Monday, February 22, 2016

ပေါက်​ကရ ၆၅

ပေါက်​ကရ ၆၅

မင်္ဂလာပါကောင်မလေး
တိုင်းရေးပြည်ရာတွေကလဲ
သိပ်မကောင်းဘူး
မင်းပတ်ဝန်းကျင်ကိုစောင့်ရှောက်ပါ
အဲသလိုစောင့်ရှောက်နိုင်ဖို့
မင်းကိုယ်ကိုလဲစောင့်ရှောက်ပါ
အထူးသဖြင့် keep your soul safe

ဘာပဲဖြစ်ဖြစ်
အရင်လိုစိတ်လိုက်မာန်ပါမလုပ်ပါနဲ့
ငါမင်းကိုစိတ်ချပါရစေ
စိတ်ပူရအောင်မလုပ်နဲ့
ဒါပေမယ့် စိတ်တော့ပူပါရစေ

ချိုကိုဘို

ဝေဒနာမှ ထွက်ပေါ်လာသောစေတနာ

ဝေဒနာမှ ထွက်ပေါ်လာသောစေတနာ

မနက်ခင်းအကြွေတွေ
နှမြောတသစွာ
လိုက်ကောက်ရင်းနဲ့ပဲ
ညနေခင်းတွေနဲ့
လွဲခဲ့ပေါင်းလဲများလှပေါ့

မနက်ခင်းတစ်ခု မကြွေပေးရပဲ
ညနေခင်းတစ်ခု
ပွင့်လန်းလို့ရမယ့် နည်းလမ်းရှိရင်
ချမ်းသာသမျှကဗျာတွေ
အကုန်ပုံအောပြီး
လဲလိုက်ချင်မိတယ်

Chocobo

စိတ်စေရာ

စိတ်စေရာ

တစ်စက္ကန့်အတွင်း
ကိုယ့်မျက်စိရှေ့ ဖြတ်သန်းသွားတဲ့အလင်းမှုန်
အရေအတွက်ဘယ်လောက်ရှိမလဲ စိတ်မဝင်စားဘူး

တစ်စက္ကန့်အတွင်း ကမ္ဘာ့ဘဏ်ကို
ဖြတ်သန်းစီးဆင်းသွားတဲ့ ကိန်းဂဏန်းပမာဏဘယ်လောက်ရှိမလဲ
စိတ်မဝင်စားဘူး

တစ်စက္ကန့်အတွင်း animal မျိုးစိတ်သစ်တွေ
ဘယ်လောက်ပေါ်လာတယ်
ဘယ်လောက်ပျောက်သွားတယ်
ခုချိန်မှာစိတ်ဝင်မစားနိုင်သေးဘူး

မင်းနဲ့ကိုယ့်ကြားထဲ စိတ်ကိုရွက်လွှင့်ရင်
ဘယ်လောက်ကြာနိုင်မလဲကိုပဲ
လောလောဆယ်စိတ်စောနေမိတယ်

Chocobo

ခမ်းနားခြင်း

ခမ်းနားခြင်း

တေ​ဝေ​နေဆဲခဏ
ကမ္ဘာကြီးကအ​တော်​​ဝေး​ဝေး
ရောက်​သွားတယ်

လိုက်​လို့လဲမမှီ​လောက်​မှ​တော့
နေကိုတစ်​ပတ်​ ပတ်​ပြီးတဲ့အထိ
ဒီနား​လေးပဲအိပ်​​စောင့်​လိုက်​​တော့မယ်

Chocobo

Saturday, February 20, 2016

ပေါက်​ကရ ၆၄

ပေါက်​ကရ ၆၄

အချစ်ဆိုတာ
သုံးစွဲလေတိုးပွားလေစွမ်းအင်မျိုးပါ
ကောင်မလေး

မျက်စေ့မှန်ဘီလူး ကိုနောက်ပြန်တပ်ပြီး
နှလုံးအိမ်ကိုကြည့်ပါ
တဒင်္ဂတိုင်း
ဆပွားစနစ်နဲ့ တိုးလာနေတဲ့
အချစ်ထုကို မြင်ရပါလိမ်မယ်

တကယ်တော့ နှလုံးအိမ်ဆိုတာကလည်း
အချစ်ပမာဏအကန့်အသတ်မရှိ
လက်ခံနိုင်စွမ်းတဲ့
နေရာတစ်ခုပဲလေ

ချိုကိုဘို

ပေါက်​ကရ ၆၃

ပေါက်​ကရ ၆၃

ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့
ကောင်မလေးရေ
မင်းစိတ်ဆိုးတာခံနိုင်ပေမယ့်
မင်းစိတ်တွေဆိုးကုန်မှာ
မကြည့်ရက်လို့ပါ

ကိုယ်နဲ့ပတ်သက်လာရင်
အရေခွံပါးတယ်ဆိုတဲ့စကား
ဝမ်းသာရမလားဝမ်းနည်းရမလား
မတွေးတတ်တော့

အရေပါးပါကောင်မလေး
ဒါပေမယ့်
ပါးတဲ့အရေမာပါစေ

ချိုကိုဘို

Non-existence သို့တိမ်းညွတ်​ခြင်း

Non-existence သို့တိမ်းညွတ်​ခြင်း

သက်​​ရောက်မှုကိုကိုယ်တိုင်ထုတ်လုပ်​ခြင်းလဲမရှိ
မည်သည့်သက်ေ​​ရာက်​မှု​မျိုးကိုမျှလဲ
တုံ့ပြန်ခြင်းမရှိ​​ ​ေ​သာသ​ေ​ဘာ
ဒါကို Non-Existence လို့ဆိုပါတယ်

သူဟာ အနှုတ်​ကိန်းကိုမ​ကြောက်​သလို
အ​ပေါင်းကိန်းကိုလဲ မိန်းမူးခြင်းမရှိ
ထို့အတူသုညကိုလဲရင်​မခုန်

နေ့အချိန်​မှာလဲကိုယ်​​ပျောက်
ညအချိန်​မှာလဲမလင်းလက်
အချိန်​စီး​ကြောင်းသည်​သူ့အားတိုက်​စားနိုင်​စွမ်းမရှိ

အမြင့်​ကိုမ​ကြောက်​သလို
မမြင့်​မှာကိုလဲမစိုးရွံ
စစ်​ကို​မ​ကြောက်​သလို
ငြိမ်းချမ်း​ရေးကို​တောင်းဆိုခြင်းမရှိ
အချစ်​ကိုမချစ်သလို အမုန်းကိုလဲမမုန်း

စင်​စစ်​Non-Existence ဟာ
Eternityရဲ့တစ်​ဦးတည်း​သော
သားေ​တာ်​ဖြစ်​တယ်

Chocobo

ပဋိပက္ခ​တောင်​ပံအခတ်​မှာ ပျက်​ကျသွား​သောလကို စတုတ္ထအကြိမ်​​တွေ့ရှိခိုက်​​ရေး​သောကဗျာ

ပဋိပက္ခ​တောင်​ပံအခတ်​မှာ ပျက်​ကျသွား​သောလကို
စတုတ္ထအကြိမ်​​တွေ့ရှိခိုက်​​ရေး​သောကဗျာ

အခန်းဆက်​ပုံပြင် အဆုံးသတ်​သွားမှာ
စိုးရွံ့ မိတာအပြစ်​အလား
မိန်း​မောမှုကို တမ်းမက်​ရင်
မွန်းကျပ်​ခြင်းကိုလဲလက်​ခံရလိမ့်​မယ်​လို့
တဂိုးရဲ့ လိပ်​ပြာ​က ငါ့ကို​ပြောတယ်

ပထဝီမှာဆိုတာဘာမှန်းမသိခင်​ကတည်းကိုက
မြေကြီးနဲ့အကျွမ်းဝင်​ခဲ့တဲ့​ကောင်​ပါ

ခြေ​ထောက်​တစ်​ဖက်​လပ် ကင်း​ခြေများက
အခန်း​မျက်​နှာကျက်​​ပေါ်က​နေ​ချောင်းကြည့်​​နေတယ်
ဆန့်​ထုတ်​လိုက်​တဲ့ အ​တွေး​တွေမှာ
အတွန့်​အတက်​​တွေနဲ့
နာရီအိုကြီးရဲ့ ညည်းညူသံဟာ
ငါ့နားစည်​ကို ကန့်​လန့်​ဖြတ် ရိုက်​ခတ်​လျက်

အနာယဉ်း​နေတဲ့ ပုရပိုက်​မှာ တခမ်းတနား​ရေးထိုးထားတဲ့
တမ်းချင်းတစ်​ပွင့်​အ​ပေါ်
ဆောင်းတစ်​ပြိုက်​နှစ်​ပြိုက် ရွာစပြုစဉ်​မှာပဲ
ချိန်​ခါမ​တော်​ ကို​ရွေဖားကို
ဘယ်​လှည်းတက်​ကြိတ်​တယ်​မသိ
စူးစူးဝါးဝါးထ​အော်​​လေရဲ့ 
မ​ပြေး​သော်​ ကန်​ရာရှိ
ပြေး​သော်​ ခံရာရှိ

ငါမှားပြီလို့သိလိုက်​ရချိန်​မှာ
အမှန်​တရားက
လိုက်​မမှီနိုင်​တဲ့အကွာအ​ဝေးမှာ​ရောက်​နှင့်​​နေခဲ့ပြီ....

