Thursday, February 4, 2016

ပေါက်​ကရ ၅၆

ပေါက်​ကရ ၅၆

ချစ်သောကောင်မလေးရေ
ကိုယ်ဟာ
ပန်းတစ်ပွင့်ရဲ့အလှကိုမြတ်နိုးသလို ဘဝကိုလည်းစာနာတတ်ပါတယ်

ကိုယ်ဟာ
အမြတ်တနိုးဆွတ်ယူပန်ဆင်သူပါ
ခူးချွေသူမဟုတ်ကြောင်း
ဗီးနပ်စ် နဲ့ အဒေါ့နစ္စ ကို
တိုင်တည်ပြောရဲပါတယ်

လန်းသည်ဖြစ်စေ နွမ်းသည်ဖြစ်စေ
တစ်ပွင့်တည်းသောပန်းကိုသာ
ဘယ်ဘက်ရင်အုံမှာ
ထာဝရ နေရာပေးထားမှာပါ
ဒီပန်းရဲ့ရနံ့ ကို ခံစားချင်ရင်တော့....
.................... ....... .... ....

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...