်စားခဲ့မိတဲ့အပြစ်အတွက်
ခွင့်မလွှတ်ပါနဲ့
ငါနှလုံးသားထံ ငါတောင်းဆိုပါရစေ
#တစ်သက်တစ်ကျွန်းဝေဒနာခံစားစေ ဆိုတဲ့
အပြစ်ဒဏ်ကို ချမှတ်ပေးပါ
သွေးစွန်းနေတဲ့ အလှတရားတွေ
တစ်ပုံတစ်ပင်ပြည့်နှက်နေတဲ့
ငါ့ရာဇဝင်ထဲမှာပဲ
အပြီးအပိုင်
ကျောက်ချထားလိုက်တော့မယ်
ချိုကိုဘို
အင်းတွေ စမတွေမလိုပါ
ဂါထာတွေ မန္တာန်တွေမလိုပါ
မင်းမျက်စောင်းတစ်ချက်နဲ့တင်
အဖတ်ဆယ်မရအောင် ကြွေနေခဲ့ပြီးသား..
တွေးကြည့်ရာမလိုပါ
ပြေးကြည့်စရာမလိုပါ
အာရုဏ်အစ ဆည်းဆာအဆုံး
ဆည်းဆာအစ အာရုံအဆုံး
မင်းရှေ့မှာ
ငါသက်ကြွေခြင်းများစွာ
ခေါင်းစဉ်မလိုပါ
လက်မှတ်မလိုပါ
မင်းအပြုံးတစ်စက် စွက်ပေးရင်ပဲ
အသက်ငင်နေတဲ့ငါ့ကဗျာ
အသက်ဝင်သွားမှာပါ
ချိုကိုဘို
ရွက်ဖျင်တဲရဲ့အရှေ့မှာ မီးပုံလေးတစ်ပုံရှိတယ်
အရောင်မရှိတော့တဲ့ လူတစ်ကိုယ်လျောင်းသာရုံ
ပတ္တူ စတစ်ခုလည်းရှိတယ်
မြေကြီးပေါ်မှာ
ပြန့်ကျဲနေတဲ့ သောက်လက်စ ဆေးပေါ့လိပ်တိုတွေရှိတယ်
မီးညွန့် မီးလျံတွေထဲမှာ
ရေးလက်စကဗျာ အပိုင်းအစတွေရှိတယ်
ဒီနေ့ည ဘယ်ကဗျာကို အဆုံးသတ်ရမလဲဆိုတဲ့
မေးခွန်းအတွက်
ကြယ်ကြွေတွေကို သန်းခေါင်အထိရေတွက်ရပါဦးမယ်
မလွတ်တမ်းရေတွက်နိုင်ဖို့ မျက်တောင်မျှပင်မခတ်ရဲ
ကြယ်ကြွေတွေကြားထဲရောနှောပါလာတတ်တဲ့
တောကြောင်မျက်လုံးတွေကို စိစစ်ဖယ်ရှားရပါသေးတယ်
စူးစိုက်မှု ဟာ လမိုင်းရဲ့ အခြားအမည်တစ်ခု ဖြစ်ကြောင်း
သိလာခဲ့တာကြာပါပြီ
အထွေထွေအပြားပြားအရောင်စုံ အသွေးစုံအာရုံတွေဟာ
အရပ်ရပ်မှ တိုက်ခတ်လျက်ရှိကြတယ်
ငြင်းပယ်နိုင်စွမ်းမရှိ၍ ကြယ်ကြွေတွေနဲ့အတူ
ထည့်သွင်းရေတွက်လိုက်ရတယ်
အမျိုးအမည်မသိညည့်ငှက်တစ်ကောင်ရဲ့မြည်တမ်းသံဟာ
မီးညွန့် တွေကြားမှာ ကိုယ်ရောင်ဖျောက်သွားတာတွေ့လိုက်ရတယ်
တချက်တချက်လွင့်ပျံလာတဲ့ နာရီသံဟာ
ညကို တစ်ကြိမ်ထက်တစ်ကြိမ်
ပို၍ရင့်ကျက်လာစေတယ် ထင်မိတယ်
ရင့်ရော်လာစေတယ်လို့လဲထင်မိနေပြန်ရော
အလိုတူသော်ရှိမတူသော်ရှိ
အပြောင်းအလဲဆိုတာ
မဖိတ်ခေါ်ရောက်လာတတ်တဲ့ ဧည့်သည်ပေပဲ
ညည့်နက်လာတာနဲ့အမျှ မီးညွန်ု့လဲ ကျိုးလာခဲ့ပါပြီ
ရေတွက်ခြင်းတွေနဲ့အလုပ်ရှုပ်နေရတဲ့အတွက်
ထင်းလောင်စာ ထပ်ထည့်ဖို့ မေ့လျောနေမိတာလဲပါတာပေါ့
လျော့ပါးသွားတဲ့ မီးလျံတွေနဲ့အတူ
ကဗျာအပိုင်းအစအတော်များများ ပါသွားလေရဲ့
နောက်ဆုံး သန်းခေါင်ရောက်ချိန်မတော့
ပြာပုံအတိပဲကျန်ပါတော့တယ်
ကံကောင်းထောက်မစွာ
ပြာပုံကြားထဲကကဗျာတစ်စ
အနည်းငယ် ညိုးနွမ်းနေသည်မှအပ
အကောင်းပကတိနီးပါးပြန်ရလိုက်တယ်
ရေတွက်ရရှိတဲ့ ကြယ်ကြွေတွေကို
လက်ကျန်ကဗျာတစ်စနဲ့ စပ်ဟပ်ကြည့်တဲ့အခါ
ဆက်စပ်မှုက ပြဒါတစ်လမ်း သံတစ်လမ်း
အကြိမ်အတော်များများမှာ
မျက်လှည့်လို့ ယူဆနေရတာတွေကမှ
တကယ့်အမှန်တရားဖြစ်နေတတ်ကြတယ်
ချိုကိုဘို
Sunday, July 3, 2016
လွမ်းခင်းထဲက ငါ
လွမ်းခင်းထဲက ငါ
( လွင့်ရိပ် ခံစားသည် )
ဒီညချမ်းအေးလွန်းလှသည်။ ခိုက်ခိုက်တုန်နေသော နှုတ်ခမ်းတစ်စုံ သက်သာရန် အလိုငှာ လရောင်ကို လှုံစေချင်မိသည်။ဒီည ကြယ်တွေဘယ်စီ ခရီးထွက်သွားပါသလဲ။မိုးကုတ်စက်ဝိုင်းအနှံ့ ခြေဆန့်နေသော မုတ်သုန်အားတွေ့လျှင် ဖေးမကူညီကြ စေလိုပါသည်။သူ၏ကျောပေါ်၌ အလွမ်းများအား လေးလံစွာထမ်းပိုးထားသောကြောင့် ဖြစ်သည်။
