မိုးကုတ်စက်ဝိုင်းသို့ ၂
ငါ့မှာလဲချစ်ရမဲ့သူရှိပြီဆို
မင်းဘာပြောမလဲ
သူ timeline ထဲ တစ်ရက်အခေါက်ပေါင်းမြောက်များစွာ
ငါသွားသွားကြည့်တယ်ဆို
မင်းဘာပြောမလဲ
သူလေးနဲ့အပြန်အလှန်ပို့ထားတဲ့ မက်ဆေ့ခ်ျတွေကို
SS ရိုက်ပြီး အယ်လ်ဘမ်လိုက် only me နဲ့သိမ်းတယ်ဆို
မင်းဘာပြောမလဲ
ဟုတ်တယ် ..
ငါမှာရှိနေပြီ
"စကားလုံးတွေရဲ့ပြုစားမှုကို ခံလိုက်ရပြီ
ချိုကို့ကို အရမ်းချစ်တယ် လို့ 
အကျယ်ကြီးအော်ပစ်လိုက်ချင်တယ်"
တခါကအဲဒီလိုပြောခဲ့ပြီး
အခုနေမတော့ ငါ့ကိုမုန်းတယ်လို့
ဆိုလာသူတစ်ယောက်ပေါ့
ချိုကို
No comments:
Post a Comment