Saturday, January 30, 2016

လေးနက်​မှု​တွေအ​ကြောင်း​ပြောရင်
ရင်​ဘတ်​​အောင့်​လွန်းလို့
ပေါ့​ပေါ့ပါးပါးပဲ​ ​ပြောပါရ​စေ
ငါ့မိုးကုတ်​စက်​ဝိုင်းမ​လေး​ရေ...
မင်းကိုငါ ​သေ​လောက်​​အောင်​ ​ချစ်​တယ်
ပြီး​တော့...
သေ​လောက်​​အောင်​ ရဲ့ ဟိုဘက်
ကမ္ဘာတစ်​ခြမ်းမကကျော်​သွား​အောင်
လွမ်းတယ်​ဟာ...

ချိုကိုဘို

Wednesday, January 27, 2016

TO NO BODY

ကျွန်ေ​တာ်​သာ
မိုးကုတ်​စက်​ဝိုင်းခရီးသည်​ဖြစ်​ခဲ့ရင်
ခင်​ဗျား​လေးဟာ
ကျွန်​​တော့်​ရဲ့ မိုးကုတ်​စက်​ဝိုင်း ပါပဲဗျာ

ချိုကို

ပေါက်​ကရ ၅၄

ပေါက်​ကရ ၅၄

ကောင်မလေးရေ
မင်းပြောခဲ့ဖူးပါတယ်
#လွမ်းတယ်ဆိုတာရင်ဘတ်ထဲကို #ခပ်တုံးတုံးအရာနဲ့
#ထိုးစိုက်ခံနေရသလိုပဲ ဆို

#ကိုယ်နဲ့မတွေ့ရရင်
#စားပွဲပေါ်ကစာအုပ်တွေဘောပင်တွေ #အိုအားလုံးအားလုံးခြောက်သွေ့နေတာပဲ ဆို

#ကိုယ်နဲ့တွေ့မှ
#အရာရာကအသက်ပြန်ရှိသွားတာပဲ ဆို

အခုတော့
အဲဒီသက်မဲ့ ပစ္စည်းတွေကြား
ကိုယ့်ကို ပစ်ထားတော့မလို့်လားချစ်သူ

ချိုကိုဘို

အိပ်တန်းပျောက်ငှက်ငယ်များသို့ ၁

အိပ်တန်းပျောက်ငှက်ငယ်များသို့ ၁

အဲဒီမှာ ကဗျာဈန် ကြိုးလျော့ပြီး
ကြိုးညှိကိရိယာပျောက်နေတဲ့
ကဗျာဆရာဆိုသူတစ်ယောက်ရှိတယ်

အဲဒီမှာ အဆစ်တိုင်း သံချေးခြစားပြီး
တချွင်ချွင် အသံထွက်နေတဲ့
သတ္တုလှေကား တစ်ခုရှိတယ်

အဲဒီမှာ တစစီအက်ကွဲပြိုကျပြီး
တချို့ ရေထဲမျောပါ
တချို့ ပက်ကျားအက်တွေထဲ ပိတ်မိနေတဲ့
ကောင်းကင် အပိုင်းအစတွေရှိတယ်

အဲဒီမှာ မုန်တိုင်းမိပြီး
ရွာလည်နေတဲ့
မုန်တိုင်းတစ်ချို့ ရှိတယ်

အဲဒီမှာ ခုရိုက်ခုယူ
အမြန် ဟိုင်းဝေးလမ်းမှားတွေရှိတယ်

အဲဒီမှာ
ညှင်းလိုင်းထဲရောက်နေတဲ့
ဂျိုကာတစ်ချပ်ရှိတယ်

အဲဒီမှာ အချိန်ပြည့်မူးနေတဲ့
မထိုင်တတ်ရင် ထိုင်သူကိုပါမူးစေတဲ့
ကုလားထိုင်တစ်လုံးရှိတယ်

အဲဒီမှာ ဒီရေတက်ချိန် ကျချိန်
မတွက်တတ်တဲ့
ဗျိုင်းအိုတစ်ကောင်ရှိတယ်

Chocobo

မြစ်ဖျား

မြစ်ဖျား

မပြောရဲဘူး
လေးနက်မှုတွေအကြောင်း
ပြောလိုက်ရင်ပေါ့သွားမှာစိုးတယ်

မပြောရဲဘူး
တမ်းတမှုတွေအကြောင်း
ပြောလိုက်ရင်နွမ်းလျမှာစိုးတယ်

မပြောရဲဘူး
နာကျင်မှုတွေအကြောင်း
ပြောလိုက်ရင် အနာယဉ်းမှာစိုးတယ်

မပြောရဲသမျှတွေ
ရင်ဘတ်ထဲစုမိဆောင်းမိရှိလာတဲ့အခါ
ကဗျာတွေအဖြစ်
သွင်သွင်စီးဆင်းသွားကြရဲ့

Chocobo

အဖြေရှာ

အဖြေရှာ

#ဘယ်လိုမျိုးလဲ မမေးနဲ့
ဘဝဆိုတာ
မေးခွန်းတွေနဲ့ချည်းအလုပ်မဖြစ်ဘူး
သူ့ဆီမှာလဲမေးခွန်း
ကိုယ့်ဆီမှာဘဲမေးခွန်း
ခင်ဗျားဆီမှာလဲမေးခွန်း
အားလုံးဟာမေးခွန်းပိုင်ရှင်တွေချည်းလိုပါလား

အခုကစ
မေးခွန်းတွေမေးရင်း
အချိန်ကုန်နေမဲ့အစား
#ကိုယ်တိုင်အဖြေရှာလိုက်စို့လား
ဒါဟာမေးခွန်းအားလုံးအတွက်
အကျုံးဝင်တဲ့အဖြေပဲသူငယ်ချင်း

Chocobo

မျက်ရည်များဖြင့်ဆေးကြောခြင်း

မျက်ရည်များဖြင့်ဆေးကြောခြင်း

ကောင်းကင်ကြီးတစ်ခုလုံး မိတ်ကပ်ညိုတွေခြယ်သ
လျပ်ပန်းတွေတဖျတ်ဖျတ်ပွင့်
ဟော.. ကြည့်... သူငိုတော့မယ်..
့ဘုရားသခင်ထံပို့တဲ့ ဆုတောင်းစာမှာ
စေတန်ရဲ့လက်မှတ်ကိုမှားထိုးမိခဲ့တဲ့
ကမ္ဘာမြေအတွက်ပေါ့

Chocobo

မြေဆွဲအားကို အိပ်ထောင်ထဲထည့်ထားတယ်

မြေဆွဲအားကို အိပ်ထောင်ထဲထည့်ထားတယ်

လေအဝှေ့ ဟန်ချက်ပျက်သွားတဲ့
လက်ပံပွင့်တွေ
အရိုင်းဆန်ဆန် ကလျက်
သီခြား လေထီးမပါပဲ မြေကြီးပေါ်
အလုအယက်ခုန်ချလာကြတယ်
တကယ်တော့ကျွန်တော်ဟာ လက်ပံလို
ဝမ်းတွင်းပါလေထီးနဲ့
မွေးဖွားလာသူဖြစ်တယ်