ချိုကိုဘို

ကောင်​ကင်မှားပြီး​မှောင်​တဲ့ည

ကောင်​ကင်မှားပြီး​မှောင်​တဲ့ည

ပျောက်​ဆုံးပါက သက်​ဆိုင်​သူသို့ချက်​ချင်းအ​ကြောင်းကြားပါ
ဆိုတဲ့ ကတ်​ပြားတစ်​ခု ရရှိခဲ့တယ်
ကတ်​ပြားကို​ကြေးမှုံနဲ့ ရင်​ဘတ်​မှာအ​သေစွဲထားလိုက်​တယ်
ကတ်​ပြားမ​ပျောက်​ပဲ သက်​ဆိုင်​သူ​ပျောက်​တဲ့အမှုအတွက်
ဘယ်​ကို​အ​ကြောင်းရပါ့မလဲ
ဗမာလိုလဲချမ်းတယ်
မွန်​လိုလဲချမ်းတယ်
ဒီလိုနဲ့ခွက်​ပုန်း​တွေ ဖုံးမနိုင်​ ဖိမရ​ပေါ်လာ​တော့တာပါပဲ
က​ဇော်​သမားလို့သတ်​မှတ်​မယ်​ဆိုလဲ
#ချမ်း ဆိုတဲ့နာမဝိ​သေသန​လေး​တော့
ပါ​အောင်​ထည့်​​ပေးပါ
အမြဲတ​စေပိတ်​ထားတဲ့တံခါးတစ်​ချပ်​ကလွဲပြီး
အကာအရံမရှိတဲ့ အခန်း​လေးရဲ့တံခါး​ရှေ့မှာ
သော့​ပျောက်​​နေတဲ့အိမ်​ရှင်​တစ်​​ယောက်​လို
ကောင်းကင်​ဘုံရဲ့မလွယ်​​ပေါက်​မှာ 
ခေါင်းဝင်​ပြီးကိုယ်​မဆံ့ဖြစ်​​နေရသလိုပါပဲ

လူ​တွေ့​အောင်​ဖွက်​ထားတဲ့
Activity ​တွေအစွမ်းပြတဲ့​နေ့ဟာ
ဆာဒူကြီးရဲ့ ခြ​တောင်​ပို့မျှင်​ဝတ်​ရုံကို
စကားစိမ်း​ခေါက်​ဆိုး​ဆေးဆိုးပြီး
ဝတ်​ရုံရမဲ့​နေ့ပဲလို့
မျှော်​လင့်​ထားပြီးသားပါ

လေးနက်​မှု​တွေအ​ကြောင်း​ပြောရင်
ရင်​ဘတ်​​အောင့်​လွန်းလို့
ပေါ့​ပေါ့ပါးပါးပဲ​ ​ပြောပါရ​စေ
ငါ့မိုးကုတ်​စက်​ဝိုင်းမ​လေး​ရေ...
မင်းကိုငါ ​သေ​လောက်​​အောင်​ ​ချစ်​တယ်
ပြီး​တော့...
သေ​လောက်​​အောင်​ ရဲ့ ဟိုဘက်​​ကျော်​သွား​အောင်
လွမ်းတယ်​ဟာ...

ချိုကိုဘို

Fall သို့မဟုတ်​ ရွက်​​ကြွေရာသီသို့ တိမ်းညွတ်​ခြင်း

Fall သို့မဟုတ်​ ရွက်​​ကြွေရာသီသို့ တိမ်းညွတ်​ခြင်း

အသက်​နဲ့တိုင်းပြီးယက်​ထားတဲ့ ခံစားချက်​​တွေက
လူရာမဝင်​ရင်​သာ​နေရမယ်
ဖိစီးချက်​က​တော့
လူ​တစ်​​ယောက်​စာ​တော့
ကောင်း​ကောင်းအမှုန်​​ချေဖို့လုံ​လောက်​တယ်
ဒီအမှုမှာအဓိကတရားခံက ဆွဲချကြီးဖြစ်​​ကြောင်း
ရုံး​ပေါ်က အိမ်​​မြှောင်​ကအစသိတယ်

လမ်​​ဘေးပလက်​​ဖောင်းလို့​ပြော​လဲစိတ်​မဆိုးပါ
ဒါကျုပ်​ရဲ့​​နေရာမှန်​ပဲ​လေ
ကိုယ်​​နေရာ​လေးနဲ့ကိုယ်​ ​ပျော်​​မွေ့ရတာ
ကဗျာတစ်​ပုဒ်​ကို
ဌ္ဋာန်​ကရိုဏ်း​ကျကျ နားဆင်​ရသလိုပါပဲ
ကိုယ့်​အထွာနဲ့ကိုယ်​ ကျဉ်း​မြောင်းရတာ
ဘယ်​သူဘာ​ပြော​ပြော
ချောင်​​ချောင်​လည်​လည်​​တော့ရှိသား
ကိုယ်​က လူ​ကောင်​ခပ်​​သေး​သေးပဲဆို​တော့​လေ...

ဆပ်​သွားဖူးအနံ့​​တွေဖိတ်​စင်​ကျ​နေတဲ့
ပလက်​​ဖောင်းကုန်းပတ်​​ပေါ်
တံလျပ်​​တွေ နယ်​​ကျော်​​ရောက်​လာတာ​တော့ရှိတာ​ပေါ့
ပြောပြချင်​တာ
အဲဒီသက်​တန်​ရဲ့ ​ရေ​သောက်​မြစ်​ဟာ​ငရဲပွက်​အိုင်​မှာ
မြစ်​ဖျားခံခဲ့တယ်​ဆိုတာပါ

ဇိုးခနဲ ဇာတ်​ခနဲပဲ ​ကြွေ​ကြွေ
ကဗျာဆန်​ဆန်​ လှတပတ ဝဲပျံပြီးပဲ​ကြွေ​ကြွေ
မြေခတာက ခတာပါပဲ

ချိုကိုဘို

Wednesday, February 17, 2016

Now & Here သို့တိမ်းညွတ်​ခြင်း

Now & Here သို့တိမ်းညွတ်​ခြင်း

တစ်​စုံတစ်​ခုကိုစတင်​ဖို့
အသင့်​​တော်​ဆုံးအချိန်​နဲ့​နေရာဟာ
Now & here ဖြစ်​တယ်

Now သည်​စ​ရွေးကိုက်​အချိန်ဖြစ်ပြီး
Here သည်​ချိန်​ကျမျဉ်းကျ​နေရာဖြစ်​တယ်
Now သည် မင်္ဂလာအခါဖြစ်​ပြီး
Here သည်​ ​အောင်​​မြေဖြစ်​တယ်

`Now & here´ နဲ့ ပျင်း​​ရိခြင်းတို့ဟာ
အပြန်​အလှန်​ block ထားကြတယ်
`Now & here´ မှာ
အခါအခွင့်​​စောင့်​ဆိုင်းခြင်းဆိုတာမရှိ
`Now & here´ ကိုယ်​တိုင်​သည်​ပင်​လျင်​​ အခါအခွင့်​ဖြစ်​တယ်