တွဲဆက်ထားသော လက်တစ်စုံကို ဘယ်အရာက ကွဲကွာစေခဲ့ပါသလဲ။အတိတ်မှ အရာရာသည် ပြီးဆုံးသွားသော ဇတ်လမ်းတစ်ပုဒ် မဟုတ်ပါ။ ထို့ကြောင့် ကတိပေးမထားသိတိုင် သူပြန်လာမည့် အချိန်ကို ကျွန်တော်စောင့်မိဆဲ ဖြစ်သည်။ ကြည်နူးချိန်တွေသာ ပြန်ရနိုင်မည်ဆို အခုချိန်၌ မည်မျှလွမ်းရပါစေ တန်ပါသည်။
#မုတ်သုန်ဦးပွင့်လန်းစဉ်ကလို
ခံစားမှုမျိုးအတွက်ပေးဆပ်ခဲ့ရတာ တန်တယ်
ဝမ်းနည်းနေချိန်တောင် သိမ်သိမ်မွေ့မွေ့ ပြုံးတတ်အောင် ဟန်ဆောင်ကောင်းတုန်းလား။ သိချင်မိသည်။ အမြဲနူးညံ့နေသော သူမမှာ ဝမ်းနည်းမှုတွေ ဆက်လက်ဖြစ်ထွန်းနေတုန်းလား။ သိချင်မိသည်။ အဖြေမရှိသော မေးခွန်းနှင့် ကျွန်တော် လမ်းပျောက်စဲ ဖြစ်ကြောင်း သူမအား စကားစပ်၍သွားမပြောကြပါနှင့်။ သိမ်မွေ့စွာသော မျက်ရေများထပ်၍ကြွေမှာစိုးသည်။
ရိုးပျက်တောထဲ ပြန့်ကျဲနေသော အမှတ်တရများအား တစ်စစီ လိုက်စုနေမိသည်။ ဝဲဘက်ရင်အုံအတွင်းက နှလုံးသားမြေဆွေးတွေပေါ်မှာ သတိရခြင်းတွေ စတင်ပေါက်ရောက် နေပါပြီ။ မကြာခင် လယ်ကွင်းတစ်ခုလုံး အလွမ်းတို့ ဖွေးတော့မည်။ မျက်ရည်မိုးသည် ရာသီမရွေး စွေ,စွေနိုင်လွန်းသည်။
#မျက်ရည်တွေနဲ့ လှပနေတဲ့ ပြုံးမျက်ဝန်း
အရမ်းကို နူးညံ့ သိမ်မွေ့လျှက်
#အလွမ်းတစ်ကျီစာ ပျိုးထားတာလဲ
စိုက်ခင်းထဲပြောင်းစိုက်ရဦးမယ်
#မြေသြဇာအတွက်
မျက်ရည်တွေ အလုံအလောက် ရှိပြီးသားပဲ
ပိတ်လိုက်သော ဒိုင်ယာရီထဲမှာ သူမအကြောင်းတွေ တခမ်းတနား ပါဝင်မြဲဖြစ်သည်။ နင်နှစ်သက်ဖူးသော ဥသြရဲ့လွမ်းတေးဟာ သာယာတာ သေချာပါရဲ့လား။ တူနဲ့အထုခံရတဲ့ ပတ္တလားသံဟာ သာယာတာ သေချာပါရဲ့လား။ အခါလွန်မိုး တစ်စက်နှစ်စက်နဲ့ အလွမ်းမီး မငြိမ်းနိုင်တာတော့ သေချာလွန်းခဲ့ပြီ။
ဘဝတစ်ခုလုံး ဆက်လက်ရွက်မလွှင့်နိုင်အောင် အလွမ်းက မြဲမြံလွန်းလှသည်။စောင့်ရကြာခဲ့ပြီ။ ရထားကား မျှော်လင့်ထားသလောက် မမြန်ဆန်ခဲ့ပါ။
မကြာတော့ပါဘူးဆိုတဲ့ နေရာမှာ သူ့စကားသံလေးဟာ အခါခါတိမ်ဝင်သွားခဲ့ရသည်။ဖြစ်နိုင်လျှင် ချစ်သူကို ပွေ့ဖက်ချင်သည်။ အားပေးချင်သည်။ ဆုံနိုင်ခွင့် သည်သာလျှင် တစ်ခုတည်းသော ပျော်ရွှင်စရာ မျှော်လင့်ချက်မဟုတ်ပါလား။
#နှစ်ကိုယ်ဆုံတွေ့ခွင့်ရမဲ့
ရိတ်သိမ်းရာသီအတွက်
တံဇဉ် မြမြ
သွေးထားကြစို့လား ချစ်သူ။
ရနိုင်မည်ဆိုလျှင် နောက်ပြန်လည်သော နာရီတစ်လုံး သို့မဟုတ် မြန်မြန်သွားသော နာရီတစ်လုံး လိုချင်မိသည်။ ဘုရားရှေ့က ဖိနပ်ကလေးလဲ အဖော်မဲ့ လွန်းလှပြီ။ ကြယ်ရောက် လကလက်အောက် နှစ်ယောက်အတူ ရှိချင်လာပြီ။ မင်းရင်ခွင်မှာ အိပ်စက် နားခိုချင်လှပြီ။အချိန်မည်မျှ စောင့်ရဦးမည်နည်း။ မသိပါ။ မသေချာပါ။ သို့သော် သူမနှင့် ပြန်တွေ့သောအခါ အချိုသာဆုံးပြုံးပြရန် ပြင်ဆင်ထားမြဲဖြစ်သည်။
လွင့်(ရိပ်)
ကဗျာ-လွမ်းခင်း/ချိုကိုဘို
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်း
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်း
ကိုကာကိုလာယဉ်ကျေးမှုနဲ့
ဘယ်တော့မှအသားကျမှမဟုတ်တဲ့ငါ
အသားကျဖို့လဲကြိုးစားမှာမဟုတ်
အရာရာ၌ရောင့်ရဲတင်းတိမ်နိုင်စွမ်းကိုသာလျင်
ငါအတပ်မက်ဆုံး
အများသုံးဘဝအောင်မြင်ခြင်းပေတံတွေဟာ
ငွေချီးစော်နံကနံသနဲ့
ငါဂရုစိုက်တာ
အလှမ်းကျဉ်းကျဉ်းနဲ့
အလယ်လတ်နေတတ်တဲ့ အထဲမှာမပါဖို့ပါ
မည်သို့ဆိုစေ
ငါ့ရဲ့ကောင်းကင်ဟာ
ငါ့တစ်ကိုယ်စာအတွက်တော့
ကောင်းစွာလုံလောက်နေပြီးသား
Chocobo
အရောင်မဲ့ချင်ခြင်း
အရောင်မဲ့ချင်ခြင်း
ပထမကဇာတ်ရုံ၌....
