Friday, February 5, 2016

The Universe သို့တိမ်းညွတ်​ခြင်း

The Universe သို့တိမ်းညွတ်​ခြင်း

စကြာဝဠာတစ်​ခု ဘယ်​​လောက်​ကျယ်​ကျယ်
သူ့မှာအစမှတ်​နဲ့အဆုံးမှတ်​​တော့ရှိတာပဲ

သူရဲ့အကျဉ်းအကျယ်​ဟာလဲ ကိန်းသေတစ်​ခု​တော့မဟုတ်
ရှုမြင်​သူအေ​ပြီးအမြဲ​ပြောင်းလဲ​နေတယ်
သူရဲ့အတိမ်​အနက်​ဟာ ခင်​ဗျားလက်​တံရှည်​သ​လောက်​​တော့ရှိတယ်
သူရဲ့သက်​တမ်းကလဲ
ခင်​ဗျားတို့ကျွန်​​တော်​တို့သက်​တမ်း​လောက်​ပါပဲ

သူဟာ ​မော်​​တော်​ကားတစ်​စီးလို
အတွင်းပိုင်း​​ပေါက်​ကွဲမှုများနဲ့ လည်​ပတ်​​နေတယ်
ဒါဟာသူရဲ့မဟာအမှားကြီးပဲ
ဒီအမှားကပဲသူ့ကို အဆုံးစီရင်​ပါလိမ့်​မယ်

ဒီ​နေရာမှာကျွန်​​တော်​အဓိက​ပြောလိုတာက
ခင်​ဗျားလည်းစကြာဝဠာ ကျွန်​​တော်​လည်းစကြာဝဠာ
တနည်း ကျွန်​​တော်တို့​ဟာ မဟာစကြာဝဠာကြီးထဲက
စကြာဝဠာ​လေးများနဲ့ ဖွဲစည်းထားတဲ့
စကြာဝဠာများဖြစ်​တယ်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...