လွတ်လပ်ခြင်း၌ ခမ်းနားခဲ့ဖူးပြီးသည့်နောက်
အစအလယ်အဆုံး
မြေကြီးနဲ့ တခမ်းတနား
တည်ဆောက်ထားတဲ့
ဘဝတစ်ခု
ဝေဟင်၌နေရာယူရန် စိတ်မဝင်စား
ပြုတ်ကျမှာကြောက်၍လဲမဟုတ်
အမြင့်ကြောက်၍လဲမဟုတ်
လူတိုးရမှာကြောက်လို့သာပါ
တန်းခိုးအာဏာသည်
မနှစ်မြို့စရာကောင်းလောက်အောင်
မက်မောဖွယ် ရှိသနှင့်
သူ့ရဲ့ဆွဲဆောင်မှုကို
မမြင်ချင်ယောင်ဆောင်ဖို့အခက်သား
မျက်လုံးကမမြင်တောင်
့အတ္တကဒီနေရာကျမျက်စိအတော်စူးသကိုး
အဝေးသို့ပျံသန်းရန်
တောင်ပံတစ်စုံ မပေးပါနှင့်
ပျံသန်းလိုစိတ်ကိုသာပေးပါ
Chocobo
No comments:
Post a Comment