ကျွန်​​တော်​တို့ဘာကို​စောင့်​​နေတာလဲ
ကျန်​​တော်​တို့​စောင့်​​နေတဲ့အရာက
ကျွန်​​တော်​တို့အိပ်​ကပ်​ထဲက​နေ
ကျွန်​​တော်​တို့ကို​စောင့်​​နေတာ
ဘယ်​​လောက်​ကြာပြီလဲ သတိထားမိရဲ့လား

ဆင်​​ခြေဆင်​လက်​​တွေ ကွယ်​​နေတာဖယ်​ရှားပြီး
''အခု'' ပဲ ''ဒီ​နေရာ'' က​နေစလိုက်​ရ​အောင်​ပါ
ကမ္ဘာကြီးကအား​ပေးဖို့ကိုစိတ်​အားထက်​သန်​​နေပြီ

သူငယ်​ချင်းတို့
အင်္ကျီလက်ေ​လး​ခေါက်​တင်​ပြီး
ပြည်​ဖုံးကားကို အပြီးဖြုတ်​သိမ်းလိုက်​ကြစို့ရဲ့

Chocobo

မန္တလေး

မန္တလေး

ပေါက်စီတစ်လုံးထဲ အစာသွပ်ခံလိုက်ရတဲ့
မန်းမြိုကလေးမှာ
ဘဝသံသရာ သီချင်း ကို အော်ဆိုသွားတဲ့
အမူးသမားတစ်ယောက်ရဲ့ တေးသံနဲ့အလိုက်
လမ်းမီးတိုင်တွေ ယိမ်းကနေကြတယ်

အမှတ်စဉ် မတပ်ရသေးတဲ့ သဏ္ဌာန်တူနိယာမတစ်ခု
ပေါ်လိုက်ပျောက်လိုက်
အမှတ်စဉ်တပ်ရခက်နေလေရဲ့

အဆံချောင် ယုံကြည်မှုတွေတောင်
ဂိုထောင်ထဲ လက်ကျန်ကုန်သလောက်ပဲ

မြို့ရိုးတလျှောက် သူရဲခိုတွေမှာ
သရဲတွေ ခိုကြပြီလေ

လမ်းတွေလဲ
ပိုးလမ်းမရဲ့ အစိတ်အပိုင်းတွေဖြစ်ကုန်ကြ

မန်းတောင်ခြေက ခြင်္သေ့ကြီးနှစ်ကောင်နဲ့
တောင်ထိပ်က မြွေကြီးနှစ်ကောင်လဲ
ခေါက်ဆွဲတွေနဲ့ပဲ အသက်ဆက်နေကြရ

၈၄ လမ်း နာရီစင်နဲ့ ဈေးချိုတော်ကြီး ခမျှာလဲ
ဆေးသကြားနဲ့ ချိုနေရတဲ့ ဘဝ

မြို့ မ ကိုလဲ မြို့ က မ, မနိုင်တော့ပါ
မြို့ မကလဲမြို့ကို မ, မနိုင်တော့ပါ
( မြို့မကို မြို့က မ, မ နိုင်တော့ပေမယ့်
မြိုမကတော့ မြို့ကို မ,နိုင်သလောက်မ,ဆဲပါ )

ဒီလိုနဲ့ပဲ
မြန်မာ့ အသည်းနှလုံးမြို့တော်မှာ
တဖြည်းဖြည်းနဲ့ အဖီတွေများလာခဲ့ပါပေါ့

ရေနီမြောင်းကရေတွေ
ပြန်နီလာမယ့်နေ့
ပြန်ပြီးမှရနိုင်ပါအုံးမလား
တမ်းတမိတယ် မြို့ကလေးရေ....

ချိုကိုဘို

Tuesday, February 16, 2016

ကောင်းကင်​မှားပြီးပွင့်​တဲ့ လ

ကောင်းကင်​မှားပြီးပွင့်​တဲ့ လ

Oတ်​လစ်​စလစ်​ သန်း​​ခေါင်ယံ ဟာ
အိပ်မက်ထဲအထိ ​​ဖေါက်​ထွင်းဝင်​​ရောက်လာ​တာ
အိမ်မလုံခြင်းက အဓိကအေ​ကြာင်းရင်းပဲ

ခုခံအားကျဆင်းတယ်​ဆိုတာထက်
မခုခံခဲ့မိဘူးဆိုတာကပိုမှန်​လိမ့်​မယ်

တစ်​ခါကတရှိုက်​မက်​မက်
နမ်းခဲ့ဖူးတဲ့ တက်တူကို လွမ်းတယ်
တစ်ခါက​​​​​ ရီ​ဝေမိန်းေ​မာခဲ့ဖူးတဲ့
Friday Night ကိုလွမ်းတယ်
၁၃.၅ ဆိုတဲ့ ဂဏန်းဟာ
ငါ့အတွက်
ကံ​မ​​ကောင်းခြင်း​တွေသာသယ်​​ဆောင်လာခဲ့

လမင်းရဲ့အလင်း​ကို
ကြွက်​ကိုက်​ခံရပြီးတဲ့​နောက်
စုန်းမီး​တောက်​​တွေက ပြဿဒ်​ဦးမှာကကြတယ်

#မီးခိုး​ခေါင်းတိုင်​ထဲဇောက်​ထိုးပြုတ်​ကျကိန်း# ဆိုတာကို
မဟာဘုတ်​ မှာထပ်​​ပေါင်းဖို့ လိုပြီ

ကျွန်​​တော့်​အား
ပြောင်းပြန်​လည်​တဲ့နာရီတစ်​လုံးကိုသာ​ပေးပါ
ချမ်းသာသမျှကဗျာ အကုန်​​ပေးပါ့မယ်

Chocobo

Monday, February 15, 2016

မိုးကုတ်​စက်​ဝိုင်းသို့ ၂

မိုးကုတ်​စက်​ဝိုင်းသို့ ၂

ငါ့မှာလဲချစ်​ရမဲ့သူရှိပြီဆို
မင်းဘာ​ပြောမလဲ

သူ timeline ထဲ တစ်​ရက်​အ​ခေါက်​​ပေါင်း​မြောက်​များစွာ
ငါသွားသွားကြည့်​တယ်​ဆို
မင်းဘာ​ပြောမလဲ

သူ​လေးနဲ့​အပြန်​အလှန်​ပို့ထားတဲ့ မက်​​ဆေ့ခ်ျ​​တွေကို
SS ရိုက်​ပြီး အယ်​လ်​ဘမ်​လိုက်​ only me နဲ့သိမ်းတယ်​ဆို
မင်းဘာ​ပြောမလဲ

ဟုတ်​တယ်​ ..
ငါမှာရှိ​နေပြီ
"စကားလုံး​တွေရဲ့ပြုစားမှုကို ခံလိုက်​ရပြီ
ချိုကို့ကို အရမ်းချစ်​တယ်​ လို့ 
အကျယ်​ကြီး​အော်​ပစ်​လိုက်​ချင်​တယ်"
တခါကအဲဒီလို​ပြောခဲ့ပြီး
အခု​နေမ​တော့ ငါ့ကိုမုန်းတယ်​လို့
ဆိုလာသူတစ်​​ယောက်​​ပေါ့

ချိုကို

မိုးကုတ်​စက်​ဝိုင်းသို့ ၁

မိုးကုတ်​စက်​ဝိုင်းသို့ ၁

22 ရာစုရဲ့
လက်​ဝဲဘက်​နံရံမှာ ချိတ်​ဆွဲမဲ့
ပန်​ချီကားတစ်​ချပ်​ဟာ မင်းဖြစ်​တယ်

ကင်းမြီး​ကောက်​မှာစွပ်​မဲ့ကျည်​​ထောက်​ရှာရင်း
လမွန်းတည့်​သွားတဲ့ ပိုးမူးကြူးးဟာ ငါဖြစ်​တယ်

