Wednesday, February 17, 2016

Now & Here သို့တိမ်းညွတ်​ခြင်း

Now & Here သို့တိမ်းညွတ်​ခြင်း

တစ်​စုံတစ်​ခုကိုစတင်​ဖို့
အသင့်​​တော်​ဆုံးအချိန်​နဲ့​နေရာဟာ
Now & here ဖြစ်​တယ်

Now သည်​စ​ရွေးကိုက်​အချိန်ဖြစ်ပြီး
Here သည်​ချိန်​ကျမျဉ်းကျ​နေရာဖြစ်​တယ်
Now သည် မင်္ဂလာအခါဖြစ်​ပြီး
Here သည်​ ​အောင်​​မြေဖြစ်​တယ်

`Now & here´ နဲ့ ပျင်း​​ရိခြင်းတို့ဟာ
အပြန်​အလှန်​ block ထားကြတယ်
`Now & here´ မှာ
အခါအခွင့်​​စောင့်​ဆိုင်းခြင်းဆိုတာမရှိ
`Now & here´ ကိုယ်​တိုင်​သည်​ပင်​လျင်​​ အခါအခွင့်​ဖြစ်​တယ်

ကျွန်​​တော်​တို့ဘာကို​စောင့်​​နေတာလဲ
ကျန်​​တော်​တို့​စောင့်​​နေတဲ့အရာက
ကျွန်​​တော်​တို့အိပ်​ကပ်​ထဲက​နေ
ကျွန်​​တော်​တို့ကို​စောင့်​​နေတာ
ဘယ်​​လောက်​ကြာပြီလဲ သတိထားမိရဲ့လား

ဆင်​​ခြေဆင်​လက်​​တွေ ကွယ်​​နေတာဖယ်​ရှားပြီး
''အခု'' ပဲ ''ဒီ​နေရာ'' က​နေစလိုက်​ရ​အောင်​ပါ
ကမ္ဘာကြီးကအား​ပေးဖို့ကိုစိတ်​အားထက်​သန်​​နေပြီ

သူငယ်​ချင်းတို့
အင်္ကျီလက်ေ​လး​ခေါက်​တင်​ပြီး
ပြည်​ဖုံးကားကို အပြီးဖြုတ်​သိမ်းလိုက်​ကြစို့ရဲ့

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...