Saturday, February 20, 2016

Fall သို့မဟုတ်​ ရွက်​​ကြွေရာသီသို့ တိမ်းညွတ်​ခြင်း

Fall သို့မဟုတ်​ ရွက်​​ကြွေရာသီသို့ တိမ်းညွတ်​ခြင်း

အသက်​နဲ့တိုင်းပြီးယက်​ထားတဲ့ ခံစားချက်​​တွေက
လူရာမဝင်​ရင်​သာ​နေရမယ်
ဖိစီးချက်​က​တော့
လူ​တစ်​​ယောက်​စာ​တော့
ကောင်း​ကောင်းအမှုန်​​ချေဖို့လုံ​လောက်​တယ်
ဒီအမှုမှာအဓိကတရားခံက ဆွဲချကြီးဖြစ်​​ကြောင်း
ရုံး​ပေါ်က အိမ်​​မြှောင်​ကအစသိတယ်

လမ်​​ဘေးပလက်​​ဖောင်းလို့​ပြော​လဲစိတ်​မဆိုးပါ
ဒါကျုပ်​ရဲ့​​နေရာမှန်​ပဲ​လေ
ကိုယ်​​နေရာ​လေးနဲ့ကိုယ်​ ​ပျော်​​မွေ့ရတာ
ကဗျာတစ်​ပုဒ်​ကို
ဌ္ဋာန်​ကရိုဏ်း​ကျကျ နားဆင်​ရသလိုပါပဲ
ကိုယ့်​အထွာနဲ့ကိုယ်​ ကျဉ်း​မြောင်းရတာ
ဘယ်​သူဘာ​ပြော​ပြော
ချောင်​​ချောင်​လည်​လည်​​တော့ရှိသား
ကိုယ်​က လူ​ကောင်​ခပ်​​သေး​သေးပဲဆို​တော့​လေ...

ဆပ်​သွားဖူးအနံ့​​တွေဖိတ်​စင်​ကျ​နေတဲ့
ပလက်​​ဖောင်းကုန်းပတ်​​ပေါ်
တံလျပ်​​တွေ နယ်​​ကျော်​​ရောက်​လာတာ​တော့ရှိတာ​ပေါ့
ပြောပြချင်​တာ
အဲဒီသက်​တန်​ရဲ့ ​ရေ​သောက်​မြစ်​ဟာ​ငရဲပွက်​အိုင်​မှာ
မြစ်​ဖျားခံခဲ့တယ်​ဆိုတာပါ

ဇိုးခနဲ ဇာတ်​ခနဲပဲ ​ကြွေ​ကြွေ
ကဗျာဆန်​ဆန်​ လှတပတ ဝဲပျံပြီးပဲ​ကြွေ​ကြွေ
မြေခတာက ခတာပါပဲ

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...