ထောင့်​မကျိုးတဲ့​ထောင့်​က​လေးမှာ ​နေတဲ့​ကောင်မို့
ငါဟာ
နဲနဲ​တော့ ​ဖြောင့်​တယ်

ကွက်​လပ်​ဖြည့်​ပါ ဆိုလို့ကြည့်​လိုက်​​တော့
ကွက်​လပ်​​တွေနဲ့ပြည့်​​နေပြီးသား 

ငါ့အတွက်​အချစ်​ဆိုတာ
လင့်​ခ်​​သေ​နေတဲ့
စာမျက်​နှာတစ်​ခု​ပေါ့
ငါ့မိုးကုတ်​စက်​ဝိုင်း​ရေ

ချိုကို

Saturday, February 13, 2016

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO"
( New Version.FEB 2016 )


နိဒါန်း

နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ
နှင်းမြူတို့ပွင့်ဝေစဉ်
ရင်​မှု အနုပညာ​တွေသီးပွင့်​လာခဲ့တယ်

မိုးတစ်​ရာရဲ့ကမ်း​ခြေမှာ
လှော်​တက်​မပါတဲ့​လှေတစ်​စီးနဲ့
ရွာလည်​​နေတုန်းက​တော့
အဆင်​​ပြေသလိုရှိခဲ့ပါရဲ့

ဆောင်း​တစ်​ရာရဲ့ မနက်​ဦး​တွေမှာ
နှင်း​ခေါင်​တော့မှပဲ
တစ်​ရာမပြည့်​ခင်​ သက္ကရာဇ်​​ကြွေ ခဲ့ရပြီ​ပေါ့
ငါ့ရဲ့...
မ​ပြောင်းလဲတဲ့သံစဉ်​​မ​လေးရေ...

၂
ဇာတ်​ကြောင်းပြန်

ဂျူလိုင်​ ၆ ၂၀၁၅..
အဲဒီမတိုင်​ခင်​က
ငါ့ကောင်းကင်​ဘုံမှာအုံဇုံးလွှာမေ​ပေါက်​​သေးပါ
ငါ့ဝန်းကျင်​​လေထုဟာ ​အောက်​ဆီဂျင်​မငတ်​​သေးပါ
ငါရဲ့​မြေကြီးကလဲ ပထဝီဓာတ်​မချို့်တဲ့​သေးပါ
နှလုံးသားသည်​ ရံခါရံဖန်
ဆာ​လောင်​ခြင်းတချို့ရှိ​သော်​လည်း
ငတ်​မွတ်​ခြင်းဆီ​တော့မ​ရောက်​​သေးပါ
ငါ​ကောင်းကင်​မှာပွင့်​တဲ့ပန်း​တွေထဲ
အထီးကျန်​ခြင်းဟာ
ငါ့အနှစ်​ခြိုက်​ဆုံးပန်းတစ်​ပွင့်​ဖြစ်​ခဲ့တယ်
မြစ်​တို့၏ မာယာဆိုတာ
ရေအလျဉ်​တစ်​ခုဆိုတာထက်​ပိုမသိခဲ့
ကျောက်​​စောင်းထက်​ ​ရေ​စောင်းထက်​​သော
ပြဇာတ်​တစ်​ပုဒ်​မှာ
ပါဝင်​ကပြမိတဲ့အချိန်​ထိ​ပေါ့
ငါ့ဝင်​ရိုးစွန်း​မ​လေးရေ...

ဂျူလိုင်​ ၆ ၂၀၁၅
ရှောင်​လွဲမရနိုင်​တဲ့ကံကြမ္မာဟာ
နိုးလျက်​မက်​​သော ခရမ်းပြာ​ရောင်​အိမ်​မက်​ကိုဝတ်​ဆင်​ပြီး 
ကယ်​တင်​ခြင်းဆိုတဲ့အမည်​နဲ့​ရောက်​လာ​တယ်
ရေခဲ​တောင်​ကြာပွင့်​ကိုက်​ပြီး​မွေးလာတဲ့ငါဟာ
မီး​တောင်​မ​သေမရှင်​ထဲပစ်​ချလိုက်​သလိုနည်း​မျိုးနဲ့
ကယ်​တင်​ခြင်းခံလိုက်​ရတယ်
အလွန်​အမင်းရယ်​​မော​ပျော်​ရွှင်​ရခြင်းဟာ
မျက်​ရည်​မိုးအတွက်
ငွေရည်​ဖြွဲ့ခင်းဖြစ်​​ကြောင်း
ငါဖတ်​ဖူးတဲ့စာ​တွေရဲ့သတိ​ပေးချက်​ကို
လျစ်​လျူမိခဲ့တဲ့အတွက်
နောင်​တမရမှာ​တော့​သေချာတယ်
ငါလဲ....လူလုပ်​ချင်​​သေးတယ်​လေ
ငါ့ဝင်​ရိုးစွန်းမ​လေး​ရေ...


ဩဂတ်​စ်​ ၂ ၂၀၁၅
ငါ့ရဲ့​ပေါက်​ကရ​ကောင်​မ​လေး​ရေ..
အဲဒီ​နေ့ဟာ
#ငါ....လူဖြစ်​ပြီ ဆိုတဲ့ ကဗျာကို
မင်းဖန်​ဆင်း​ပေးတဲ့ကောင်းကင်​မှာ
နှလုံး​သွေးနဲ့​ရေးထိုးခွင့်​ရခဲ့တဲ့​နေ့
ငါဟာငါမဟုတ်​​တော့ပဲ
ဒြပ်​စင်​ဘဝက​နေ ဒြပ်​​ပေါင်းဖြစ်​သွားတဲ့​နေ့
မင်း​ပေးတဲ့ မင်းရဲ့ချစ်​သူဆိုတဲ့ဘွဲ့ကို
ထိုက်​ထိုက်​တန်​တန်​ ရရှိခဲ့တဲ့​နေ့
တစ်​ထောင့်​တစ်​ညပုံပြင်​​တွေရဲ့
နောက်​ဆက်​တွဲပုံပြင်​​တွေ
စတင်​အသက်​ဝင်​လာတဲ့​နေ့....
အဲဒီ​နေ့မှာ
#.'.'.'CHO ကို မျိုး​စေ့ချခဲ့တာလဲ
များစွာ​သောမ​မေ့နိုင်​စရာ​တွေထဲကတစ်​ခုပါ
ဘာပြဲဖစ်​ဖြစ်
အလှမ်းကွာခြင်းဟာ
တစ်​သားတည်းဖြစ်​တည်​မှုကို
ဟန်ုတားနိုင်​စွမ်းမရှိ​ကြောင်း
သက်​​သေပြနိုင်​ခဲ့တာ တစ်ခုတည်းနဲ့တင်
တစ်​မှုန်​စီလွင့်​​ကြွေရကျိုးနပ်​ပါတယ်

ဖွင့်​လိုက်​တဲ့ဟင်း​လင်းပြင်​မှာ
အစိုဓာတ်​​တွေ ​မြေမခခင်​တုန်းက
ကဗျာဆိုတာ လက်​ဖျားမှာစကားလုံးသီး​နေခဲ့တာပါ
ရှင်သန်​ခြင်း​ရော ​သေဆုံးခြင်းပါ ချုပ်​ငြိမ်းရာကို
Nowhere လို့​ခေါ်ရင်
ရှင်​မရ ​သေမရ အဖြစ်​ကို​ရော ဘယ်​လို​ခေါ်ကြမလဲ
မင်း​တေးထားပြီးမ​မေးဖြစ်​ခဲ့တဲ့
#Universe ထဲဘာသွားလုပ်​သလဲ ဆိုတဲ့​မေးခွန်း
အခု​ဖြေပါရ​စေ
ငါသည်​ပင်​လျင်​ Universe တစ်​ခုဖြစ်​ကြောင်း
အတည်​ပြုချက်​ သွားယူတာပါ
တကယ်​ဆို...
မင်းလဲစကြာဝဠာ ငါလဲစကြာဝဠာ
တနည်း...
မင်းဟာလဲငါ့ရဲ့စကြာဝဠာ
ငါဟာလဲမင်း​ရဲ့စကြာဝဠာ..


