Friday, February 5, 2016

ကောင်းကင်​မှားပြီးပွင့်​တဲ့​နေ

ကောင်းကင်​မှားပြီးပွင့်​တဲ့​နေ

လွန်​ခဲ့​သောညက ညဟာလွန်​သွားခဲ့ရတယ်

ဆန်းသစ်​စ​နေဝန်းမှာ
မျက်ရည်ေ​လာင်​စာများဖြင့်
တငြီးငြီး​တောက်​​လောင်​​နေ​သော်​ငြား
အဖူးဘဝမှာတင်​ နွမ်း​ကြေသွားတဲ့
မပျိုမီက အိုနှင့်​​နေတဲ့
ဒယိမ်းဒယိုင်နံနက်​ခင်းတစ်​ခုကြောင့်
ယ​နေ့ မနက်​နေမသာပါ

သောက်​​နေကျ​ကော်​ဖီဟာလည်း
ခါတိုင်းထက်​ပိုပြီးခါးလွန်း​နေခဲ့တယ်

ဲ့စက္ကန့်​​တွေတွန့်​ကျေလျက်
နံရံ​ပေါ်ကနာရီအိုကြီးရဲ့ 
တဂျောက်​​ဂျောက် ငိုသံဟာ
တ​ဖြောက်​​ဖြောက်​မိုးသံနှင့်​​ပေါင်းစည်းကာ
ငါ့ကို​လှောင်​​ပြောင်​ညီးညူကြ

အိမ်​​ရှေ့ပိေ​တာက်ပင်​​ပေါ်က ငှက်ကေ​လး​တွေ​တောင်
အခုထိအိပ်တန်းမထကြ​​သေး
နံနက်​​တေးချိုချိုမဆိုကြ​​သေး

ကြက်​​ခြေခတ်​​တွေလဲ
သဲကြီးမဲကြီး ရွာ​နေမှ​တော့
မြင်သမျှ သည် သတ်ပုံ​​မှားယွင်း​​လျက်
ကြားသမျှသည်​ သံစဉ်​မှားယွင်းလျက်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...