#ရောင်စုံကားလိပ်ဖွင့်
#အရောင်အသွေးစုံလူတွေထွက်လာကြ
ငိုကြရီကြ
ချစ်ကြ မုန်းကြ
ကြင်နာကြ နာကြင်ကြ နာကြည်းကြ
တွဲကြ ကွဲကြ
နောက်ဆုံးကားလိပ်ချ
ဒုတိယကဇာတ်ရံ၌
ထူးမခြားနား....
တတိယကဇာတ်ရုံ၌
ထိုနည်းနှင်နှင်....
ဟူး....မောလိုက်တာ
#အရောင်မဲ့ပြဇာတ် တစ်ပုဒ်လောက်
ကြည့်ချင်ပါတယ်ဆို
Nowhere မှာတော့ပြမလားမသိ
ဒါမှမဟုတ်
ကိုယ်တိုင်ရေး ကိုယ်တိုင်ကရ
ကောင်းမလားပဲ ....
......... ........
...................
တာအို...
ဒီအချိန်မှာလက်ခနဲ ပွင့်သွားတဲ့အသိတစ်ခု
ငါ့ရဲ့ ဆန္ဒတွေကို
အရောင်မဲ့အောင် အရင်လုပ်ဖို့လိုတာကိုး
Chocobo
ကိုယ်တိုင်းမသိရသော နေ့စွဲများ ၃
ကိုယ်တိုင်းမသိရသော နေ့စွဲများ ၃
ကာလရှည်ကြာ
တစ်ခန်းတည်းဆက်ကာဆက်ကာမက်ခဲ့တဲ့
အခန်းဆက်အိပ်မက်တွေ စွန်းထင်းနေတဲ့
နံရံပေါ်ကဂျာကင်အဟောင်းကြီးထဲမှ
ဖားပျံတစ်ကောင်ခုန်ထွက်လာတယ်
ဗွေပေါက်နေတဲ့ အလွမ်းတွေဟာ
ချုပ်ရိုးမဖြေရသေးတဲ့
နံရံအက်ကြောင်းတွေထဲက တစိမ့်စိမ့်ထွက်နေတယ်
ဖောင်းပွစာလုံးတွေဟာ
လေထဲမှာ ဟိုမှသည် သည်မှဟို
လူးလာဆန်ခတ်ဝဲပျံလျက်
တချို့အချင်းချင်း ထိခိုက်မိပြီးပြုတ်ကျကုန်ကြတယ်
ပလတ်စတစ်ပန်းနဲ့ ခေါင်ရမ်းပန်းရောထိုးထားတဲ့
ပန်းအိုးဟာ ဘာအကြောင်းကြောင့်မှန်းမသိပဲ
စားပွဲပေါ်မှာ ကဗျာစာအုပ်အဟောင်းတွေကြား
ထပြီးခုန်ပေါက်နေတယ်
ခေါက်သိမ်းလို့ရတဲ့ ဖန်ခွက်တွေဟာ
ရေသန့်ရေခဲတုံးတွေကိုသယ်ဆောင်ပြီး
အခန်ထဲ ဝင်လိုက်ထွက်လိုက်နဲ့
အလုပ်များနေကြတာ
ခေါက်သိမ်းရတဲ့ဆီတောင် မရောက်ဘူး
"ဟိုဟိုဒီဒီပြန့်ကျဲနေတဲ့ အရိပ်တွေဟာ
နေရောင်နဲ့အတူပါလာတာလား
နဂိုကတည်းကရှိနှင့်တာလား" ဆိုတဲ့မေးခွန်းဟာ
ဒီနေ့ရဲ့ အထူးခြားဆုံး အမြည်းပါပဲ
ချိုကိုဘို
ကိုယ်တိုင်းမသိရသော နေ့စွဲများ ၂
အမျိုးးအမည်သိရသော်လည်း
ဖွင့်ပုံဖွင့်နည်းမသိရသော
စွမ်းအားတစ်ခုဖြင့် sealed လုပ်ထားတဲ့
စာတစ်စောင် မိမိထံလိပ်မူပြီး ရောက်လာပါတယ်
"လိပ်စာရှင်မှအပ မည်သူမဆိုဖတ်ရှုနိုင်ပါသည်" လို့လဲ
စာအိတ်ပေါ်မှာ ရေးထားလိုက်သေးတယ်
ဂျက်အင်ဂျင်အသံနဲ့ ခပ်ဆင်ဆင်မြည်သော
ရှေးခေါတ်နာရီကြီးရဲ့ ချိန်သီးနောက်မှာ
စာအိတ်ကို ကော်နဲ့ကပ်ပြီး သိမ်းထားလိုက်တယ်
မနက်တိုင်းအိမ်ရှေ့ ဝရံတာမှာ အစာလာတောင်းတဲ့
ငှက်ကလေးတွေက အထူးအဆန်းအနေနဲ့ ကြည့်သွားကြတယ်
ဒီလိုနဲ့ တစ်ရက်သားမှာ နာရီပျက်နေခိုက်
ကြွက်တချို့က မပြောမဆိုနဲ့
စာအိတ်ကိုကိုက်ဖောက်သွားကြတယ်
သတိထားမိချိန်မတော့
စာအိတ်ကဖောက်လျက်သားလေး
ဝမ်သာအားရဖွင့်ကြည့်လိုက်တယ်
အထဲမှာ ဘာစာမှပါမလာခဲ့ဘူး
ကြွက်ပဲ ဆွဲသွားခဲ့တာလား?
