Thursday, February 4, 2016

Ñowhere သို့တိမ်းညွတ်​ခြင်း

Ñowhere သို့တိမ်းညွတ်​ခြင်း

ထို​နေရာ၌---
ရိုးစင်းခြင်းဟူ၍မရှိပါ
ထို့အတူ ဆန်းပြားခြင်းသည်​လည်းမရှိ
ရိုးသားခြင်းဟူ၍မရှိပါ
ထို့အတူစဉ်းလဲခြင်းသည်​လဲမရှိ

ကြွယ်​ဝမှုဟူ၍မရှိပါ
ထို့အတူချို့ငဲ့ခြင်းသည်​လဲမရှိ
ကတိသစ္စာဟူ၍မရှိပါ
ထို့အတူသစ္စာ​ဖောက်​ဖျက်​ခြင်းဟူ၍လဲမရှိ

ဖန်​တီးခြင်းမရှိသလို​ဖျောက်​ဖျက်​ဖျက်​ဆီးခြင်း​မရှိ
ငြိမ်းချမ်း​ရေးမရှိသလိုစစ်​ပွဲများသည်​လဲမရှိ
မွှေးပျံ့ခြင်းမရှိသလိုနံ​စော်​ခြင်းသည်​လဲမရှိ
သာယာခြင်းမရှိသလို ငြီး​ငွေ့ဖွယ်​သည်​လဲမရှိ
တက်​ကြွလန်းဆန်းခြင်းမရှိသလို
ပင်​ပန်​နွမ်းနယ်​မှုလဲမရှိ

အ​ပေါင်းကိန်းမရှိ
အနှုတ်​ကိန်း​မရှိ
ထို့အတူ သုညသည်​ပင်​မရှိ

အလျားမရှိ
အနံမရှိ
ထို့အတူအမြင့်​သည်​လဲမရှိ

အချစ်​မရှိ
အလွမ်းမရှိ
ထို့အတူအမုန်းမရှိ

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...