Chocobo

Tuesday, January 26, 2016

ပေါက်​ကရ ၅၃

ပေါက်​ကရ ၅၃

လွမ်းလိုက်တာကောင်မလေးရေ
အနေဝေးပေမယ့်
အဝေးနေ မဟုတ်ဘူးဆိုတာ
ယုံကြည်ပေးပါ

အခုနေမင်းနဲ့တွေ့ခွင်ရမယ်ဆို
ကိုယ့်တောင်းဆိုချင်တာတစ်ခု
မင့်းကိုယ်ပေါ်မှာထိုးထားတဲ့
ကိုယ့်နာမယ် တက်တူကို
တစ်ကြိမ်လောက်ဖြစ်ဖြစ်
နမ်းရှိုက်ခွင့်ရချင်မိပါရဲ့

ချိုကိုဘို

ပေါက်​ကရ ၅၂

ပေါက်​ကရ ၅၂

ကောင်မလေးရေ
ငါ့နှလုံးသားမြို့တော့်ရဲ့
ဆင်ခြေဖုံးအရပ်မှာ
မင်းကိုမွေးဖွားခဲ့ပေမဲ့
အဲဒီနေရာဟာ မြို့ကလေးရဲ့
အကျယ်ဝန်းဆုံးအပိုင်းဖြစ်သလို
ငါအမြဲစတည်းချတဲ့နေရာလဲဖြစ်တယ်
အထူးသဖြင့်
မြို့ကလေးရဲ့ တည်ငြိမ်မှုအရှိဆုံးနဲ့
နေရာလေးပါ

အလုံးစုံသော ငါ့ရဲပိုင်ဆိုင်မှုတွေစုစည်းရာ
ဒီနေရာလေးမှာ
မင်းစိတ်တိုင်ကျ
ရွှင်လန်းပါ ပျော်မွေ့ပါ ချစ်သူ

ချိုကိုဘို

ပေါက်​ကရ ၅၁

ပေါက်​ကရ ၅၁
ကောင်မလေးရေ
အရမ်းချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းဟာလေ
အခါရာထောင် ပြောပြီးလည်း
ထပ်ပြောချင်နေတုန်း
အခါရာထောင် ကြားပြီးလည်း
ထပ်ကြားချင်နေတုန်း
#မပြောမပြီးပြောမပြီး ပါပဲဆို
ချိုကိုဘို

ခရီးတ​ထောက်​၌​တွေ့ ရှိ​သော ပန်းတိုင်​အ​ယောင်​​ ဆောင်​ထားသည့်​ခလုတ်​ကန်​သင်းများကိုရှင်းလင်း ရန်​​ရေး​သောကဗျာ

ခရီးတ​ထောက်​၌​တွေ့ ရှိ​သော ပန်းတိုင်​အ​ယောင်
ဆောင်​ထားသည့်​ခလုတ်​ကန်​သင်းများကိုရှင်းလင်း
ရန်​​ရေး​သောကဗျာ

စက်​ဘီး​ခြေနင်းတစ်​ခု
နိမ်​တုံမြင့်​တုံဖြစ်​​နေမှ
စက်​ဘီး​ရွေ့လျားဖို့ energyကိုရတယ်
မျက်​​စေ့မှန်​ဘီလူးရဲ့
Focus အ​ပြောင်းအလဲ မှာ
အက်​စီးဒက်​တစ်​ခု
စူးခနဲလက်​ခနဲ​ မွေးဖွားတယ်
ကိုယ်​တိုင်​ပတ်​သက်​ခဲ့ဖူး​သော
မိုးပျံပူ​ဖောင်းများ ​လောင်​စာမကုန်​မီ
နှစ်​ပက်​​​လောက်​​တော့ခွင့်​ပြုပါ
မူလညစာအစာမ​ကြေမီ
တည်​ခင်းတဲ့ ညလယ်စာမှာ
ဆားသားဟင်းကအဓိကဟင်းလျာအ​​နေနဲ့ 
ပါဝင်လာတယ်
တွေ့ထိဖန်များလွန်းလို ဖြစ်ေ​ပ်ါလာတဲ့
ပွန်းရှမှုေ​တွဟာ
အကျွမ်းဝင်ခြင်းကို​ ​ဖေါ်ပြတယ်
စခန်းသာမေ​ရာက်​မီ​​စပ်ကြားသုံးစွဲရန်
ရင်ကွဲဇရပ်တစ်​​​​​ခု​ဆောင်​ထားတယ်
အစီအစဉ်​​ကြေငြာသူနဲ့အခမ်းအနားသဘာပတိ
တစ်​​ယောက်​တည်းဆိုတာ
ပရိတ်သတ်မသိပါ​စေနဲ့ 
လမ်း​​ဟောင်း​ကို
နာမည်အသစ်ကင်ပွန်းတပ်လိုက်ရုံနဲ့
်လမ်းသစ်ဖြစ်ေ​ရာလား
နာရီတစ်​လုံးမှာပါတဲ့
လက်​တံ​တွေရဲ့အသွားနှုန်းနဲ့ 
ရောက်​ရှိခရီးတန်​ဖိုး ​ပြောင်ြး​ပန်​အချိုးကျတယ်
နိယာမတိုင်းမှာရှိ​လေ့ရှိထရှိတဲ့ ချွင်းချက်​​တွေကို
မြင်​သာ​အောင် ​Hight light လုပ်​ပြီး
Bookmark မှတ်​ထားတယ်
စစ်​မ​ရောက်​မီ ရိက္ခာအတွက်​အမဲလိုက်​ရင်
လက်​မ​ချော်​ဖို့ဂရုစိုက်​ပါ
သုံးပြီးသားမြားကို ပြုပြင်​ပြီး
ထပ်​တလဲလဲပြန်​သုံးလို့ရပါတယ်
မီးတုတ်​အတွက်​သုံးတဲ့​လောင်​စာကို
မီးပုံပွဲအတွက်​မသုံးပါနဲ့
သံလိုက်​အိမ်​​မြှောင် လက်တံအတွက်
အပို​​ spare part ​ဆောင်ထားတယ်
လမ်းဆုံလမ်းခွလမ်းခွဲ​တွေမှာ အပိုလက်​တံက
ပြတဲ့လမ်းကို​ရွေးတယ်
တောနက်​​လေ သာယာ​လေ သားရဲ​ပေါ​လေ

နောက်​​ကြောင်း​​ပြန်​ခရီးက​တော့ ဘယ်ေ​တာ့မဆို
အသွားခရီးထက်​လွယ်​တာချည်းပါပဲ
အလွယ်​ခရီးရဲ့ဆုံးသတ်​မှာ
ပန်းတိုင်​ရှိမရှိ မ​သေချာတာ​လေးတစ်​ခုပဲ