နဂိုကတည်းက ဘာမှပါမလာတာလား?
ဒါမှမဟုတ်...
အဖြေမဖေါ်ခြင်းဖြင့် ပဟေဠိဟာ သူ့ရဲ့ ဖြစ်တည်မှုကို
ထိန်းသိမ်းထားတာမျိုးလား?
သေချာတာကတော့
ပဟေဠိတွေဟာ နောက်ထပ်ပဟေဠိအသစ်တွေကို
သယ်ဆောင်လာတတ်တာပဲ
ချိုကိုဘို
Wednesday, May 18, 2016
ကိုယ်တိုင်းမသိရသောနေ့စွဲများ ၁
ကိုယ်တိုင်းမသိရသောနေ့စွဲများ ၁
မြောက်ဘက်ကမ်းခြေကလာခဲ့တဲ့
ကတ်ကြေးတစ်ခြမ်းဟာ
သူရဲ့အခြားတစ်ခြမ်းကိုရှာဖွေဖို့ ခရီးထွက်လာခဲ့တာ အခုဆို
စထွက်နေရာကိုရောက်လာခဲ့ပါပြီ
သူနဲ့မတော်ကိုယ်တိုင်းမသိရသောနေ့စွဲများ ၁
မြောက်ဘက်ကမ်းခြေကလာခဲ့တဲ့
ကတ်ကြေးတစ်ခြမ်းဟာ
သူရဲ့အခြားတစ်ခြမ်းကိုရှာဖွေဖို့ ခရီးထွက်လာခဲ့တာ အခုဆို
စထွက်နေရာကိုရောက်လာခဲ့ပါပြီ
သူနဲ့မတော်တဲ့ ခြေနင်းတစ်ဖက်ကိုလဲ
မတော်တရော်စီးနင်းထားသေးရဲ့
သူနဲမတော်တာလဲသိတယ်
သူမသိတာ
ခြေနင်းက သေးနေလား ကြီးနေလားကိုသာမသိတာပါ
အထင်းသားမြင်နေရတဲ့
ရွက်ဖျင်တဲထဲကနေ မီးခိုးသံသဲ့သဲံ့ လှမ်းမြင်နေရတယ်
သီချင်းဆိုနေတဲ့ ကြယ်တွေဟာ
ဘုတ်ငှက်မြည်သံကိုစီးပြီးရောက်လာကြတယ်
ရေတွင်းပျက်ကြီးထဲ ခုန်ချလိုက် ခုန်တက်လိုက်လုပ်နေတဲ့
မီးလျှံတစ်ခုအကြောင်းပုံပြင်ကို
သူငယ်စဉ်က ကြားခဲ့ဖူးတာ ပြန်အမှတ်ရမိတယ်
အဲဒီအချိန်တုန်းက သူစီးခဲ့တဲ့ မြက်ခြေနင်းရဲ့
သဲကြိုးဟာ အဖေ့ရဲ့ နေ့စဉ်မှတ်တမ်းထဲခုန်ဝင်သွားခဲ့တာလဲ
အမှတ်တရပဲ
Browser တစ်ခုရဲ့ကမ်းခြေမှာ
ဝက်သစ်ချသားဝတ်ရုံကိုခြုံ ပြီး
ပါလာတဲ့ငှက်ကုလားအုတ်နဲ့ ဟိုဘက်ကမ်းကူးဖို့
လှေလိုက်လဲနေတဲ့
ဘယ်သူဘယ်ဝါရဲ့အရိပ်မှန်းမသိရတဲ့ အရိပ်တစ်ခုနဲ့
တွေ့ခဲ့တဲ့အကြောင်းကို
ပြန်အမှတ်ရမိလာတယ်
အဲဒီအရိပ်က
သူဟာဒုံမင်းအိုကြီးတစ်လုံးဆီကနေထွက်ပြေးလာတဲ့
ကြိုးတစ်ချောင်းဖြစ်ကြောင်း
တေလာဆွစ်စ်ရဲ့ ဂစ်တာကိုလိုက်ရှာနေတာဖြစ်ကြောင်း
သူ့ပြောကြားချက်ကို
ဘယ်သူမှယုံကြည်ပုံမရပါ
သူမူးလာပြီဆိုရင်
နေ့တွေဟာ သူနဲ့တွေတာနဲ့ညဆီထွက်ပြေးကုန်ကြတယ်
ညတွေဟာလဲ
သူနဲ့တွေ့တာနဲ့ နေ့ဆီထွက်ပြေးကုန်ကြတယ်
နေ့မသိညမသိ နေ့ မရှိညမရှိအခြေအနေမှာ
မြွေဆိုးရဲ့လေချွန်သံလို အသံမျိုးတွေကို
အဖေါ်ပြုပြီးနေခဲ့ရတဲ့ကာလတွေပါပဲ
ပုလင်းထဲကနေ ခွက်ထဲစီးဆင်းသွားတဲ့
ဝီစကီရဲ့ ရိုက်သံသဲ့သဲ့မှာ
အစာမကြေရောဂါကို ကုစားပေးနိုင်တဲ့
ဓာတ်သတ္တိပါဝင်မှုရာခိုင်နှုန်းအပေါ်
သံသယရှိခဲ့တာလဲကြာပါပြီ
သံသယဟာသံသယသာဖြစ်ပြီး
ယုံကြည်လိုမှုက ယုံကြည်လိုမှု သာဖြစ်ကြောင်း
သံသယနှင့်ယုံကြည်လိုမှုဟာ
ရော့ကာတွေဝတ်တဲ့ဂျင်းဘောင်းဘီတစ်ထည်ရဲ့
ဘယ်နှင့်ညာ ဖြစ်ကြောင်း
နှောင်းလူတွေရှာဖွေတွေ့မဲ့နေရာဟာ
ဒီနေရာပါပဲ
"သင်္ကြန်အမြောက်ရဲ့စနက်တံ
ဖြစ်မှန်းသိသိကြီးနဲ့ဖြစ်နေတဲ့
လိပ်ပြာတောင်ပံခတ်သံဟာ ငါပဲ" ဆိုတဲ့သီချင်းကို
သူဆိုတဲ့အခါတိုင်း
ကဗွီးပင်တွေက ခါးကိုညွတ်ပြီးနားစွင့်လေ့ရှိကြတယ်
ပြီးတော့အချင်းချင်းတီးတိုးပြောကြတယ်
"နားထောင်ကောင်းတဲ့ရောဂါတွေဟာ
ကူးစက်လွယ်တယ် " ဆိုလားပဲ...