Friday Night

အော်​ဂတ်​စ်​ ၁၈ ၂၀၁၅
အဲဒီညမှာ
ဟင်းလင်း​​​ပွင့်​သွားတဲ့ ​ကောင်း​ကင်​မှ
နတ်​သမီးတစ်​ပါး
ငါ့ရဲ့ခရမ်းပြာ​ရောင်​အိပ်​မက်​ထဲ
လှပစွာပျံဝဲခုန်​ဆင်းးလာခဲ့တယ်
အာသာပြင်းပြင်း စပ်​ထားတဲ့ 
ကော့​တေးခွက်​ရဲ့ နှုတ်​ခမ်းကို​တေ့ပြီး
တကျိုက်​စုပ်​လိုက်​တယ်
ငါအ​သောက်​ခံလိုက်​ရပြီဆိုတာ
ချက်​ချင်းသိလိုက်​​ပေမယ့်​ 
ရီ​ဝေတိမ်းမူးမှုထဲ​ခေါင်းမ​ဖေါ်နိုင်​​အောင်​နစ်​မြုပ်သွားခဲ့ရတယ်
ငါ့နာမည်​ကို​ရေးထိုးထားတဲ့
တက်​တူရဲ့ဖမ်းစားခြင်းကို
အားအင်​အပြည့်​နဲ့ တုန်​ရီ​​မောဟိုက်​နေတဲ့ နှလုံးသားက
ခုခံနိုင်​စွမ်းမရှိခဲ့
ခုခံလိုစိတ်​လဲမရှိခဲ့
ပိန်းပိတ်​​နေတဲ့အ​မှောင်​ထုထဲ
#LivingInSin ​တေးသွားကိုစလွယ်​သိုင်း
နတ်​သမီးနဲ့အတူခုန်​ချလိုက်​တယ်
တဖျင်းဖျင်းမြည်​​နေတဲ့​အာရုံ​ကြောတွေရဲ့အသံဟာ
တိတ်​ဆိတ်​တဲ့ညကို ​ဖောက်​ထွင်းပြီး
ဒီဂရီမြင့်​သထက်မြင့်​​တက်​လာတယ်
အသက်​ရှုသံနှစ်​ခု​ရော​ထွေး တစ်​သားတည်းဖြစ်​သွားပြီး
နောက်​​ဆုံးလက်​ကနဲမီးပွင့်​သွားတယ်
ဒါဟာ
အခမ်းနားဆုံး ဖွင့်​​ဖောက်​ဖတ်​ဖူးတဲ့ကဗျာတစ်​ပုဒ်​ပါ....

အဲဒီ​ညကစပြီး
ညတိုင်းညတိုင်း​ကို
Friday Night လို့ထင်​မှတ်​မှားတဲ့
စိတ်​ကစဉ့်​ကလျား​ရောဂါတစ်​မျိုး
စွဲကပ်​လာခဲ့ရတာအခုထိပဲ
ငါ့ရဲ့ Friday night နဲ့ မင်းရဲ့ Friday night
တစ်​ထပ်​တည်းကျဖို့ဘယ်​လောက်ခဲယဉ်းလဲဆိုတာ
ကြာလာ​လေ ပိုမိုနားလည်​လာရ​လေ​လေပါပဲ ...
လည်​​နေတဲ့ကမ္ဘာကြီးနဲ့အတူလိုက်​မလည်​ပဲ
ဆယ်​သုံးနာရီခွဲလုံးလုံး
ငါ​ရပ်​စောင့်​​​နေခဲ့တဲ့အချိန်​အတွင်းမှာ
တကယ်​ဆို
မင်း​ခြေလှမ်း​တွေကို ရပ်​တန့်​မထားခဲ့ဖို့သင့်​ပါတယ်​ 
....


အချစ်​ဆိုတာ....

ရှင်​သန်​ခြင်း​နဲ့ ​မရဏတရားကိုဆက်​သွယ်​​ပေးရာ
လူနှစ်​ဦး​လျောက်​သာရုံအကျယ်​ရှိ
လက်​ရမ်းမဲ့​ကြိုးတံတားတစ်​ခု ...

ရှေ့အသိနှင့်​ ​နောက်​အသိတို့
စစ်​ခင်းရာ
စစ်​တလင်းမှာ ပွင့်​တဲ့ ​တောင်​ဇလပ်​ပန်း...

အကွားအ​ဝေးအားဖြင့်
လက်​တစ်​ကမ်း အတွင်းရှိ​သော်​လဲ
ဖမ်း​ဆုပ်​ရခက်​ခဲတဲ့ ​လေစက်​​လေ​ပြောက်​တစ်​ခု

လေဟာပြင်​အကျဉ်း​ထောင်​ထဲက
ခြေ​ထောက်​တစ်​ဖက်​လပ်​ အချုပ်​သားတစ်​​ယောက်ရဲ့
ခြေချင်းအခတ်​ခံထားရမှု

ရာဇဝင်​အ​စောင်​​စောင်ရဲ့ နံရံမှာ
မှုန်း​ခြယ်​ထားတဲ့
ကာရံမဲ့အသက်​ဝိညာည်....

မှော်​ရုံ​တောထဲက
ပြေးသူနှင့်​ လိုက်​သူမကွဲပြားတဲ့
အမဲလိုက်​ခန်း....

တရားလို သို့မဟုတ်​ တရားခံတစ်​ဦးဦးက
တရားသူကြီးဖြစ်​​နေတတ်​တဲ့
တရားရုံး....

ခေါင်းတခြားပန်းတခြားဖြစ်​​နေတဲ့
ဒင်္ဂါးတစ်​စရဲ့
သံစဉ်​ရှာ​ဖွေခြင်း...

တချို့လူ​တွေအတွက်
ကမ်းကခွါပြီးကုန်းပေါ်တက်​လိုက်​တာနဲ့
အလိုအ​လျောက်​​ဖောင်​ဖျက်​ပြီးသားဖြစ်​သွားတဲ့
ကမ်းတက်​စစ်​ဆင်​​ရေး...

ဆေးဖက်​ဝင်​အိပ်​မက်​​တွေနဲ့
ယက်​လုပ်​ထားတဲ့
ဒီ​​ရေတက်​ချိန်ကျချိန်​ပုံမှန်မရှိတဲ့ ​ယမကာ...

ငလျင်​​တွေ မုန်​တိုင်း​တွေနဲ့အတူ
ကိန်းသေ​တွေရှင်​သန်​လှုပ်​ရှား​နေတဲ့
ညီမျှခြင်း

ဘာသာစကားအ​ပေါ်အယုံအကြည်​ကင်းမဲ့ခြင်းနဲ့
စိတ်​ကူးအိပ်​မက်များ စကားလုံးမဲ့ခြင်းတို့ရဲ့
ဝိ​ရောဓိ

ရေခဲမြစ်​ထဲ
ဝိုင်​ယာ​လျော့တိုက်​ ငါးရှာ​တဲ့
ရေမုဆိုးရဲ့ ​တောက်​​ခေါက်​သံ

အလျင် နဲ့ အဟုန်​ မကွဲပြားတဲ့
ဆွဲအားမဲ့ ​လေဟာနယ်​ရပ်​ဝန်းက
ရူပ​ဗေဒ

ခေါက်​ချိုးညီမျဉ်းရဲ့ တစ်​ဘက်​တစ်​ချက်က
တူမျှရန်​ခက်​ခက်​​သော
ဧရိယာ နှစ်​ခု

ရင်​တုန်​လှိုက်​​မောဖွယ်​​လဲ​ကောင်း
ကြောက်​မက်​ဖွယ်​လဲ​ကောင်းတဲ့
ခြားနားမှုရဲ့ နှာ​ခြေသံ

ဘယ်​​ဆေးမှမမှီတဲ့အဆိပ်နဲ့
ဘယ်​အဆိပ်​မှမမှီတဲ့​ဆေးတို့ရဲ့
ဒြပ်​​ပေါင်း

လက်​​ဖျစ်​တစ်​တွတ်​ နဲ့ တစ်​ကမ္ဘာကို
ထပ်​တူညီ ညီမျှခြင်းဖြစ်​​အောင်
ဖြည်းစွမ်း​ပေးနိုင်​တဲ့ ကိန်း​သေ အရှင်

ဥယျာဉ်တစ်​ခုတွင်း
ပင်​ခြားဝတ်​မှုန်​ကူးခြင်းဆိုင်​ရာ
ကြားခံဝတ္ထု

တချို့လူ​တွေအတွက်
ဝင်းဒိုး​ရှော့ပင်း ထွက်​ရင်း
ဘုမသိဘမသိ သူခိုးစွဲခံလိုက်​ရတဲ့ ဖြစ်​အင်