Chocobo

ဘာတဲ့
"ပန်းပျိုးသူဥယျာဉ်​မှူး"
"ဥယျာဉ်​မှူးပန်​မခူးရ"
စတဲ့ သနပ်​ခါးတု​တွေကျံထားတဲ့
စကားလုံး အရွအထ​တွေနဲ့
သနားစရာဥယျာဉ်​မှူး​တွေကို
ကိုယ်​ပန်းကိုယ်​ပြန်​ခိုးရတဲ့ သူခိုးဖြစ်​​အောင်
လုပ်​ကြံထားခဲ့တဲ့ ပညာရှိ​တွေကို
သိပ်​မုန်းတယ် ​မေ​မေ

Chocobo

ဒီဂျစ်​တယ်​​ခေါတ်​မှာလူလုပ်​စားရတာ
ခြေလှမ်းအများစုကို
အလှမ်းကျယ်​မှ​တော်​ကာကျတယ်
ခောတ်တုံး​​နေတဲ့ ​ရှေးစကား​​တချို့ ကို
တရိုတ​သေ​ရွှေနားကွပ်​မှန်​​ဘောင်​သွင်း
ဲပြတိုက်​မှာသိမ်းထားလိုက်​တယ်

Chocobo

တစ်​ခုခု​ကြောင့်
ကိုယ်​ခုလုခုလုဖြစ်​​နေရင်
အဲဒီတစ်​ခုခုလဲ
ကိုယ်​​ကြောင့်​ခုလုခုလုဖြစ်​​နေဖို့
သေချာသ​လောက်​ပဲ

အားမနာနဲ့
ရှင်းပစ်​လိုက်​ကိုယ့်​ကိုယ်​ကိုယ်
်​အဲဒီတစ်​ခုခုဆီက​နေ

Chocobo

သင်​ လူကြီးလား လူငယ်​လား ဘာမဟုတ်ညာမဟုတ်လား

သင်​ လူကြီးလား လူငယ်​လား
ဘာမဟုတ်ညာမဟုတ်လား

လူငယ်ရဲ့အသံကိုစွင့်​ဖို့
တချို့​သောလူကြီးဆိုသူ​တွေကို
နားအပိုအသစ်​တပ်​​ပေးရမယ်
သူတို့နား​တွေ​ဟောင်းလွန်းနေတယ်

လူကြီး​​တွေရဲနှလုံးသားကို မြင်ဖို့ 
တချို့​သောလူငယ်ဆိုသူ​​တွေကို
မျက်​လုံးရင့်​ရင့်​​အပို တပ်​​ပေးရမယ်
သူတို့မျက်​လုံး​တွေ နုလွန်းတယ်

ကျွန်​​တော်​က​တော့
လူကြီးလဲမဟုတ်​ လူငယ်​လဲမဟုတ်
ဘာဆိုဘာမှမဟုတ်​တဲ့အတွက်
ဘာဆိုဘာမှတပ်​စရာမလို​တော့

Chocobo

Monday, January 25, 2016

လောက သို့တိမ်းညွတ်​ခြင်း

လောက သို့တိမ်းညွတ်​ခြင်း

တကယ်​​တော့​လူသားဟာ
လောကရဲ့အစိတ်​အပိုင်းအ​သေး​လေးတစ်ခုမျှသာ
ထို့​ကြောင့်​ လူ့​လောကလို့ ​ပြောမဲ့
လောကသား လူ လို့​ပြောပါ

လ​ပေါ်လူ​ရောက်​တာကို
လူ​တွေကသတင်းလုပ်​လို့မဆုံး
လူ​​ပေါ်လ​​ရောက်​တဲ့ ကိစ္စ
ဘယ်လကမှ သတင်းမလုပ်ပါ

ကျားက​​နေမြဲ​​နေ​ပေမဲ့
ပိုက​နေမြဲမ​နေ​တော့တဲ့အခါ
ဖြစ်​လာတဲ့ပဋိပက္ခအတွက်
ကျား၌တာဝန်​မရှိ

ဘယ်​အရာဖြစ်​ဖြစ်​မ​ပေါများခင်​သာ
ဆန်းသလိုထင်​ရတာပါ

လောကရဲ​နေရာအနှံ့အပြားမှာ
အခိုင်​အမာစခန်း​တွေတည်​​ဆောက်​ကြပါ
ကိုယ်​ချင်းစာတရားက
စခန်းတခုနှင့်​တစ်​ခုကြား
အလိုလို​လမ်းဖေါက်​သွားပါလိမ့်​မယ်

လောကရဲ့ပင်ကိုယ်​သ​ဘောမှာ
အဆံမရှိသလို ဟန်​လဲမရှိပါ
အနှစ်​မဲ့ခြင်းသည်​သာ
တစ်​ခုတည်း​သော
အဓိကအနှစ်​သာရဖြစ်​တယ်

လောကဟာ
အခါခပ်​သိမ်း တရားတယ်
ေ​လာကရဲ့နံရံမှာ ​​ပေါ်​​နေတဲ့ မတရားမှု​တွေဟာ
လူသား​တို့ရဲ့ ပုံရပ်စစ်များထင်​ဟပ်​​နေခြင်းသာ

Chocobo

Saturday, January 23, 2016

ပဋိပက္ခ​တောင်​ပံအခတ်​မှာ​ကောင်းကင်​မှားတဲ့တိမ်​ကို ပြန်​လည်​ပြင်​ဆင်​ရန်​​ရေး​သောကဗျာ

ပဋိပက္ခ​တောင်​ပံအခတ်​မှာ​ကောင်းကင်​မှားတဲ့တိမ်​ကို
ပြန်​လည်​ပြင်​ဆင်​ရန်​​ရေး​သောကဗျာ

ရေ​သောက်​ပြီးတိုင်းအစာမ​ကြေဖြစ်​​နေရတာ
ဘယ်​​တော့မှအနည်​မထိုင်​တတ်​တဲ့စိတ်​​ကြောင့်​ပါ
အ​ကြွေး​ကြေတာ​တောင်​အတိုးကတက်​​နေတုန်း

*မည်​သို့ဆို​စေငါသည်
ဂြိုဟ်​သားတစ်​​ယောက်​ဖြစ်​သည်* ဆိုတဲ့နှစ်​ပါးခွင်​တေးတစ်​ပုဒ်​ကို အလွတ်​ကျက်​​နေဆဲမှာပဲ ပတ်​မကြီး​ပျောက်​သွားခဲ့ရတယ်

သံစဉ်ေ​တွကွာကျသွားတဲ့ ​ညရဲ့နံရံမှာ
ဘာပုံမှမ​ပေါက်​တဲ့
graffiti တစ်​ခု​ ရွံ့​ဆေးနဲ့ ရေးဆွဲ​နေတယ်
တစ်​စုံတစ်​ရာအတွက်​ဖွင့်​ထားတဲ့
ပြတင်းတံခါးတို့ဟာ
တဝုန်း​ဝုန်းငို​ကြွေးမြည်တမ်း​​လျက်
ညည့်​လွဲ​တေးကို တကျွီကျွီသီလျက်...

