Thursday, February 11, 2016

Eternity သို့ တိမ်းညွတ်​ခြင်း

Eternity သို့ တိမ်းညွတ်​ခြင်း

လူ့ဘဝရဲ့အနှစ်​သာရဟာ
ထာဝရဖြစ်တည်မှု´​​ကိုရှာ​ဖွေရန်ဖြစ်ပါတယ်
ဒီရည်​ရွယ်ချက်နဲ့​​​​​ ကမ္ဘာမှာ
ဘာသာတရား​​တွေ​ပေါ်​ပေါက်လာရတယ်
Philosopher ဆိုတဲ့သူ​​တွေအလုပ်ရကြတယ်
တနည်း အရှုပ်​​တွေလုပ်​ပြီး အလုပ်​ရှုပ်​ကြတယ်

ဖြစ်​တည်​မှုမှန်​သမျှမှာ ထာဝရဆိုတာမရှိ
ထာဝရဖြစ်​တည်​မှုကိုရှာ​ဖွေခြင်းဟာ
မရှိတဲ့အရာကိုရှာ​ဖွေခြင်းဖြစ်​တယ်
ဒီလိုနဲ့​ရေလိုက်​လွဲခဲ့တာကို
လူ့သမိုင်းကမှတ်​တမ်းပြုပြီးသား
ဖြစ်​တည်​မှုနဲ့ထာဝရတရားဟာ
တကယ်​​တော့ပြဒါးတစ်​လမ်းသံတစ်​လမ်း
တကယ့်​ထာဝရတရား `Eternity´ ကို
မဖြစ်​တည်​ခြင်း၌သာရှာ​ဖွေရမှာဖြစ်​တယ

အဲဒီမဖြစ်​တည်​ခြင်းရဲ့
တစ်​ခုတည်း​သော​နေရာသည်
`Nowhere´ ဖြစ်​တယ်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...