ကဗျာဆရာ Keyboard ပျောက်ခြင်း
ခါးကြားညှပ်ထားတဲ့ phoneကိုဆွဲထုတ်
ever note app ကိုဖွင့်
ကဗျာတစ်ပုဒ်ရေးမယ်ကြံတော့
စာရိုက်စရာ keyboard ပျောက်နေခဲ့တယ်
စကားလုံးတွေရဲ့လှောင်ရယ်သံဟာ
ငါ့ကိုအတောမသပ်တိုက်ခိုက်နေကြ
စံထားစရာ ပုံသေနည်း နှစ်ခုဟာ
ငါ့မျက်နှာကိုမှမထောက်ညှာ
အချင်းချင်းသဘောထားကွဲလို့
ငြီးစိစိအတွေးအိမ်ထဲတစစီပြန့်ကျဲနေတဲ့
ဝါကျတွေဟာ
အိမ်အပြန်လမ်းရှာမတွေ့တဲ့ကလေးငယ်ပမာ
ငိုကြွေးမြည်တမ်းနေကြရ
အနှစ်သားမပါတဲ့ဖွဲ့ထုံးတွေကို
ဂရုပြုရင်းနဲ့
သင်းကွပ်ခံလိုက်ရတဲ့စိတ်ကူးတွေ
မနဲတော့ပါ
တကယ်တော့ကဗျာဆိုတာ
ကဗျာရေးသူရဲ့
DNA အတိုင်း အတိအကျဖွဲ့စည်းထားတဲ့
ဝမ်းမလွယ်သား
Chocobo
No comments:
Post a Comment