Thursday, February 4, 2016

ပဋိပက္ခတောင်ပံကျိုးသံကြောင့် လငပုပ်ဖမ်းစဉ် ရေးသောကဗျာ

ပဋိပက္ခတောင်ပံကျိုးသံကြောင့် လငပုပ်ဖမ်းစဉ် ရေးသောကဗျာ

မှော်အောင်ထားတဲ့နှုတ်ခမ်းတစ်စုံထံမှာ
တစ်ဘဝစာ သေခဲ့ရတယ်
တစ်စစီ အငွေပျံသွားတဲ့
သက်တန် တစ်ခုဟာ
တစ်နေရာရာမှာ သွားပြီးစုစည်းမိနိုင်ကောင်းရဲ့

ခဲသတ္တုရဲ့ အရည်ပျော်မှတ်ကို
ဂျိုင်းကြားညှပ်ထားရမလား
ခါးကြားထိုးထားရမလား
ဝေခွဲမရ
ဘယ်ဘက်အကျီအိပ်ကပ်ထဲ
ထည့်သိမ်ထားလိုက်တယ်

ကြမ်းပေါက်ကျွံပြီးရောက်လာတဲ့
ဝိုင်နီတစ်ပုလင်းဟာ
လာကတည်းက အဖုံးပါမလာခဲ့ဘူး
တံဆိပ်မှာလည်း ငါနားမလည်တဲ့
ဘာသာစကားနဲ့ ကဗျည်းထိုးထားသေးတယ်

ရောက်လာပြီဆို
ညာသံပေးလေ့လည်းရှိသေးတယ်
ဟုတ်ကဲ့
တကယ့်ကို ညာတဲ့အသံပါ

ပြောရမယ်ဆို
ပြောခဲ့သလိုပါပဲ
အသစ်အသစ်ကို တမ်းမက်တတ်ခြင်းဟာ
ဘာနဲ့တိုက်ရိုက်အချိုးကျပါသလဲ

အပြောင်းအလဲကို
ပြောင်းလွဲလို့ရမယ့်နည်းလမ်းရှိရင်
ကျွန်တော့်ထံလွှဲပြောင်းပေးကြပါ

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...