အများထင်​သလို ​ကောင်းကင်​ပြိုကျသွားခြင်းမဟုတ်​ပါ
ကောင်းကင်​​ပျောက်​ဆုံးသွားခြင်းသာဖြစ်​တယ်
မှတ်​မှတ်​ရရ အဲဒီ​ညက တိမ်​ပြည့့်​ညတစ်ခု​ပါ

ပုစ္ဆာထုတ်တာ အေ​ဖြလိုချင်​လို့ပဲ ဖြစ်​​စေချင်​တာပါ
မ​ဖြေနိုင်​တဲ့​ကျောင်းသားရှာချင်​လို့ထုတ်​တဲ့ပုစ္ဆာဟာ
မှားတယ်

အရစ်​ပြုန်းသွားတဲ့ အပြုံး​တွေဟာ
နှုတ်​ခမ်း​စွန်းမှာ ပြုတ်​ကျလုတဲတဲ

အကြင်​အရပ်​၌အချစ်​မရှိ ထိုအရပ်​၌အမုန်းမရှိ
အကြင်​အရပ်​၌အချစ်​မရှိ ထိုအရပ်​၌အမုန်းရှိ၏
အကြင်​အရပ်​၌အချစ်​ရှိ၏ ထိုအရပ်​၌အမုန်းရှိ၏
အကြင်​အရပ်​၌အချစ်​ရှိ၏ ထိုအရပ်​၌အမုန်းမရှိ
ဒါဟာ
ကျွန်​တော်နားလည်တဲ့ ​​​အရပ်​​လေးမျက်​နှာပါ
ကျွန်​​တော်​​ခြေဦးလည်​တာက​တော့
နောက်​ဆုံးအရပ်​တစ်​ခုတည်းသာ

Chocobo

ပဋိပက္ခ​တောင်​ပံအခတ်​မှာ ​​ခေါင်းစဉ်​အမှား​ကြောင့်​ ​ဝိုင်​တိမ်​နစ်​သွား​သောကဗျာ​တစ်​ပုဒ်

ပဋိပက္ခ​တောင်​ပံအခတ်​မှာ ​​ခေါင်းစဉ်​အမှား​ကြောင့်
ဝိုင်​တိမ်​နစ်​သွား​သောကဗျာ​တစ်​ပုဒ်

နှစ်​လွန်းတင်​လဲ ကြိုးဟာကြိုးပါပဲ
ဒေါင်​​ဒေါင်​မြည်​ အသည်းဆိုတာလဲ
ခွဲသူမရှိခင်​သာ မာနိုင်​တဲ့အမျိုး

မွန်းတယ်
နစ်​နစ်​နဲနဲမွန်းတယ်

ကောင်းကင်​မှားတဲ့ကြယ်
ကောင်းကင်​မှားတဲ့လ
ကောင်းကင်​မှားတဲ့​နေ
အားလုံးကို 100% ပွင့်​ခွင့်​​ပေးပြီးကာမှ
အညှာကမ​ဖြတ်​ပဲ
ပွင့်​ချပ်​လွှာ​​တွေကို တစ်​လွှာချင်း​ခြွေချခံရတယ်
အခင်းဖြစ်​ရာအရပ်​မှာ
နှလုံး​သွေးတို့မြင်​မ​ကောင်း​အောင်
တစစီကျဲပြန့် ​လျက်

ရေးမကူးတတ်​မှန်းသိပါလျက်
ယက်​ကန်​ယက်​ကန် အဖြစ်ကို
ေ​လျာင်းရက်ရှုစား​​နေရက်​တယ်
တံခါးမပါတဲ့
အလုံပိတ်​အခန်းထဲ ငါနဲ့ ငါ့ကြွေကွဲခြင်းဟာ
တစ်​ဦးရဲ့​အောက်​စီဂျင်​ကို တစ်​ဦး
အပြန်​အလှန်​လုယက်​​နေကြရ

#အပင်​သိပါလျက်​ တိမ်ဖုံးရက်စက်​ အ​ပွေးမမြင်​ခဲ့
#​ဆေးသိပါလျက်​ ​နွေမိုး​ဆောင်းအဆက်​ ​ဆေးမမီခဲ့
Chocobo

".'.'.'CHO"

".'.'.'CHO"

နိဒါန်း
နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ
နှင်းမြူတို့ပွင့်ဝေစဉ်
ရင်​မှု အနုပညာ​တွေသီးပွင့်​လာခဲ့တယ်
မိုးတစ်​ရာရဲ့ကမ်း​ခြေမှာ
လှော်​တက်​မပါတဲ့​လှေတစ်​စီးနဲ့
ရွာလည်​​နေတုန်းက​တော့
အဆင်​​ပြေသလိုရှိခဲ့ပါရဲ့
ဆောင်း​တစ်​ရာရဲ့ မနက်​ဦး​တွေမှာ
နှင်း​ခေါင်​တော့မှပဲ
တစ်​ရာမပြည့်​ခင်​ သက္ကရာဇ်​​ကြွေ ခဲ့ရပြီ​ပေါ့
ငါ့ရဲ့...
မ​ပြောင်းလဲတဲ့သံစဉ်​​မ​လေးရေ...
၂
ဇာတ်​ကြောင်းပြန်
ဂျူလိုင်​ ၆ ၂၀၁၅..
အဲဒီမတိုင်​ခင်​က
ငါ့ကောင်းကင်​ဘုံမှာအုံဇုံးလွှာမေ​ပေါက်​​သေးပါ
ငါ့ဝန်းကျင်​​လေထုဟာ ​အောက်​ဆီဂျင်​မငတ်​​သေးပါ
ငါရဲ့​မြေကြီးကလဲ ပထဝီဓာတ်​မချို့်တဲ့​သေးပါ
နှလုံးသားသည်​ ရံခါရံဖန်
ဆာ​လောင်​ခြင်းတချို့ရှိ​သော်​လည်း
ငတ်​မွတ်​ခြင်းဆီ​တော့မ​ရောက်​​သေးပါ
ငါ​ကောင်းကင်​မှာပွင့်​တဲ့ပန်း​တွေထဲ
အထီးကျန်​ခြင်းဟာ
ငါ့အနှစ်​ခြိုက်​ဆုံးပန်းတစ်​ပွင့်​ဖြစ်​ခဲ့တယ်
မြစ်​တို့၏ မာယာဆိုတာ
ရေအလျဉ်​တစ်​ခုဆိုတာထက်​ပိုမသိခဲ့
ကျောက်​​စောင်းထက်​ ​ရေ​စောင်းထက်​​သော
ပြဇာတ်​တစ်​ပုဒ်​မှာ
ပါဝင်​ကပြမိတဲ့အချိန်​ထိ​ပေါ့
ငါ့ဝင်​ရိုးစွန်း​မ​လေးရေ...
ဂျူလိုင်​ ၆ ၂၀၁၅
ရှောင်​လွဲမရနိုင်​တဲ့ကံကြမ္မာဟာ
နိုးလျက်​မက်​​သော ခရမ်းပြာ​ရောင်​အိမ်​မက်​ကိုဝတ်​ဆင်​ပြီး 
ကယ်​တင်​ခြင်းဆိုတဲ့အမည်​နဲ့​ရောက်​လာ​တယ်
ရေခဲ​တောင်​ကြာပွင့်​ကိုက်​ပြီး​မွေးလာတဲ့ငါဟာ
မီး​တောင်​မ​သေမရှင်​ထဲပစ်​ချလိုက်​သလိုနည်း​မျိုးနဲ့
ကယ်​တင်​ခြင်းခံလိုက်​ရတယ်
အလွန်​အမင်းရယ်​​မော​ပျော်​ရွှင်​ရခြင်းဟာ
မျက်​ရည်​မိုးအတွက်
ငွေရည်​ဖြွဲ့ခင်းဖြစ်​​ကြောင်း
ငါဖတ်​ဖူးတဲ့စာ​တွေရဲ့သတိ​ပေးချက်​ကို
လျစ်​လျူမိခဲ့တဲ့အတွက်
နောင်​တမရမှာ​တော့​သေချာတယ်
ငါလဲ....လူလုပ်​ချင်​​သေးတယ်​လေ
ငါ့ဝင်​ရိုးစွန်းမ​လေး​ရေ...