ဟိုဘက်​နိုင်​ငံကနယ်​ခြားစည်း နဲ့
ဒီဘက်​နိုင်​ငံကနယ်​ခြားစည်း
ထပ်​လိုက်​ ကွာလိုက်​ဖြစ်​​နေတတ်​တဲ့ နယ်​စပ်

သောက်​​လေငတ်​​လေဗိုင်းရပ်​စ်​ အကိုက်​ခံရတဲ့
ကော့​တေးတစ်​ခွက်ရဲ့
ဆိုင်​ဘာယဉ်​​ကျေးမှု

အလီဘာဘာဇာတ်​ထဲက
လေးဆယ်​တစ်​​ယောက်​​မြောက်​ ခိုးသားရဲ့
အကျင့်​စာရိတ္တ သရုပ်​ဖေါ် ပုံ ပန်​ချီကားတစ်​ချပ်

ကဗျာဆရာနဲ့ သူ့ရဲ့ကဗျာတစ်​ပုဒ်​ကြားထဲက
ဆယ်​သွယ်​​ရေးလမ်း​ကြောင်းကို
အဖွင့်​အပိတ်​လုပ်​​ပေးတဲ့ တိုးဂိတ်
သို့မဟုတ်​ အဆို့အရှင်

တက်​တူတစ်​ခုရဲ့ ​နောက်​​ကြောင်းသမိုင်း​နဲ့
အသုံးပြုတဲ့စို့ရဲ့ ရင်​လွဲ​တေးတို့၏
လက်​ဆုံ​သောက်​ပွဲ

တစက်​စက်​ယိုစီး​ကျ​နေတဲ့ 
အနီ​ရောင်​မျက်​ရည်​တို့ရဲ့ မြစ်​ဖျား က
အစီရင်​ခံချက်​ စာလုံး​ပေါင်းမှားတဲ့ စိမ့်​စမ်း​ပေါက်

အဝင်​ချိုသလောက်​ အမျိုခါးပြီး
မူးယစ်​အသိ​ပျောက်​စေတဲ့
သောက်သုံးဖွယ်ရာ
....


Fall သို့မဟုတ်​ ရွက်​​ကြွေရာသီသို့ တိမ်းညွတ်​ခြင်း

အသက်​နဲ့တိုင်းပြီးယက်​ထားတဲ့ ခံစားချက်​​တွေက
လူရာမဝင်​ရင်​သာ​နေရမယ်
ဖိစီးချက်​က​တော့
လူ​တစ်​​ယောက်​စာ​တော့
ကောင်း​ကောင်းအမှုန်​​ချေဖို့လုံ​လောက်​တယ်
ဒီအမှုမှာအဓိကတရားခံက ဆွဲချကြီးဖြစ်​​ကြောင်း
ရုံး​ပေါ်က အိမ်​​မြှောင်​ကအစသိတယ်

လမ်​​ဘေးပလက်​​ဖောင်းလို့​ပြော​လဲစိတ်​မဆိုးပါ
ဒါကျုပ်​ရဲ့​​နေရာမှန်​ပဲ​လေ
ကိုယ်​​နေရာ​လေးနဲ့ကိုယ်​ ​ပျော်​​မွေ့ရတာ
ကဗျာတစ်​ပုဒ်​ကို
ဌ္ဋာန်​ကရိုဏ်း​ကျကျ နားဆင်​ရသလိုပါပဲ
ကိုယ့်​အထွာနဲ့ကိုယ်​ ကျဉ်း​မြောင်းရတာ
ဘယ်​သူဘာ​ပြော​ပြော
ချောင်​​ချောင်​လည်​လည်​​တော့ရှိသား
ကိုယ်​က လူ​ကောင်​ခပ်​​သေး​သေးပဲဆို​တော့​လေ...

ဆပ်​သွားဖူးအနံ့​​တွေဖိတ်​စင်​ကျ​နေတဲ့
ပလက်​​ဖောင်းကုန်းပတ်​​ပေါ်
တံလျပ်​​တွေ နယ်​​ကျော်​​ရောက်​လာတာ​တော့ရှိတာ​ပေါ့
ပြောပြချင်​တာ
အဲဒီသက်​တန်​ရဲ့ ​ရေ​သောက်​မြစ်​ဟာ​ငရဲပွက်​အိုင်​မှာ
မြစ်​ဖျားခံခဲ့တယ်​ဆိုတာပါ

ဇိုးခနဲ ဇာတ်​ခနဲပဲ ​ကြွေ​ကြွေ
ကဗျာဆန်​ဆန်​ လှတပတ ဝဲပျံပြီးပဲ​ကြွေ​ကြွေ
မြေခတာက ခတာပါပဲ
.....


ကောင်​ကင်မှားပြီး​မှောင်​တဲ့ည

ပျောက်​ဆုံးပါက သက်​ဆိုင်​သူသို့ချက်​ချင်းအ​ကြောင်းကြားပါ
ဆိုတဲ့ ကတ်​ပြားတစ်​ခု ရရှိခဲ့တယ်
ကတ်​ပြားကို​ကြေးမှုံနဲ့ ရင်​ဘတ်​မှာအ​သေစွဲထားလိုက်​တယ်
ကတ်​ပြားမ​ပျောက်​ပဲ သက်​ဆိုင်​သူ​ပျောက်​တဲ့အမှုအတွက်
ဘယ်​ကို​အ​ကြောင်းရပါ့မလဲ
ဗမာလိုလဲချမ်းတယ်
မွန်​လိုလဲချမ်းတယ်
ဒီလိုနဲ့ခွက်​ပုန်း​တွေ ဖုံးမနိုင်​ ဖိမရ​ပေါ်လာ​တော့တာပါပဲ
က​ဇော်​သမားလို့သတ်​မှတ်​မယ်​ဆိုလဲ
#ချမ်း ဆိုတဲ့နာမဝိ​သေသန​လေး​တော့
ပါ​အောင်​ထည့်​​ပေးပါ
အမြဲတ​စေပိတ်​ထားတဲ့တံခါးတစ်​ချပ်​ကလွဲပြီး
အကာအရံမရှိတဲ့ အခန်း​လေးရဲ့တံခါး​ရှေ့မှာ
သော့​ပျောက်​​နေတဲ့အိမ်​ရှင်​တစ်​​ယောက်​လို
ကောင်းကင်​ဘုံရဲ့မလွယ်​​ပေါက်​မှာ 
ခေါင်းဝင်​ပြီးကိုယ်​မဆံ့ဖြစ်​​နေရသလိုပါပဲ

လူ​တွေ့​အောင်​ဖွက်​ထားတဲ့
Activity ​တွေအစွမ်းပြတဲ့​နေ့ဟာ
ဆာဒူကြီးရဲ့ ခြ​တောင်​ပို့မျှင်​ဝတ်​ရုံကို
စကားစိမ်း​ခေါက်​ဆိုး​ဆေးဆိုးပြီး
ဝတ်​ရုံရမဲ့​နေ့ပဲလို့
မျှော်​လင့်​ထားပြီးသားပါ

လေးနက်​မှု​တွေအ​ကြောင်း​ပြောရင်
ရင်​ဘတ်​​အောင့်​လွန်းလို့
ပေါ့​ပေါ့ပါးပါးပဲ​ ​ပြောပါရ​စေ
ငါ့မိုးကုတ်​စက်​ဝိုင်းမ​လေး​ရေ...
မင်းကိုငါ ​သေ​လောက်​​အောင်​ ​ချစ်​တယ်
ပြီး​တော့...
သေ​လောက်​​အောင်​ ရဲ့ ဟိုဘက်​​ကျော်​သွား​အောင်
လွမ်းတယ်​ဟာ...
.. ..


