Tuesday, February 9, 2016

ကျွန်​​တော်​နှင့်​လှန်​ကိန်းဆိုင်​ရာနှစ်​ကာလများ

ကျွန်​​တော်​နှင့်​လှန်​ကိန်းဆိုင်​ရာနှစ်​ကာလများ

ဖန်​မီးအိမ်​တစ်​လုံးလက်​မှာဆွဲ
နှစ်​ကာလများကိုသတိရှိရှိ
တခဏချင်းတခဏချင်း
ဖြတ်​သန်းရင်း
အရွယ်​​ရောက်​လုဖြစ်​ခဲ့
အတတ်​ဆန်းပြီး​မှော်​တုတ်​တံတစ်​​ချောင်း
စွဲကိုင်​မိတဲ့အချိန်​အထိ​ပေါ့

ဟုက်​ကဲ့
အဲဒီက​နေစခဲ့တာပါ
ဘာမှန်းမသိလိုက်​ခင်​မှာ
ကာလများရဲ့ဖြတ်​သန်းခြင်းခံလိုက်​ရပါတယ်
သတိရလို့ကြည်​လိုက်​​​တော့
ကျွန်​​တော်​က​လေးဘဝ ​ရောက်ေ​နခဲ့ပြီ
ဖျော်​လက်​စလ္ဘက်​ရည်​တစ်​ခွက်​မိုး​ပေါ်ကကျလာတယ်
ကျွန်​​တော်​ချက်​ချင်းပဲ
အငမ်း​မရ​​မော့လိုက်​မိတယ်
လ္ဘက်​ရည်​ခမျှာရှုံ့မဲ့သွားရှာတယ်
ပေတစ်​ရာမှာဦးတည်​ချက်​မသိ​လျောက်​သွား​နေရင်း
ဓာတ်​မီးတိုင်​တစ်​တိုင်​နဲ့မျက်​နှာချင်းဆိုင်​ဝင်​တိုက်​မိတယ်
သူဆဲသွားတယ်​ကျွန်​​တော်​ကို
"​ဟေ့​ကောင်​မင်းကန်း​နေလား"..တဲ့
ကျွန်​​တော်​စိတ်​ထဲကပဲပြန်​​ပြောလိုက်​တယ်
"မင်းမြင်​ဖို့​နေ​နေသာသာ
ငါ့ကိုယ်​ငါ့​တောင်​မမြင်​ဘူး"

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...