ငါဟဲ့ အမှိုက်
ကျုပ်က
ဠင်းဒလောက်မှ စောက်မနက်တဲ့ကောင်
ဠင်းဒကမှ
ဆရာမင်းသုဝဏ် ရဲ့ ပျဉ်းမငုတ်တိုနဲ့
ခိုင်းနှိုင်းဖို့ထိုက်တန်ပါသေးရဲ့
အစွန်းအထင်းတွေ အလိမ်းလိမ်း
ဒဏ်ရာဒဏ်ချက်တွေပေကျံနေတဲ့
စိတ်စီးကြောင်းတလျောက်
အမှိုက်သရိုက်များသာ
မင်းမူပျွတ်သိပ်ကျပ်ခဲပိတ်ဆို့ 
အဖိုးထိုက်အဖိုးတန် ဆိုတဲ့စကား
့လားလားမှ မလား တဲ့ဘဝ
ဆူလွယ်နပ်လွယ် သိုးလွယ်သုဉ်းလွယ်
အဲဒီလိုနဲ့ကျွန်တော်ရဲ့ဖြစ်တည်မှုဟာ
စံပြုစရာ
ဘောင်အားလုံးရဲ့အပြင်ဘက်မှာ
ဝပ်ကာတွားကာသာ
Chocobo
No comments:
Post a Comment