Monday, February 15, 2016

မိုးကုတ်​စက်​ဝိုင်းသို့ ၁

မိုးကုတ်​စက်​ဝိုင်းသို့ ၁

22 ရာစုရဲ့
လက်​ဝဲဘက်​နံရံမှာ ချိတ်​ဆွဲမဲ့
ပန်​ချီကားတစ်​ချပ်​ဟာ မင်းဖြစ်​တယ်

ကင်းမြီး​ကောက်​မှာစွပ်​မဲ့ကျည်​​ထောက်​ရှာရင်း
လမွန်းတည့်​သွားတဲ့ ပိုးမူးကြူးးဟာ ငါဖြစ်​တယ်

ထောင့်​မကျိုးတဲ့​ထောင့်​က​လေးမှာ ​နေတဲ့​ကောင်မို့
ငါဟာ
နဲနဲ​တော့ ​ဖြောင့်​တယ်

ကွက်​လပ်​ဖြည့်​ပါ ဆိုလို့ကြည့်​လိုက်​​တော့
ကွက်​လပ်​​တွေနဲ့ပြည့်​​နေပြီးသား 

ငါ့အတွက်​အချစ်​ဆိုတာ
လင့်​ခ်​​သေ​နေတဲ့
စာမျက်​နှာတစ်​ခု​ပေါ့
ငါ့မိုးကုတ်​စက်​ဝိုင်း​ရေ

ချိုကို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...