အိ​ပ်​တန်းလား.... သူမှိုတက်ေ​နတယ်ေ​ကာ

လက်​နှစ်​ဖက်​ကို​နောက်​ပစ်​ပြီး
အလင်းအို​ရောင်​ ည​နေခင်း တစ်​ခုထဲ
ဒိုင်​ဗင်​ထိုးချလိုက်တယ်
တောင်​ဇလပ်​ပန်း​​တွေ 
သောက်​ကြာကြယ်​ရဲ့ ပြုတင်း​ပေါက်​ထဲ
လန့်​ဖြန့် ပြီးခုန်​ဝင်​သွားကြတယ်
ပစ်​ချလိုက်​ရမလားဆိုတဲ့
အသံနက်​ကြီးတစ်​ခု မိုး​ပေါ်က​နေ
ဖ​ယောင်းခင်းထဲယိမ်းက​နေတဲ့
မီးလျှံပင်​​တွေ​ပေါ်ကို
ပြုတ်​ကျလာတယ်
ဆောက်​တည်​ရာမဲ့​နေတဲ့ တိမ်​စိုင်​တိမ်​ခဲ​တွေဟာ
အရည်​​ပျော်​ခံဖို့ သူ့ထက်​ငါ့ တိုး​ဝှေ့လျက်
တေးသီငှက်​ တစ်​​ကောင်​ရဲ့
စည်းချက်​​ထော့ကျိုး​ ​မပီကလာပီကလာ ​တေးသွားက
လှောင်​အိမ်​နံ့သင်းလို့ ....

တောင်​ရိုး​ပေါ်က
ခရုခွံ​လေး​တွေရဲ့
ပင်​လယ်​​အော်​သံဟာ
ငါ့ကို ​လှောင်​​ပြောင်​ရယ်​​မောတဲ့အသံဖြစ်​​ကြောင်း
ကန္တာရထဲ​ကျောက်​ချထားတဲ့
နေမှုန်​​တွေကငါကို​ပြောပြကြတယ်
ကန္တာရထဲ​ကျောက်​ချထားတဲ့​နေမှုန်​​တွေရဲ့
လင်းလက်​မှုဟာ
ငါကို​​လောင်​မြိုက်​​စေဖို့ဖြစ်​​ကြောင်း
တောင်​ရိုး​ပေါ်က ခရုခွံ​လေး​တွေက ငါ့ကို​ပြောပြကြတယ်

ဝီ​ခေါ်​နေတဲ့ သံသယ​တွေကို
ရေနဲ့ငြိမ်းသတ်​ဖို့ကြိုးစားတာ
ရေ​လောင်း​ပေါင်းသင်​​ပေးသလို ဖြစ်​သွားခဲ့
ဆန့်​တန်း ထားတဲ့ အိပ်​မက်​​တွေတသီတသန်းကြီး
ကြိုးနဲ့သီပြီးလည်​မှာ ချိတ်​ဆွဲထားတာ
တချို့ ကကိုယ့်​လည်​ပင်းကိုယ်​​ကြိုးကွင်းစွပ်​တာလို့​ပြောကြတယ်
ဟုတ်​သလိုလိုရှိ​ပေမယ့်
မဟုတ်​ပါဘူးလို့ဝိုင်းငြင်း​ပေးမယ့်​ မင်းကို
မျှော်​လင့်​​နေဆဲပါ
ငါ့ဝင်​ရိုးစွန်း​ရေ....
....


ပြောရမယ်​ဆို

ပြောရမယ်​ဆို
တကယ့်​စစ်​တလင်းကွင်းထဲ​ရောက်​မှ
ကွင်း​ပျောက်​​နေတဲ့
စစ်​တုရင်​ကစားပွဲတခုလိုမျိုး

ပြောရမယ်​ဆို
ခပ်​မွဲမွဲမျက်​စိတစ်​စုံနဲ့
ပေါ်လိုက်​​ပျောက်​လိုက်​ပုံရိပ်​​တွေကို
မမှီ့တမှီ လိုက်​ဖမ်း​နေမိသလိုမျိုး

ပြောရမယ်​ဆို
တကျွီကျွီငို​နေတဲ့ တံခါးတစ်​ချပ်​​ရှေ့မှာ
ဖွင့်​ရအခက်​ပိတ်​ရမလွယ်
ဝေခွဲမရခင်​မှာ
သော့​ပျောက်​သွားရသလိုမျိုး

ပြောရမယ်​ဆို
ပြဇာတ်​တပုဒ်​ရဲ့ အဦးအစမှာ
ရှေ့ဆုံးကပါဝင်​လာပြီး
တကယ့်​ဇာတ်​သိမ်းခန်းကျမှ
ကားလိပ်​ချဖို့ တာဝန်​ကျရသလိုမျိုး

ပြောရမယ်​ဆို
မိုး​ခေါင်​​ရေရှားအရပ်​မှာ
ကြယ်​​တွေတဝုန်းဝုန်းရွာချပြီး
ဠင်းတတွန်​သံနဲ့ မိုးလင်းလိုက်​ရသလိုမျိုး

ပြောရမယ်​ဆို
နောက်ဆုံးကျမှ​ဝင်​​လာတဲ့
ခေါင်​ရထားရဲ့လက်​မှတ်​ကို
ဝယ်​ထားမိသလိုမျိုး

ပြောရမယ်​ဆို
မ​ကောင်းဆိုးဝါး ကဗျာရွတ်​သံမှာ
နောက်​ခံဂီတ အဖြစ်
အသုံး​တော်​ခံရသလိုမျိုး
....

၁၀
ကျေးဇူးပါ

ငါ့ဝင်​ရိုးစွန်း​မ​လေးရေ....
အသိုက်​နဲ့ဓာတ်​မတဲ့
ငါလိုငှက်​တစ်​​ကောင်​ကို
အိပ်​တန်း​တက်​တတ်​​အောင်
သင်​ပြ​ပေးခဲ့တာ ​ကျေးဇူးတင်​တယ်​ ....

အဆံနဲ့အဆန်​ကို
ခွဲခြားစာလုံး​ပေါင်းတတ်​​အောင်
အလင်းဖွင့်​​ပေးခဲ့တဲ့အတွက်
ကျေးဇူးတင်​တယ်​ 

ပြိုင်​မျဉ်းနှစ်​​ကြောင်းရဲ့ဆုံမှတ်​ရှိရာ
Infinity ​ရောက်​သည်​အထိ
မိန်းမိန်​မူးမူး
အတူရွှက်​လွှင့်​ခဲ့ရတဲ့ကာလ​တွေအတွက်
ကျေးဇူးတင်​တယ်​ ...

ပိုင်​ဆိုင်​ခွင့်​ရခဲ့ဖူး​တဲ့ အကြင်​နာ​တွေကို
ငါ့ကဗျာ​တွေထဲ သိုမှီးသိမ်းဆည်းထားခဲ့ခွင့်​ရခဲ့တဲ့အတွက်
ကျေးဇူးတင်​တယ်​ ...

ငါ့လွမ်းခင်းထဲ ထင်​ကျန်​ခဲ့တဲ့
မင်းရဲ့​ခြေရာလက်​ရာ​တွေ မင်းပြန်​ဖျက်​ဖို့ကြိုးစား​ခဲ့ပေမယ့်
ချန်​ထား​ပေးခဲ့တဲ့ ဖျက်​ရာ​တွေအတွက်
ကျေးဇူးတင်​တယ်​ ...

ဒဏ်​ရာ နာကျင်​မှု​တွေကို
အလိုရှိသ​ရွေ့
ခံစားစံစားတတ်​​အောင်
သင်​ပြ​ပေးခဲ့တဲ့အတွက်​​ကျေးဇူးတင်​တယ်...