ဩဂတ်​စ်​ ၂ ၂၀၁၅
ငါ့ရဲ့​ပေါက်​ကရ​ကောင်​မ​လေး​ရေ..
အဲဒီ​နေ့ဟာ
#ငါ....လူဖြစ်​ပြီ ဆိုတဲ့ ကဗျာကို
မင်းဖန်​ဆင်း​ပေးတဲ့ကောင်းကင်​မှာ
နှလုံး​သွေးနဲ့​ရေးထိုးခွင့်​ရခဲ့တဲ့​နေ့
ငါဟာငါမဟုတ်​​တော့ပဲ
ဒြပ်​စင်​ဘဝက​နေ ဒြပ်​​ပေါင်းဖြစ်​သွားတဲ့​နေ့
မင်း​ပေးတဲ့ မင်းရဲ့ချစ်​သူဆိုတဲ့ဘွဲ့ကို
ထိုက်​ထိုက်​တန်​တန်​ ရရှိခဲ့တဲ့​နေ့
တစိ​ထောင့်​တစ်​ညပုံပြင်​​တွေရဲ့
နောက်​ဆက်​တွဲပုံပြင်​​တွေ
စတင်​အသက်​ဝင်​လာတဲ့​နေ့....
အဲဒီ​နေ့မှာ
#.'.'.'CHO ကို မျိုး​စေ့ချခဲ့တာလဲ
များစွာ​သောမ​မေ့နိုင်​စရာ​တွေထဲကတစ်​ခုပါ
ဘာပြဲဖစ်​ဖြစ်
အလှမ်းကွာခြင်းဟာ
တစ်​သားတည်းဖြစ်​တည်​မှုကို
ဟန်ုတားနိုင်​စွမ်းမရှိ​ကြောင်း
သက်​​သေပြနိုင်​ခဲ့တာ တစ်ခုတည်းနဲ့တင်
တစ်​မှုန်​စီလွင့်​​ကြွေရကျိုးနပ်​ပါတယ်

ဖွင့်​လိုက်​တဲ့ဟင်း​လင်းပြင်​မှာ
အစိုဓာတ်​​တွေ ​မြေမခခင်​တုန်းက
ကဗျာဆိုတာ လက်​ဖျားမှာစကားလုံးသီး​နေခဲ့တာပါ
ရှင်သန်​ခြင်း​ရော ​သေဆုံးခြင်းပါ ချုပ်​ငြိမ်းရာကို
Nowhere လို့​ခေါ်ရင်
ရှင်​မရ ​သေမရ အဖြစ်​ကို​ရော ဘယ်​လို​ခေါ်ကြမလဲ
မင်း​တေးထားပြီးမ​မေးဖြစ်​ခဲ့တဲ့
#Universe ထဲဘာသွားလုပ်​သလဲ ဆိုတဲ့​မေးခွန်း
အခု​ဖြေပါရ​စေ
ငါသည်​ပင်​လျင်​ Universe တစ်​ခုဖြစ်​ကြောင်း
အတည်​ပြုချက်​ သွားယူတာပါ
တကယ်​ဆို...
မင်းလဲစကြာဝဠာ ငါလဲစကြာဝဠာ
တနည်း...
မင်းဟာလဲငါ့ရဲ့စကြာဝဠာ
ငါဟာလဲမင်း​ရဲ့စကြာဝဠာ..

Friday Night
အော်​ဂတ်​စ်​ ၁၈ ၂၀၁၅
အဲဒီညမှာ
ဟင်းလင်း​​​ပွင့်​သွားတဲ့ ​ကောင်း​ကင်​မှ
နတ်​သမီးတစ်​ပါး
ငါ့ရဲ့ခရမ်းပြာ​ရောင်​အိပ်​မက်​ထဲ
လှပစွာပျံဝဲခုန်​ဆင်းးလာခဲ့တယ်
အာသာပြင်းပြင်း စပ်​ထားတဲ့ 
ကော့​တေးခွက်​ရဲ့ နှုတ်​ခမ်းကို​တေ့ပြီး
တကျိုက်​စုပ်​လိုက်​တယ်
ငါအ​သောက်​ခံလိုက်​ရပြီဆိုတာ
ချက်​ချင်းသိလိုက်​​ပေမယ့်​ 
ရီ​ဝေတိမ်းမူးမှုထဲ​ခေါင်းမ​ဖေါ်နိုင်​​အောင်​နစ်​မြုပ်သွားခဲ့ရတယ်
ငါ့နာမည်​ကို​ရေးထိုးထားတဲ့
တက်​တူရဲ့ဖမ်းစားခြင်းကို
အားအင်​အပြည့်​နဲ့ တုန်​ရီ​​မောဟိုက်​နေတဲ့ နှလုံးသားက
ခုခံနိုင်​စွမ်းမရှိခဲ့
ခုခံလိုစိတ်​လဲမရှိခဲ့
ပိန်းပိတ်​​နေတဲ့အ​မှောင်​ထုထဲ
#LivingInSin ​တေးသွားကိုစလွယ်​သိုင်း
နတ်​သမီးနဲ့အတူခုန်​ချလိုက်​တယ်
တဖျင်းဖျင်းမြည်​​နေတဲ့​အာရုံ​ကြောတွေရဲ့အသံဟာ
တိတ်​ဆိတ်​တဲ့ညကို ​ဖောက်​ထွင်းပြီး
ဒီဂရီမြင့်​သထက်မြင့်​​တက်​လာတယ်
အသက်​ရှုသံနှစ်​ခု​ရော​ထွေး တစ်​သားတည်းဖြစ်​သွားပြီး
နောက်​​ဆုံးလက်​ကနဲမီးပွင့်​သွားတယ်
ဒါဟာ
အခမ်းနားဆုံး ဖွင့်​​ဖောက်​ဖတ်​ဖူးတဲ့ကဗျာတစ်​ပုဒ်​ပါ....