ချိုကိုဘို ခြေနင်းတစ်ဖက်ကိုလဲ
မတော်တရော်စီးနင်းထားသေးရဲ့
သူနဲမတော်တာလဲသိတယ်
သူမသိတာ
ခြေနင်းက သေးနေလား ကြီးနေလားကိုသာမသိတာပါ
အထင်းသားမြင်နေရတဲ့
ရွက်ဖျင်တဲထဲကနေ မီးခိုးသံသဲ့သဲံ့ လှမ်းမြင်နေရတယ်
သီချင်းဆိုနေတဲ့ ကြယ်တွေဟာ
ဘုတ်ငှက်မြည်သံကိုစီးပြီးရောက်လာကြတယ်
ရေတွင်းပျက်ကြီးထဲ ခုန်ချလိုက် ခုန်တက်လိုက်လုပ်နေတဲ့
မီးလျှံတစ်ခုအကြောင်းပုံပြင်ကို
သူငယ်စဉ်က ကြားခဲ့ဖူးတာ ပြန်အမှတ်ရမိတယ်
အဲဒီအချိန်တုန်းက သူစီးခဲ့တဲ့ မြက်ခြေနင်းရဲ့
သဲကြိုးဟာ အဖေ့ရဲ့ နေ့စဉ်မှတ်တမ်းထဲခုန်ဝင်သွားခဲ့တာလဲ
အမှတ်တရပဲ
Browser တစ်ခုရဲ့ကမ်းခြေမှာ
ဝက်သစ်ချသားဝတ်ရုံကိုခြုံ ပြီး
ပါလာတဲ့ငှက်ကုလားအုတ်နဲ့ ဟိုဘက်ကမ်းကူးဖို့
လှေလိုက်လဲနေတဲ့
ဘယ်သူဘယ်ဝါရဲ့အရိပ်မှန်းမသိရတဲ့ အရိပ်တစ်ခုနဲ့
တွေ့ခဲ့တဲ့အကြောင်းကို
ပြန်အမှတ်ရမိလာတယ်
အဲဒီအရိပ်က
သူဟာဒုံမင်းအိုကြီးတစ်လုံးဆီကနေထွက်ပြေးလာတဲ့
ကြိုးတစ်ချောင်းဖြစ်ကြောင်း
တေလာဆွစ်စ်ရဲ့ ဂစ်တာကိုလိုက်ရှာနေတာဖြစ်ကြောင်း
သူ့ပြောကြားချက်ကို
ဘယ်သူမှယုံကြည်ပုံမရပါ
သူမူးလာပြီဆိုရင်
နေ့တွေဟာ သူနဲ့တွေတာနဲ့ညဆီထွက်ပြေးကုန်ကြတယ်
ညတွေဟာလဲ
သူနဲ့တွေ့တာနဲ့ နေ့ဆီထွက်ပြေးကုန်ကြတယ်
နေ့မသိညမသိ နေ့ မရှိညမရှိအခြေအနေမှာ
မြွေဆိုးရဲ့လေချွန်သံလို အသံမျိုးတွေကို
အဖေါ်ပြုပြီးနေခဲ့ရတဲ့ကာလတွေပါပဲ
ပုလင်းထဲကနေ ခွက်ထဲစီးဆင်းသွားတဲ့
ဝီစကီရဲ့ ရိုက်သံသဲ့သဲ့မှာ
အစာမကြေရောဂါကို ကုစားပေးနိုင်တဲ့
ဓာတ်သတ္တိပါဝင်မှုရာခိုင်နှုန်းအပေါ်
သံသယရှိခဲ့တာလဲကြာပါပြီ
သံသယဟာသံသယသာဖြစ်ပြီး
ယုံကြည်လိုမှုက ယုံကြည်လိုမှု သာဖြစ်ကြောင်း
သံသယနှင့်ယုံကြည်လိုမှုဟာ
ရော့ကာတွေဝတ်တဲ့ဂျင်းဘောင်းဘီတစ်ထည်ရဲ့
ဘယ်နှင့်ညာ ဖြစ်ကြောင်း
နှောင်းလူတွေရှာဖွေတွေ့မဲ့နေရာဟာ
ဒီနေရာပါပဲ
"သင်္ကြန်အမြောက်ရဲ့စနက်တံ
ဖြစ်မှန်းသိသိကြီးနဲ့ဖြစ်နေတဲ့
လိပ်ပြာတောင်ပံခတ်သံဟာ ငါပဲ" ဆိုတဲ့သီချင်းကို
သူဆိုတဲ့အခါတိုင်း
ကဗွီးပင်တွေက ခါးကိုညွတ်ပြီးနားစွင့်လေ့ရှိကြတယ်
ပြီးတော့အချင်းချင်းတီးတိုးပြောကြတယ်
"နားထောင်ကောင်းတဲ့ရောဂါတွေဟာ
ကူးစက်လွယ်တယ် " ဆိုလားပဲ...
