Tuesday, February 2, 2016

အိပ်​တန်း​ပျောက်​ငှက်​ငယ်​များသို့ ၎


အိပ်​တန်း​ပျောက်​ငှက်​ငယ်​များသို့ ၎

ကျောရိုး​ပျော့သတ္တဝါတစ်​ဦးအ​နေနဲ့
ခါးကလဲအလိုလိုညွတ်​ပြီးသား
ဒါ​ပေမယ့်​ နိုင်​လွန်​ကြိုးတစ်​​ချောင်းရဲ့
ညွတ်​​ပျောင်းမှုမျိုးနဲ့ပါ

အနှံ​ချွေပြီးသား ​ကောက်​ရိုးတစ်​စအ​နေနဲ့
ကျီသွင်းထားရ​လောက်​​အောင်​​တော့
တန်​ဖိုးမရှိပါ
ဒါ​​ပေမယ့်​ကောက်​ရိုးမီးကလဲ
တရွာလုံးပြာကျ​စေနိုင်​တာပဲ

အဆီပြန်​​နေတဲ့မျက်​နှာ​တွေဟာ
အခု​ခေါတ်​ ​ကုန်​စည်​ပြပွဲ​တိုင်းမှာမပါမပြီး
ဘုံသရုပ်​ပြကွက်​​တွေ​ပေါ့

ဲအကွက်​ဆန်းဆင်​ရက်​ပြီး
အ​ရောင်​လှလှဆိုး ပါကင်​လှလှထဲထည့်​လိုက်​ရင်
ကျူထရံ​တောင်
Wal-Mart မှာ​ဈေးကွက်​ဝင်​နိုင်​တာပ

ဝမ်းတစ်​လုံးမ​ကောင်း​ ခေါင်းခဲ
နှလုံးတစ်​ခုမ​ကောင်း တစ်​ကိုယ်​လုံးခဲ

ကြည်​လင်​ခြင်း မူလသ​ဘောရှိတဲ့ စိတ်​ကို
အ​ရောင်​အမျိုးမျိုးခြယ်​သတာ
အလှဆင်​ခြင်းလို့
ထင်​မှတ်​မှား​နေခဲ့ကြ

#ပြင်​ပ #ဆင်​ယင်​မှု ကို #အပြင်​အဆင်​ လို့​ခေါ်တာ
ကျွန်​​တော်​တို့အားလုံး
မသိတာ​လဲမဟုတ်
မသိ​ချင်​​ယောင်​​ဆောင်​တာလား??
မသိချင်​တာလား??

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...