အဆင်းလမ်းမရှိတဲ့
ဝေဒနာရဲ့အထွဋ်​အထိပ်​ကို
တုပ်​​နှောင်​ပို့​ဆောင်​ပြီးမှ
ဝဋ်​ရှိသ​ရွေ့ခံ​ပေ​ရော့လို့
နှောင်​ကြိုးဖြတ်​ချထားခဲ့တဲ့အတွက်
ကျေးဇူးတင်​တယ်

ခုံရုံး​တော်​ဆိုတာ
ကြမ်းပိုး​တွေ​ပျော်​​မွေ့ရာ​နေရာတစ်​ခုပဲလို့
မသိတတ်​ခင်​ကတည်းက
စီရင်​ချက်​ကြို​ရေးထားတဲ့အမှုမှာ
တရားခံအဖြစ်​ပါဝင်​ခွင့်​ရခဲ့တဲ့အတွက်​​ကျေးဇူးတင်​တယ်

အစအလယ်အဆုံး
အပြည့်​အဝမရလိုက်​တဲ့
ကျေးဇူးတင်​ခွင့် အတွက်
ကျေးဇူးတင်​တယ်

၁၁
ပဋိပက္ခ​တောင်​ပံအခတ်​မှာ ပျက်​ကျသွား​သောလကို
စတုတ္ထအကြိမ်​​တွေ့ရှိခိုက်​​ရေး​သောကဗျာ

အခန်းဆက်​ပုံပြင် အဆုံးသတ်​သွားမှာ
စိုးရွံ့ မိတာအပြစ်​အလား
မိန်း​မောမှုကို တမ်းမက်​ရင်
မွန်းကျပ်​ခြင်းကိုလဲလက်​ခံရလိမ့်​မယ်​လို့
တဂိုးရဲ့ လိပ်​ပြာ​က ငါ့ကို​ပြောတယ်

ပထဝီမှာဆိုတာဘာမှန်းမသိခင်​ကတည်းကိုက
မြေကြီးနဲ့အကျွမ်းဝင်​ခဲ့တဲ့​ကောင်​ပါ

ခြေ​ထောက်​တစ်​ဖက်​လပ် ကင်း​ခြေများက
အခန်း​မျက်​နှာကျက်​​ပေါ်က​နေ​ချောင်းကြည့်​​နေတယ်
ဆန့်​ထုတ်​လိုက်​တဲ့ အ​တွေး​တွေမှာ
အတွန့်​အတက်​​တွေနဲ့
နာရီအိုကြီးရဲ့ ညည်းညူသံဟာ
ငါ့နားစည်​ကို ကန့်​လန့်​ဖြတ် ရိုက်​ခတ်​လျက်

အနာယဉ်း​နေတဲ့ ပုရပိုက်​မှာ တခမ်းတနား​ရေးထိုးထားတဲ့
တမ်းချင်းတစ်​ပွင့်​အ​ပေါ်
ဆောင်းတစ်​ပြိုက်​နှစ်​ပြိုက် ရွာစပြုစဉ်​မှာပဲ
ချိန်​ခါမ​တော်​ ကို​ရွေဖားကို
ဘယ်​လှည်းတက်​ကြိတ်​တယ်​မသိ
စူးစူးဝါးဝါးထ​အော်​​လေရဲ့ 
မ​ပြေး​သော်​ ကန်​ရာရှိ
ပြေး​သော်​ ခံရာရှိ

ငါမှားပြီလို့သိလိုက်​ရချိန်​မှာ
အမှန်​တရားက
လိုက်​မမှီနိုင်​တဲ့အကွာအ​ဝေးမှာ​ရောက်​နှင့်​​နေခဲ့ပြီ....
.....

၁၂
နိဂုံး

ငါ့ရဲ့ ဒမ်​မီမိုးမ​လေး​ရေ....

ဂျန်​နန်​ဝါရီ ၁၇ ၂၀၁၆
အဆုပ်​လိုက်​အခဲလိုက် ရွက်​လွင့်​​နေတဲ့
တိမ်​တပ်​​တွေမှာ
လျပ်​စီးလက်​နက်​​တွေ တပ်​ဆင်​ထား​ကြောင်း
နှောင်းမိုးရဲ့​ပြောကြားချက်​ကို
ငါမယုံခဲ့မိ
အဂ္ဂိရတ်​ဆရာရဲ့ ဓာတ်​​ပေါင်းဖိုထဲက​နေ
ပြသဒါးက ငါ့ကိုမျက်​​မှောင်ကြုတ်​ပြီးကြည့်​တယ်
ကော်​ပတ်​အကြမ်းနဲ့တိုက်​ထားတဲ့
ကော်​ဖီတစ်​ခွက်​ထဲ
ဆေးပြင်းလိပ်​ပြာ​တွေ ပြုတ်​ကျပြီး
ကမ်း​မမြင်​ပေမယ့်​ ​ရေပြင်​ရှိသမျှကို
လမ်းလို့တွက်​ယူရမယ့်​ပုစ္ဆာတစ်​ပုဒ်
လျပ်​စီးလက်​သွားခဲ့ရတယ်

မောင်း​ထောင်းသံ ဟာ
တစ်​ဆင့်​စကား တစ်​ဆင့်​နားနဲ့
ဗုံကြီးသံဖြစ်​သွားရတာကို အ​ကြောင်းပြုပြီး
ဂစ်​တာနဲ့ ဒုံမင်းတို့ အငြင်းအခုံဖြစ်​ကြတဲ့ပွဲမှာ
ကြိုးအများကြီးထိန်​သိမ်းရတဲ့ဒုံမင်းက
စစ်​ရှုံးသွားခဲ့တယ်
ကြိုးညှိရင်းက
တ​ထောင်းထောင်း​ ပြတ်​ထွက်​ကုန်​တာ​​ကြောင့်
မတိုက်​လိုက်​ပဲရှုံးသွားတဲ့စစ်​ပွဲလို့လဲ​ပြောလို့ရတယ်
အ​ရှုံးဘက်​မှာပါရမီရင့်​သန်​မှုနိမိတ်​ပုံ ဟာ
ငါ့ရဲ့ဂီတဖြစ်​​ကြောင်း
ပရိတ်​သတ်​ရဲ့​တစ်​ခဲနက်​ဩဘာ​ပေးသံကိုလဲ
ကြားနိုင်​ပါတယ်

ငါ့ရဲ့ FF VIII ဂိမ်းမ​လေး​ရေ....
ဖြေ​လျော့ခဲ့ဖူးတဲ့ဆံနွယ်​​တွေ
အခြားတစ်​​ယောက်​ ​မေးတင်​​နေ​ရော့မလားဆိုတဲ့အ​တွေးမှာ
ငါအခါခါ​သေတယ်
အ​ရောင်​စုံအ​သွေးစုံ ခမ်းနားလွန်​ အမှတ်​တရ​တွေက
ကု​ဋေကုဋာမကများပြားလွန်းခဲ့
ငါ့​ကောင်းကင်​မှာ
နေ လ ကြယ်​ နဲ့ တိမ်​တို့
မှားယွင်းပွင့်​​ဝေတဲ့ဖြစ်​ရပ်​အတွက်
ငါ့မှာသာအဓိကတာဝန်​ရှိပါတယ်
မင်းရဲ့​ကောင်းကင်​နဲ့ ငါ့ရဲ့​ကောင်းကင်
တစ်​ခုတည်း​မဖြစ်​နိုင်​တော့တဲ့ အ​ခြေအ​နေမှာ
ငါ့​ကောင်းကင်​ကိုပင်​လယ်​ထဲလွှင့်​ပစ်​ပြီး
မင်း​ကောင်းကင်​နဲ့ပဲ
ရှင်​သန်​သွားချင်​တာ
ငါ့ရဲ့​နောက်​ဆုံးဆန္ဒပါ

စောင်းငဲ့မကြည့်​ပါနဲ့
အ​နောက်​တည့်​တည့်​လှည့်​မကြည့်​နိုင်​ရင်
ကျောသာခိုင်းထားလိုက်​ပါ
မင်းအ​ကြောင်း​ရေးတဲ့ငါ့ကဗျာ​တွေဟာ
မင်းရဲ့​ကျောဘက်​မှာလား ရင်​ဘက်​မှာလားဆိုတာ
မ​ပြောပဲနှစ်​​ယောက်​သား​ နားလည်​​နေခဲ့ပြီးသားပဲ​လေ
ငါ့ရဲ့​ပေါက်​ကရ​ကောင်​မ​လေး​ရေ ...
ငါ့ရဲ့ ဒမ်​မီမိုး​မ​လေးရေ...
ငါ့ရဲ့ မ​ပြောင်းလဲတဲ့သံစဉ်​မ​လေး​ရေ...
ငါ့ရဲ့ FF VIII ဂိမ်းမ​လေး​ရေ....
ငါ့ရဲ့ဝင်​ရိုးစွန်းမ​လေး​ရေ...
ငါ့ရဲ့!!!!!!!!... .... ....
ငါ့ !!!!!! !!!!! !!!! !!! !! ! ... .. .

ချိုကိုဘို

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...