ချိုကိုဘို
ပေါက်ကရ ၁၁၈
ပေါက်ကရ ၁၁၈
ငါ့ပေါက်ကရကောင်မလေးရေ
ကိုယ်ရင်ဘတ်ဟာ
မင်းအတွက်တော့
ကြေးမုံတစ်ချပ်ဖြစ်နေမလားပဲ
ဘယ်အချိန်ကြည့်ကြည့်
အဲဒီမှာ မင်းပုံရိပ်တွေပဲတွေ့ရမှာပါ
ကြေးမုံတောင်မှရိုးရိုးမဟုတ်
အဝေးကမင်းပုံရိပ်ကိုဖမ်းယူနိုင်မဲ့
ကြေးမုံခုံးတစ်ခုပါချစ်သူ
ချိုကိုဘို
Tuesday, May 17, 2016
ပေါက်ကရ ၈၁
ပေါက်ကရ ၈၁
ကောင်မလေးရေ
ဆိုးကွက်နဲ့ကောင်းကွက်ရောပြီး ယက်လုပ်ထားတဲ့
ကိုယ့်တို့ရဲ့ ဇာတ်ဝင်တေးမှာ
ဆိုးကွက်ကပိုပြီးအသံကျယ်လောင်နေခဲ့တာ
ဇာတ်နာစေဖို့ဖန်လာခဲ့တာပဲမဟုတ်လား
ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့
လက်စားချေဖြစ်အောင်ချေပါ
ကျကျနနလက်စားချေဖို့
ကိုယ့်ဆီပြန်ဖြစ်အောင်ပြန်ခဲ့ပါ
သာတဲ့လ မသာတဲ့လရယ် နှစ်မျိုးမရှိပဲ
မှောင်တဲ့ည မမှောင်တဲ့ညလို့ နှစ်မျိုးကွဲနေရတာကို
ဘဝလို့ခေါ်ကြောင်း
ိမင်းသိအောင်ကိုယ်ပြောခဲ့ချင်တာ
ချိုကို
ကိုယ်တိုင်းမသိရသော နေ့စွဲများ ၁၃
ကိုယ်တိုင်းမသိရသော နေ့စွဲများ ၁၃
အသည်းကွဲ နေတဲ့သူငယ်နှစ်ဦးဟာ
မီးအိမ်တစ်လုံးအလယ်မှာချ
အချစ်ကိုယုံကြည်ခြင်းမယုံကြည်ခြင်းနဲ့ပတ်သက်ပြီး
အချိန်အတော်ကြာငြင်းခုံပြီးတဲ့နောက်
နှစ်ယောက်လုံး မောမောနဲ့အိပ်ပျော်သွားကြတယ်
ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့
ပုရွက်ဆိတ်တစ်ကောင်
အချစ်မယုံကြည်တော့ဘူးဆိုတဲ့လူငယ်ရဲ့
အိပ်မက်ထဲရောက်လာပြီး
ကတိအချစ်ရဲ့သဘောဟာမူလအားဖြင့်
အတ္တကနေလွတ်ကင်းကာ
အလွန်ကြည်လင်သောသဘာဝရှိကြောင်း
၎င်းအချစ်ကို ခံစားသော
နှလုံးသားတို့၏ညစ်နွမ်းမှုကြောင့်သာ
အချစ်သည်လည်း ညစ်နွမ်းရခြင်းဖြစ်ကြောင်း
ပကတိကြည်လင်သောချစ်ခြင်းမေတ္တာကို
ရရှိခံစားလိုလျင် မိမိနှလုံးသားကိုအရင်
ဦးစွာပထမ သန့်စင်ထားဖို့လိုမည်ဖြစ်ကြောင်း
ပြောပြနေတုန်းလန့်နိုးသွားတယ်
သူု့နံဘေးမှာငူငူကြီးထိုင်နေတဲ့ သူငယ်ချင်းကို
အိပ်မက်အကြောင်းဝမ်းသါအါးရပြောပြတယ်
သူငယ်ချင်းကခပ်ယဲ့ယဲ့ပြုံးပြီးပြောတယ်
"ဒါဖြင့်ငါတို့နှလုံးသားကို သန့်စင်မယ့် filter
ဘယ်မှာရှာရမလဲ မင်းကိုဟောသွားတဲ့ ပုရွက်ဆိတ်
ငါ့ကိုဟောသွားတာနားထောင်ကြည့်လိုအုံး"
"လောကမှာလူလုပ်ချင်သေးရင်
မင်းနှလုံးသား အနည်းနဲ့အများတော့
ညစ်နွမ်းနေဖို့လိုလိမ့်မယ် "
ချိုကိုဘို
Monday, February 22, 2016
ပေါက်ကရ ၆၅
ပေါက်ကရ ၆၅
မင်္ဂလာပါကောင်မလေး
တိုင်းရေးပြည်ရာတွေကလဲ
သိပ်မကောင်းဘူး
မင်းပတ်ဝန်းကျင်ကိုစောင့်ရှောက်ပါ
အဲသလိုစောင့်ရှောက်နိုင်ဖို့
မင်းကိုယ်ကိုလဲစောင့်ရှောက်ပါ
အထူးသဖြင့် keep your soul safe
ဘာပဲဖြစ်ဖြစ်
အရင်လိုစိတ်လိုက်မာန်ပါမလုပ်ပါနဲ့
ငါမင်းကိုစိတ်ချပါရစေ
စိတ်ပူရအောင်မလုပ်နဲ့
ဒါပေမယ့် စိတ်တော့ပူပါရစေ
ချိုကိုဘို
ဝေဒနာမှ ထွက်ပေါ်လာသောစေတနာ
ဝေဒနာမှ ထွက်ပေါ်လာသောစေတနာ
မနက်ခင်းအကြွေတွေ
နှမြောတသစွာ
လိုက်ကောက်ရင်းနဲ့ပဲ
ညနေခင်းတွေနဲ့
လွဲခဲ့ပေါင်းလဲများလှပေါ့
