Monday, February 22, 2016

စိတ်စေရာ

စိတ်စေရာ

တစ်စက္ကန့်အတွင်း
ကိုယ့်မျက်စိရှေ့ ဖြတ်သန်းသွားတဲ့အလင်းမှုန်
အရေအတွက်ဘယ်လောက်ရှိမလဲ စိတ်မဝင်စားဘူး

တစ်စက္ကန့်အတွင်း ကမ္ဘာ့ဘဏ်ကို
ဖြတ်သန်းစီးဆင်းသွားတဲ့ ကိန်းဂဏန်းပမာဏဘယ်လောက်ရှိမလဲ
စိတ်မဝင်စားဘူး

တစ်စက္ကန့်အတွင်း animal မျိုးစိတ်သစ်တွေ
ဘယ်လောက်ပေါ်လာတယ်
ဘယ်လောက်ပျောက်သွားတယ်
ခုချိန်မှာစိတ်ဝင်မစားနိုင်သေးဘူး

မင်းနဲ့ကိုယ့်ကြားထဲ စိတ်ကိုရွက်လွှင့်ရင်
ဘယ်လောက်ကြာနိုင်မလဲကိုပဲ
လောလောဆယ်စိတ်စောနေမိတယ်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...