The Moon သို့တိမ်းညွတ်ခြင်း
နေ့ခင်းကြောင်တောင်သာတဲ့လကို
ဘယ်သူကများအရေးလုပ်ဖူးပါသလဲ
မိုးမှောင်တဲ့ညတွေမှာ
ထွက်မပြူအားတဲ့ဖိုးရွှေလကို
ကိုယ်ချင်းစာနာစိတ်နဲ့ မေတ္တာပို့သူ
ဘယ်လောက်ရှိလဲ
တချို့ဆို ပျောက်ရကောင်းလား
အပြစ်ဆိုလိုက်သေး
တချို့ဆို ကိုယ်ပိုင်အလင်းရောင်မရှိရကောင်းလား
ကဲ့ရဲ့လိုက်သေး
အဲဒီထဲမှာခင်ဗျားတော့မပါလောက်ဘူးလို့
ယုံကြည်ပါရစေ
ကျွန်တော်တစ်ခုမေးချင်တယ်
ရိုးရိုးသားသားဖြေပေးပါ
ခင်ဗျားတို့လကိုချစ်တယ်ဆိုတာ
ဘာကိုချစ်တာလဲ
သူ့အတွက်တခါတလေများ
ထည့်တွက်ဖူးပါသလား
သူမှအဆင်ပြေရဲ့လားလို့
တွေးတောပူပန်ဖူးပါသလား
သူမရှိရင်တမ်းတတယ်ဆိုတာ
သ့ူ့အတွက်လား
ခင်ဗျားအတွက်လား
သူရင်ဘတ်ထဲတစ်ခေါက်လောက်
ဝင်ကြည့်ဖူးတဲ့သူဆို
သူကလဲခင်ဗျားနာမည်ကို
တက်တူးထိုးဖို့ဝန်မလေးပါဘူးတဲ့
Chocbo
No comments:
Post a Comment