Saturday, February 20, 2016

ပဋိပက္ခ​တောင်​ပံအခတ်​မှာ ပျက်​ကျသွား​သောလကို စတုတ္ထအကြိမ်​​တွေ့ရှိခိုက်​​ရေး​သောကဗျာ

ပဋိပက္ခ​တောင်​ပံအခတ်​မှာ ပျက်​ကျသွား​သောလကို
စတုတ္ထအကြိမ်​​တွေ့ရှိခိုက်​​ရေး​သောကဗျာ

အခန်းဆက်​ပုံပြင် အဆုံးသတ်​သွားမှာ
စိုးရွံ့ မိတာအပြစ်​အလား
မိန်း​မောမှုကို တမ်းမက်​ရင်
မွန်းကျပ်​ခြင်းကိုလဲလက်​ခံရလိမ့်​မယ်​လို့
တဂိုးရဲ့ လိပ်​ပြာ​က ငါ့ကို​ပြောတယ်

ပထဝီမှာဆိုတာဘာမှန်းမသိခင်​ကတည်းကိုက
မြေကြီးနဲ့အကျွမ်းဝင်​ခဲ့တဲ့​ကောင်​ပါ

ခြေ​ထောက်​တစ်​ဖက်​လပ် ကင်း​ခြေများက
အခန်း​မျက်​နှာကျက်​​ပေါ်က​နေ​ချောင်းကြည့်​​နေတယ်
ဆန့်​ထုတ်​လိုက်​တဲ့ အ​တွေး​တွေမှာ
အတွန့်​အတက်​​တွေနဲ့
နာရီအိုကြီးရဲ့ ညည်းညူသံဟာ
ငါ့နားစည်​ကို ကန့်​လန့်​ဖြတ် ရိုက်​ခတ်​လျက်

အနာယဉ်း​နေတဲ့ ပုရပိုက်​မှာ တခမ်းတနား​ရေးထိုးထားတဲ့
တမ်းချင်းတစ်​ပွင့်​အ​ပေါ်
ဆောင်းတစ်​ပြိုက်​နှစ်​ပြိုက် ရွာစပြုစဉ်​မှာပဲ
ချိန်​ခါမ​တော်​ ကို​ရွေဖားကို
ဘယ်​လှည်းတက်​ကြိတ်​တယ်​မသိ
စူးစူးဝါးဝါးထ​အော်​​လေရဲ့ 
မ​ပြေး​သော်​ ကန်​ရာရှိ
ပြေး​သော်​ ခံရာရှိ

ငါမှားပြီလို့သိလိုက်​ရချိန်​မှာ
အမှန်​တရားက
လိုက်​မမှီနိုင်​တဲ့အကွာအ​ဝေးမှာ​ရောက်​နှင့်​​နေခဲ့ပြီ....

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...