ပေါက်ကရ ၅၅
ကိုယ်မချစ်တော့မှာစိုးလို့
အရာရာကိုယ်သဘောပါဆိုတဲ့
ကောင်မလေးရေ
ကိုယ်သဘောကို တစ်လုံးတည်းပြောရရင်
မင်းသဘောပါပဲလို့
ကိုယ်စိတ်မပျက်ရင်ပြီးရော
အောက်ကျခံပြီးချစ်မယ်ဆိုတဲ့မင်းအပြောကြောင့်
ကိုယ်ဒူးမခိုင်တော့ဘူးကောင်မလေးရေ
မင်းရှေ့မှာ ဒူးထောက်မိရက်သားဖြစ်နေပြီလေ
ကိုယ်ငြီးငွေ့သွားမှာစိုးတယ်ဆိုတဲ့
မြားတစ်ချက်နဲ့တင်
မင်းငြီးငွေ့ သွားမှာ
ကိုယ့်မှာစိုးရိမ်နေရပြီလေ
ချိုကိုဘို
No comments:
Post a Comment