The Sky သို့ တိမ်းညွတ်ခြင်း
ကောင်းကင်ဆိုတာ
ဂြိုဟ်, ကြယ်တာရာအစရှိတဲ့
မြေကြီးအလုံးတွေ တနံတလျား ပြန့်ကျဲနေတဲ့အရာကိုခေါ်တယ်
ကျွန်တော်တို့်က သောကြာဂြိုဟ်ရှိတဲ့ကောင်းကင်ကိုမြင်ရဖို့
ခေါင်းတမော့မော့လုပ်နေသလို
သောကြာဂြိုဟ်သားတွေကလဲ
ကမ္ဘာဂြိုဟ်ရှိရာ ကောင်းကင်ကိုမော့ကြည့်နေကြလိမ့်မယ်
ကျွန်တော်ပြောချင်တာက
ကျွန်တော်တို့ဟာလဲ ကောင်းကင်ပေါ်မှာနေကြတယ်ဆိုတာပဲ
တဖန်ဂြိုဟ်ကြီးဘယ်နှစ်လုံးဆိုတာတွေကလဲ
ကောင်းကင်ထဲက မြေမှုန်မြေမွှားလေးတွေပါ
ဒါကြောင့်
သိမ်ငယ်စိတ်ဝင်လာရင်
မိမိရဲ့ကောင်းကင်နိုင်ငံသားအဖြစ်ကိုသတိရပါ
မာန်ကြွစိတ်ပေါ်လာရင်
မြေမှုန်မြေမွှားလေးမှာ
အဖီဆွယ်နေရတဲ့အဖြစ်ကိုသတိရပါ
Chocobo
No comments:
Post a Comment