မနက်ခင်းတစ်ခု မကြွေပေးရပဲ
ညနေခင်းတစ်ခု
ပွင့်လန်းလို့ရမယ့် နည်းလမ်းရှိရင်
ချမ်းသာသမျှကဗျာတွေ
အကုန်ပုံအောပြီး
လဲလိုက်ချင်မိတယ်
Chocobo
့
စိတ်စေရာ
စိတ်စေရာ
တစ်စက္ကန့်အတွင်း
ကိုယ့်မျက်စိရှေ့ ဖြတ်သန်းသွားတဲ့အလင်းမှုန်
အရေအတွက်ဘယ်လောက်ရှိမလဲ စိတ်မဝင်စားဘူး
တစ်စက္ကန့်အတွင်း ကမ္ဘာ့ဘဏ်ကို
ဖြတ်သန်းစီးဆင်းသွားတဲ့ ကိန်းဂဏန်းပမာဏဘယ်လောက်ရှိမလဲ
စိတ်မဝင်စားဘူး
တစ်စက္ကန့်အတွင်း animal မျိုးစိတ်သစ်တွေ
ဘယ်လောက်ပေါ်လာတယ်
ဘယ်လောက်ပျောက်သွားတယ်
ခုချိန်မှာစိတ်ဝင်မစားနိုင်သေးဘူး
မင်းနဲ့ကိုယ့်ကြားထဲ စိတ်ကိုရွက်လွှင့်ရင်
ဘယ်လောက်ကြာနိုင်မလဲကိုပဲ
လောလောဆယ်စိတ်စောနေမိတယ်
Chocobo
ခမ်းနားခြင်း
ခမ်းနားခြင်း
တေဝေနေဆဲခဏ
ကမ္ဘာကြီးကအတော်ဝေးဝေး
ရောက်သွားတယ်
လိုက်လို့လဲမမှီလောက်မှတော့
နေကိုတစ်ပတ် ပတ်ပြီးတဲ့အထိ
ဒီနားလေးပဲအိပ်စောင့်လိုက်တော့မယ်
Chocobo
Saturday, February 20, 2016
ပေါက်ကရ ၆၄
ပေါက်ကရ ၆၄
အချစ်ဆိုတာ
သုံးစွဲလေတိုးပွားလေစွမ်းအင်မျိုးပါ
ကောင်မလေး
မျက်စေ့မှန်ဘီလူး ကိုနောက်ပြန်တပ်ပြီး
နှလုံးအိမ်ကိုကြည့်ပါ
တဒင်္ဂတိုင်း
ဆပွားစနစ်နဲ့ တိုးလာနေတဲ့
အချစ်ထုကို မြင်ရပါလိမ်မယ်
တကယ်တော့ နှလုံးအိမ်ဆိုတာကလည်း
အချစ်ပမာဏအကန့်အသတ်မရှိ
လက်ခံနိုင်စွမ်းတဲ့
နေရာတစ်ခုပဲလေ
ချိုကိုဘို
ပေါက်ကရ ၆၃
ပေါက်ကရ ၆၃
ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့
ကောင်မလေးရေ
မင်းစိတ်ဆိုးတာခံနိုင်ပေမယ့်
မင်းစိတ်တွေဆိုးကုန်မှာ
မကြည့်ရက်လို့ပါ
ကိုယ်နဲ့ပတ်သက်လာရင်
အရေခွံပါးတယ်ဆိုတဲ့စကား
ဝမ်းသာရမလားဝမ်းနည်းရမလား
မတွေးတတ်တော့
အရေပါးပါကောင်မလေး
ဒါပေမယ့်
ပါးတဲ့အရေမာပါစေ
ချိုကိုဘို
Non-existence သို့တိမ်းညွတ်ခြင်း
Non-existence သို့တိမ်းညွတ်ခြင်း
သက်ရောက်မှုကိုကိုယ်တိုင်ထုတ်လုပ်ခြင်းလဲမရှိ
မည်သည့်သက်ရောက်မှုမျိုးကိုမျှလဲ
တုံ့ပြန်ခြင်းမရှိ သောသဘော
ဒါကို Non-Existence လို့ဆိုပါတယ်
သူဟာ အနှုတ်ကိန်းကိုမကြောက်သလို
အပေါင်းကိန်းကိုလဲ မိန်းမူးခြင်းမရှိ
ထို့အတူသုညကိုလဲရင်မခုန်
နေ့အချိန်မှာလဲကိုယ်ပျောက်
ညအချိန်မှာလဲမလင်းလက်
အချိန်စီးကြောင်းသည်သူ့အားတိုက်စားနိုင်စွမ်းမရှိ
အမြင့်ကိုမကြောက်သလို
မမြင့်မှာကိုလဲမစိုးရွံ
စစ်ကိုမကြောက်သလို
ငြိမ်းချမ်းရေးကိုတောင်းဆိုခြင်းမရှိ
အချစ်ကိုမချစ်သလို အမုန်းကိုလဲမမုန်း
စင်စစ်Non-Existence ဟာ
Eternityရဲ့တစ်ဦးတည်းသော
သားတော်ဖြစ်တယ်
Chocobo
ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားသောလကို စတုတ္ထအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ
ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားသောလကို
စတုတ္ထအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ
အခန်းဆက်ပုံပြင် အဆုံးသတ်သွားမှာ
စိုးရွံ့ မိတာအပြစ်အလား
