Tuesday, February 16, 2016

ကောင်းကင်​မှားပြီးပွင့်​တဲ့ လ

ကောင်းကင်​မှားပြီးပွင့်​တဲ့ လ

Oတ်​လစ်​စလစ်​ သန်း​​ခေါင်ယံ ဟာ
အိပ်မက်ထဲအထိ ​​ဖေါက်​ထွင်းဝင်​​ရောက်လာ​တာ
အိမ်မလုံခြင်းက အဓိကအေ​ကြာင်းရင်းပဲ

ခုခံအားကျဆင်းတယ်​ဆိုတာထက်
မခုခံခဲ့မိဘူးဆိုတာကပိုမှန်​လိမ့်​မယ်

တစ်​ခါကတရှိုက်​မက်​မက်
နမ်းခဲ့ဖူးတဲ့ တက်တူကို လွမ်းတယ်
တစ်ခါက​​​​​ ရီ​ဝေမိန်းေ​မာခဲ့ဖူးတဲ့
Friday Night ကိုလွမ်းတယ်
၁၃.၅ ဆိုတဲ့ ဂဏန်းဟာ
ငါ့အတွက်
ကံ​မ​​ကောင်းခြင်း​တွေသာသယ်​​ဆောင်လာခဲ့

လမင်းရဲ့အလင်း​ကို
ကြွက်​ကိုက်​ခံရပြီးတဲ့​နောက်
စုန်းမီး​တောက်​​တွေက ပြဿဒ်​ဦးမှာကကြတယ်

#မီးခိုး​ခေါင်းတိုင်​ထဲဇောက်​ထိုးပြုတ်​ကျကိန်း# ဆိုတာကို
မဟာဘုတ်​ မှာထပ်​​ပေါင်းဖို့ လိုပြီ

ကျွန်​​တော့်​အား
ပြောင်းပြန်​လည်​တဲ့နာရီတစ်​လုံးကိုသာ​ပေးပါ
ချမ်းသာသမျှကဗျာ အကုန်​​ပေးပါ့မယ်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...