Tuesday, February 9, 2016

ရာသီမှားခြင်းရဲ့ တရားခံ

ရာသီမှားခြင်းရဲ့ တရားခံ

#ပြိဿ       ဆိုတဲ့ရာသီခွင်​ဟာ
ငါ့ကြောင့်​ပဲနာမည်​ဆိုးနဲ့
ကျော်​ကျားရကိန်း​ဆိုက်​​နေပြီ

တကယ်​ဆို
အလုံးစုံ​သော ရာသီ နက္ခတ်​တွေနဲ့လွတ်​ကင်းပြီး
မွေဖွားလာဖို့သင့်​တာပါ

ကောင်း​နေတဲ့ကံ​တွေ​တောင်
ငါနဲ့​တွေ့မှ အပမှီပြီး
လူဆိုးစာရင်းဝင်​ကုန်​ကြတာမနည်း​တော့

မိုးလုံပြည့်​ ဓူဝံကြယ်​​တွေ ထွန်း​လင်း​ပေးရင်​​တောင်
အရပ်​မျက်​နှာ ​ပျောက်​​နေအုံးမဲ့
မှုန်​​ဝေခြင်း​တွေသာ
ငါရဲ့ ငါရဲ့တခုတည်းသော အလင်းအရင်းအမြစ်

ငရဲပြည်​ရဲ့ အလိုရှိဆုံးစာရင်းထဲမှာ
ငါ့နာမည် ထိပ်​ဆုံးကပါ​နေတာ
မနာလိုလဲသူတ​ယောက်​မှမရှိ

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...