မိန်းမောမှုကို တမ်းမက်ရင်
မွန်းကျပ်ခြင်းကိုလဲလက်ခံရလိမ့်မယ်လို့
တဂိုးရဲ့ လိပ်ပြာက ငါ့ကိုပြောတယ်
ပထဝီမှာဆိုတာဘာမှန်းမသိခင်ကတည်းကိုက
မြေကြီးနဲ့အကျွမ်းဝင်ခဲ့တဲ့ကောင်ပါ
ခြေထောက်တစ်ဖက်လပ် ကင်းခြေများက
အခန်းမျက်နှာကျက်ပေါ်ကနေချောင်းကြည့်နေတယ်
ဆန့်ထုတ်လိုက်တဲ့ အတွေးတွေမှာ
အတွန့်အတက်တွေနဲ့
နာရီအိုကြီးရဲ့ ညည်းညူသံဟာ
ငါ့နားစည်ကို ကန့်လန့်ဖြတ် ရိုက်ခတ်လျက်
အနာယဉ်းနေတဲ့ ပုရပိုက်မှာ တခမ်းတနားရေးထိုးထားတဲ့
တမ်းချင်းတစ်ပွင့်အပေါ်
ဆောင်းတစ်ပြိုက်နှစ်ပြိုက် ရွာစပြုစဉ်မှာပဲ
ချိန်ခါမတော် ကိုရွေဖားကို
ဘယ်လှည်းတက်ကြိတ်တယ်မသိ
စူးစူးဝါးဝါးထအော်လေရဲ့
မပြေးသော် ကန်ရာရှိ
ပြေးသော် ခံရာရှိ
ငါမှားပြီလို့သိလိုက်ရချိန်မှာ
အမှန်တရားက
လိုက်မမှီနိုင်တဲ့အကွာအဝေးမှာရောက်နှင့်နေခဲ့ပြီ....
ချိုကိုဘို
ကောင်ကင်မှားပြီးမှောင်တဲ့ည
ကောင်ကင်မှားပြီးမှောင်တဲ့ည
ပျောက်ဆုံးပါက သက်ဆိုင်သူသို့ချက်ချင်းအကြောင်းကြားပါ
ဆိုတဲ့ ကတ်ပြားတစ်ခု ရရှိခဲ့တယ်
ကတ်ပြားကိုကြေးမှုံနဲ့ ရင်ဘတ်မှာအသေစွဲထားလိုက်တယ်
ကတ်ပြားမပျောက်ပဲ သက်ဆိုင်သူပျောက်တဲ့အမှုအတွက်
ဘယ်ကိုအကြောင်းရပါ့မလဲ
ဗမာလိုလဲချမ်းတယ်
မွန်လိုလဲချမ်းတယ်
ဒီလိုနဲ့ခွက်ပုန်းတွေ ဖုံးမနိုင် ဖိမရပေါ်လာတော့တာပါပဲ
ကဇော်သမားလို့သတ်မှတ်မယ်ဆိုလဲ
#ချမ်း ဆိုတဲ့နာမဝိသေသနလေးတော့
ပါအောင်ထည့်ပေးပါ
အမြဲတစေပိတ်ထားတဲ့တံခါးတစ်ချပ်ကလွဲပြီး
အကာအရံမရှိတဲ့ အခန်းလေးရဲ့တံခါးရှေ့မှာ
သော့ပျောက်နေတဲ့အိမ်ရှင်တစ်ယောက်လို
ကောင်းကင်ဘုံရဲ့မလွယ်ပေါက်မှာ
ခေါင်းဝင်ပြီးကိုယ်မဆံ့ဖြစ်နေရသလိုပါပဲ
လူတွေ့အောင်ဖွက်ထားတဲ့
Activity တွေအစွမ်းပြတဲ့နေ့ဟာ
ဆာဒူကြီးရဲ့ ခြတောင်ပို့မျှင်ဝတ်ရုံကို
စကားစိမ်းခေါက်ဆိုးဆေးဆိုးပြီး
ဝတ်ရုံရမဲ့နေ့ပဲလို့
မျှော်လင့်ထားပြီးသားပါ
လေးနက်မှုတွေအကြောင်းပြောရင်
ရင်ဘတ်အောင့်လွန်းလို့
ပေါ့ပေါ့ပါးပါးပဲ ပြောပါရစေ
ငါ့မိုးကုတ်စက်ဝိုင်းမလေးရေ...
မင်းကိုငါ သေလောက်အောင် ချစ်တယ်
ပြီးတော့...
သေလောက်အောင် ရဲ့ ဟိုဘက်ကျော်သွားအောင်
လွမ်းတယ်ဟာ...
ချိုကိုဘို
Featured Post
".'.'.'CHO" ( New Version.FEB 2016 )
".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း နွေတစ်ရာကိုမြုပ်နှံရာ သင်္ချုင်းမြေရဲ့ပရဝုဏ်မှာ နှင်းမြူတို့...
-
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်း ကိုကာကိုလာယဉ်ကျေးမှုနဲ့ ဘယ်တော့မှအသားကျမှမဟုတ်တဲ့ငါ အသားကျဖို့လဲကြိုးစားမှာမဟုတ် အရာရာ၌ရောင်...
-
###ပန်းသီးတစ်လုံး၏အသည်းကွဲနိဒါန်း(ခ)နိဂုံး### နတ်နေကိုင်း, ကြယ်မျက်ရည်(ထီလာ), လက်ယာ, ချိုကိုဘို ပန်းသီးတစ်လုံးကပေးခဲ့တဲ့……… ဒဏ်ရာဒဏ်ချက်ေ...
-
ထိုအချိန် ထိုနေရာ (ဝါ) ကျွန်တော်စောချင်သောသေငယ်ဇော (ဝါ) Infinity သို့တိမ်းညွတ်ခြင်း ကျွီခနဲအပွင့် အနုတ်တွေထွက်သွားတယ...