အချစ်​ဆိုတာ....
ရှင်​သန်​ခြင်း​နဲ့ ​မရဏတရားကိုဆက်​သွယ်​​ပေးရာ
လူနှစ်​ဦး​လျောက်​သာရုံအကျယ်​ရှိ
လက်​ရမ်းမဲ့​ကြိုးတံတားတစ်​ခု ...
ရှေ့အသိနှင့်​ ​နောက်​အသိတို့
စစ်​ခင်းရာ
စစ်​တလင်းမှာ ပွင့်​တဲ့ ​တောင်​ဇလပ်​ပန်း...
ရာဇဝင်​အ​စောင်​​စောင်ရဲ့ နံရံမှာ
မှုန်း​ခြယ်​ထားတဲ့
ကာရံမဲ့အသက်​ဝိညာည်....
မှော်​ရုံ​တောထဲက
ပြေးသူနှင့်​ လိုက်​သူမကွဲပြားတဲ့
အမဲလိုက်​ခန်း....
တရားလို သို့မဟုတ်​ တရားခံတစ်​ဦးဦးက
တရားသူကြီးဖြစ်​​နေတတ်​တဲ့
တရားရုံး....
ခေါင်းတခြားပန်းတခြားဖြစ်​​နေတဲ့
ဒင်္ဂါးတစ်​စရဲ့
သံစဉ်​ရှာ​ဖွေခြင်း...
တချို့လူ​တွေအတွက်
ကမ်းကခွါပြီးကုန်းပေါ်တက်​လိုက်​တာနဲ့
အလိုအ​လျောက်​​ဖောင်​ဖျက်​ပြီးသားဖြစ်​သွားတဲ့
ကမ်းတက်​စစ်​ဆင်​​ရေး...
ဆေးဖက်​ဝင်​အိပ်​မက်​​တွေနဲ့
ယက်​လုပ်​ထားတဲ့
ဒီ​​ရေတက်​ချိန်ကျချိန်​ပုံမှန်မရှိတဲ့ ​ယမကာ...
ငလျင်​​တွေ မုန်​တိုင်း​တွေနဲ့အတူ
ကိန်းသေ​တွေရှင်​သန်​လှုပ်​ရှား​နေတဲ့
ညီမျှခြင်း
ဘာသာစကားအ​ပေါ်အယုံအကြည်​ကင်းမဲ့ခြင်းနဲ့
စိတ်​ကူးအိပ်​မက်များ စကားလုံးမဲ့ခြင်းတို့ရဲ့
ဝိ​ရောဓိ
ရေခဲမြစ်​ထဲ
ဝိုင်​ယာ​လျော့တိုက်​ ငါးရှာ​တဲ့
ရေမုဆိုးရဲ့ ​တောက်​​ခေါက်​သံ
အလျင် နဲ့ အဟုန်​ မကွဲပြားတဲ့
ဆွဲအားမဲ့ ​လေဟာနယ်​ရပ်​ဝန်းက
ရူပ​ဗေဒ
ခေါက်​ချိုးညီမျဉ်းရဲ့ တစ်​ဘက်​တစ်​ချက်က
တူမျှရန်​ခက်​ခက်​​သော
ဧရိယာ နှစ်​ခု
ရင်​တုန်​လှိုက်​​မောဖွယ်​​လဲ​ကောင်း
ကြောက်​မက်​ဖွယ်​လဲ​ကောင်းတဲ့
ခြားနားမှုရဲ့ နှာ​ခြေသံ
ဘယ်​​ဆေးမှမမှီတဲ့အဆိပ်နဲ့
ဘယ်​အဆိပ်​မှမမှီတဲ့​ဆေးတို့ရဲ့
ဒြပ်​​ပေါင်း
လက်​​ဖျစ်​တစ်​တွတ်​ နဲ့ တစ်​ကမ္ဘာကို
ထပ်​တူညီ ညီမျှခြင်းဖြစ်​​အောင်
ဖြည်းစွမ်း​ပေးနိုင်​တဲ့ ကိန်း​သေ အရှင်

ကျေးဇူးပါ
ငါ့ဝင်​ရိုးစွန်း​မ​လေးရေ....
အသိုက်​နဲ့ဓာတ်​မတဲ့
ငါလိုငှက်​တစ်​​ကောင်​ကို
အိပ်​တန်း​တက်​တတ်​​အောင်
သင်​ပြ​ပေးခဲ့တာ ​ကျေးဇူးတင်​တယ်​ ....
ပြိုင်​မျဉ်းနှစ်​​ကြောင်းရဲ့ဆုံမှတ်​ရှိရာ
Infinity ​ရောက်​သည်​အထိ
မိန်းမိန်​မူးမူး
အတူရွှက်​လွှင့်​ခဲ့ရတဲ့ကာလ​တွေအတွက်
ကျေးဇူးတင်​တယ်​ ...
ပိုင်​ဆိုင်​ခွင့်​ရခဲ့ဖူး​တဲ့ အကြင်​နာ​တွေကို
ငါ့ကဗျာ​တွေထဲ သိုမှီးသိမ်းဆည်းထားခဲ့ခွင့်​ရခဲ့တဲ့အတွက်
ကျေးဇူးတင်​တယ်​ ...
ငါ့လွမ်းခင်းထဲ ထင်​ကျန်​ခဲ့တဲ့
မင်းရဲ့​ခြေရာလက်​ရာ​တွေ မင်းပြန်​ဖျက်​ဖို့ကြိုးစား​ခဲ့ပေမယ့်
ချန်​ထား​ပေးခဲ့တဲ့ ဖျက်​ရာ​တွေအတွက်
ကျေးဇူးတင်​တယ်
ဒဏ်​ရာ နာကျင်​မှု​တွေကို
အလိုရှိသ​ရွေ့
ခံစားစံစားတတ်​​အောင်
သင်​ပြ​ပေးခဲ့တဲ့အတွက်​​ကျေးဇူးတင်​တယ်
အဆင်းလမ်းမရှိတဲ့
ဝေဒနာရဲ့အထွဋ်​အထိပ်​ကို
တုပ်​​နှောင်​ပို့​ဆောင်​ပြီးမှ
ဝဋ်​ရှိသ​ရွေ့ခံ​ပေ​ရော့လို့
နှောင်​ကြိုးဖြတ်​ချထားခဲ့တဲ့အတွက်
ကျေးဇူးတင်​တယ်
တောင်​ရိုး​ပေါ်က
ခရုခွံ​လေး​တွေရဲ့
ပင်​လယ်​​အော်​သံဟာ
ငါ့ကို ​လှောင်​​ပြောင်​ရယ်​​မောတဲ့အသံဖြစ်​​ကြောင်း
ကန္တာရထဲ​ကျောက်​ချထားတဲ့
နေမှုန်​​တွေကငါကို​ပြောပြကြတယ်
ကန္တာရထဲ​ကျောက်​ချထားတဲ့​နေမှုန်​​တွေရဲ့
လင်းလက်​မှုဟာ
ငါကို​​လောင်​မြိုက်​​စေဖို့ဖြစ်​​ကြောင်း
တောင်​ရိုး​ပေါ်က ခရုခွံ​လေး​တွေက ငါ့ကို​ပြောပြကြတယ်
...

နိဂုံး
ငါ့ရဲ့ ဒမ်​မီမိုးမ​လေး​ရေ....
ဂျန်​နန်​ဝါရီ ၁၇ ၂၀၁၆
အဆုပ်​လိုက်​အခဲလိုက် ရွက်​လွင့်​​နေတဲ့
တိမ်​တပ်​​တွေမှာ
လျပ်​စီးလက်​နက်​​တွေ တပ်​ဆင်​ထား​ကြောင်း
နှောင်းမိုးရဲ့​ပြောကြားချက်​ကို
ငါမယုံခဲ့မိ
အဂ္ဂိရတ်​ဆရာရဲ့ ဓာတ်​​ပေါင်းဖိုထဲက​နေ
ပြသဒါးက ငါ့ကိုမျက်​​မှောင်ကြုတ်​ပြီးကြည့်​တယ်
ကော်​ပတ်​အကြမ်းနဲ့တိုက်​ထားတဲ့
ကော်​ဖီတစ်​ခွက်​ထဲ
ဆေးပြင်းလိပ်​ပြာ​တွေ ပြုတ်​ကျပြီး
ကမ်း​မမြင်​ပေမယ့်​ ​ရေပြင်​ရှိသမျှကို
လမ်းလို့တွက်​ယူရမယ့်​ပုစ္ဆာတစ်​ပုဒ်
လျပ်​စီးလက်​သွားခဲ့ရတယ်
မောင်း​ထောင်းသံ ဟာ
တစ်​ဆင့်​စကား တစ်​ဆင့်​နားနဲ့
ဗုံကြီးသံဖြစ်​သွားရတာကို အ​ကြောင်းပြုပြီး
ဂစ်​တာနဲ့ ဒုံမင်းတို့ အငြင်းအခုံဖြစ်​ကြတဲ့ပွဲမှာ
ကြိုးအများကြီးထိန်​သိမ်းရတဲ့ဒုံမင်းက
စစ်​ရှုံးသွားခဲ့တယ်
ကြိုးညှိရင်းက
တ​ထောင်းထောင်း​ ပြတ်​ထွက်​ကုန်​တာ​​ကြောင့်
မတိုက်​လိုက်​ပဲရှုံးသွားတဲ့စစ်​ပွဲလို့လဲ​ပြောလို့ရတယ်
အ​ရှုံးဘက်​မှာပါရမီရင့်​သန်​မှုနိမိတ်​ပုံ ဟာ
ငါ့ရဲ့ဂီတဖြစ်​​ကြောင်း
ပရိတ်​သတ်​ရဲ့​တစ်​ခဲနက်​ဩဘာ​ပေးသံကိုလဲ
ကြားနိုင်​ပါတယ်
ငါ့ရဲ့ FF VIII ဂိမ်းမ​လေး​ရေ....
ဖြေ​လျော့ခဲ့ဖူးတဲ့ဆံနွယ်​​တွေ
အခြားတစ်​​ယောက်​ ​မေးတင်​​နေ​ရော့မလားဆိုတဲ့အ​တွေးမှာ
ငါအခါခါ​သေတယ်
အ​ရောင်​စုံအ​သွေးစုံ ခမ်းနားလွန်​ အမှတ်​တရ​တွေက
ကု​ဋေကုဋာမကများပြားလွန်းခဲ့
ငါ့​ကောင်းကင်​မှာ
နေ လ ကြယ်​ နဲ့ တိမ်​တို့
မှားယွင်းပွင့်​​ဝေတဲ့ဖြစ်​ရပ်​အတွက်
ငါ့မှာသာအဓိကတာဝန်​ရှိပါတယ်
မင်းရဲ့​ကောင်းကင်​နဲ့ ငါ့ရဲ့​ကောင်းကင်
တစ်​ခုတည်း​မဖြစ်​နိုင်​တော့တဲ့ အ​ခြေအ​နေမှာ
ငါ့​ကောင်းကင်​ကိုပင်​လယ်​ထဲလွှင့်​ပစ်​ပြီး
မင်း​ကောင်းကင်​နဲ့ပဲ
ရှင်​သန်​သွားချင်​တာ
ငါ့ရဲ့​နောက်​ဆုံးဆန္ဒပါ
စောင်းငဲ့မကြည့်​ပါနဲ့
အ​နောက်​တည့်​တည့်​လှည့်​မကြည့်​နိုင်​ရင်
ကျောသာခိုင်းထားလိုက်​ပါ
မင်းအ​ကြောင်း​ရေးတဲ့ငါ့ကဗျာ​တွေဟာ
မင်းရဲ့​ကျောဘက်​မှာလား ရင်​ဘက်​မှာလားဆိုတာ
မ​ပြောပဲနှစ်​​ယောက်​သား​ နားလည်​​နေခဲ့ပြီးသားပဲ​လေ
ငါ့ရဲ့​ပေါက်​ကရ​ကောင်​မ​လေး​ရေ ...
ငါ့ရဲ့ ဒမ်​မီမိုး​မ​လေးရေ...
ငါ့ရဲ့ မ​ပြောင်းလဲတဲ့သံစဉ်​မ​လေး​ရေ...
ငါ့ရဲ့ FF VIII ဂိမ်းမ​လေး​ရေ....
ငါ့ရဲ့ဝင်​ရိုးစွန်းမ​လေး​ရေ...
ငါ့ရဲ့!!!!!!!!... .... ....
ငါ့ရဲ့ !!!!!! !!!!! !!!! !!! !! ! . .
ချိုကိုဘို

ပဋိပက္ခ​တောင်​ပံအခတ်​မှာ ပျက်​ကျသွား​သော​နေကို ဘယ်​နှကြိမ်​​မြောက်​မှန်း​မသိ ​တွေ့ရှိခိုက်​​ရေး​သောကဗျာ ၂

ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားသောနေကို
ဘယ်နှကြိမ်မြောက်မှန်းမသိ တွေ့ရှိခိုက်ရေးသောကဗျာ ၂

ဒီမှာ
မိုးကုတ်စက်ဝိုင်း ခရီးသည်
မင်းပြောတဲ့
ရီဝေဝေညနေခင်းတွေလောက်တော့
ငါကသနားတယ်
ငါဆိုအချိန်ရှိသရွေ့ ရီဝေနေတာလေ

ချိုကိုဘို

ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားသောနေကို ဘယ်နှကြိမ်မြောက်မှန်းမသိ တွေ့ရှိခိုက်ရေးသောကဗျာ ၁

ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားသောနေကို
ဘယ်နှကြိမ်မြောက်မှန်းမသိ တွေ့ရှိခိုက်ရေးသောကဗျာ ၁

အမေရေ...
မန်းဒယေး စည်လစ်ကာက
မြန်မာစည်ဘီယာနဲ့စာရင်
Lကိုဟွန်းပါဝင်မှု ပိုလဲများတယ်
ဈေးလဲပိုသက်သာတယ်
အချစ်လောက်လဲအဝင်မဆိုးဘူး
ဒါကို
အသိနောက်ကျလိုက်လေခြင်း

ငချိုကို

Friday, January 22, 2016

ပဋိပက္ခ​တောင်​ပံအခတ်​မှာ ပျက်​ကျသွား​သော​နေကို ဘယ်​နှကြိမ်​​မြောက်​မှန်း​မသိ ​တွေ့ရှိခိုက်​​ရေး​သောကဗျာ ၁

ပဋိပက္ခ​တောင်​ပံအခတ်​မှာ ပျက်​ကျသွား​သော​နေကို
ဘယ်​နှကြိမ်​​မြောက်​မှန်း​မသိ ​တွေ့ရှိခိုက်​​ရေး​သောကဗျာ ၁

အ​မေ​ရေ...
မန်းဒ​ယေး စည်​လစ်​ကာက
မြန်​မာစည်​ဘီယာနဲ့စာရင်
Lကိုဟွန်းပါဝင်​မှု ပိုလဲများတယ်
ဈေးလဲပိုသက်​သာတယ်
ဒါကို...
အချစ်​​လောက်​လဲအဝင်​မဆိုးဘူး
အသိ​နောက်​ကျလိုက်​​လေခြင်း

ငချိုကို

မိမိကိုယ်​ကိုရှာ​ဖွေရန်​ခရီးထွက်​ရင်း​ရေး​သောကဗျာ

မိမိကိုယ်​ကိုရှာ​ဖွေရန်​ခရီးထွက်​ရင်း​ရေး​သောကဗျာ

အ​ကြီးစားပြင်​ဆင်​မှုအတွက်
ဒီနေရာကျောက်​ချထားရတာ
အဆုံးသတ်​ပြီ
ယခုပင်​ခရီးစဉ်​ စမှ​တော်​​ရော့မည်
အနီးဆုံးစခန်း​ရောက်ဖို့ 
ကမ္ဘာတစ်​ပတ်​​​လောက်​​တော့
ခရီးနှင်​ရဦးမည်
ကမ္ဘာနှစ်​ပတ်​သို့မဟုတ်​ သုးံပတ်​လည်းဖြစ်​သွားနိုင်​ပါသည်

အတ္တမုန်​တိုင်းရယ်
သူနဲ့ပါလာတဲ့အစ္ဇျတ္တလှိုင်းတံပိုး တို့ရယ်​ကို
ိုဖြတ်​သန်းရန်
လုံ​လောက်​တဲ့အင်​အားလဲ
ရတန်​သ​ရွေ့စု​ဆောင်းထားခြဲ့ပီးပြီ

ခရီးစဉ်​တ​လျောက်​​တွေ့ ရတဲ့
သ​င်္ဘောပျက်​အပိုင်းအစများက
ငါရဲ့သတိကိုသတိ​မလွတ်ဖို့သတိ​ပေးနေကြတယ်
ငါ့သ​ေ​ဘၤာကိုယ္နိွုက္ကလဲ
စင်းလုံး​ချော​​တော့မဟုတ်

ခရီးတ​ထောက်​ခိုနားစရာ
ကျွန်​ကြီးကျွန်းငယ်တို့ မှာ
ေ​ရခ်ိဳရွိသည္လဲရွိရဲ့
ခိုးသားဓားပြတို့ခို​အောင်း​နေသည်​လည်းရှိရဲ့

အတားအဆီးအခက်​အခဲများကို
လောင်​စာအဖြစ်​​ပြောင်းလဲအသုံးချဖို့
နည်းလမ်း​တော့
ရှာ​တွေ့ခဲ့ပြီ ငါထင်​သည်

''ရှာ​ဖွေသူငါ''နှင့်​ "အရှာ​ဖွေခံရသူငါ"
သူတို့ နှစ်​ဦး​တွေ့ဆုံသည်​အထိ
သို့မဟုတ်
"ရှာ​ဖွေသူငါ" ကိုယ်​တိုင်
ပျောက်​ဆုံးသည်​အထိ
ဆက်​လက်​၍.....
ဆက်​လက်​၍.....

Chocobo

အရူး/အ​ကောင်း/အနှမ်း ဘာကို​ရွေးမလဲ

အရူး/အ​ကောင်း/အနှမ်း ဘာကို​ရွေးမလဲ

ကျူပင်​ခုတ်​ရင်​ကျူရိုးမကျန်​​အောင်
ဘယ်​သူမှမခုတ်​ကြ
မကျန်​​အောင်​ခုတ်​ဖို့လဲမလွယ်​ဘူး​လေ
ဒါ့​ကြောင့်​လဲ​လောကစက်​ဝိုင်းက
ပုံမှန်​လည်​ပတ်​​နေတာ​ပေါ့
မညီမျှခြင်းတစ်​ခုကို ညီမျှခြင်းချဖို့
တစ်​ဖက်​နဲနဲစီ
အတိုးအ​လျော့လုပ်​​ကောင်းပါတယ်
အ​ကျွေးအ​မွေးဧည့်ခံ​ကောင်းလို့
စည်​ကားတဲ့ပရိတ်​သတ်​ရှေ့မှာ
ကိုယ်​တိုင်​နားလည်​မလည်​မ​သေချာတဲ့
စာ​တွေဖတ်​ပြရတာမျိုး​တော့မလုပ်​ချင်​ပါ
အသားမတတ်နိင်​လို့​​စားတဲ့
သတ်​သတ်​လွတ်ဟင်းလျာ​​ဟာ
လောကမှာအညှီဆုံးပဲ
ဒီလိုလူမျိုး​တွေကို
လက်​ပံပွင့်​​တွေက​တော့
့ကြည်​ညိုချင်​ကြည်​ညိုမှာ​ပေါ့

တကယ်​​တော့အ​ကြွေးရှင်​ဆိုတာ
မ​​သေ​ေ​သးတဲ့အ​ေကြွးကို​ခေါ်တာပါ

အ​သေဆိုးနဲ့မ​သေရဖို့ဂရုစိုက်​​နေရတာနဲ့
အ​နေမဆိုးဖို့​မေ့​လျော့​နေကြတာ
သေပြီးမှ​တော့အ​သေဆိုးမဆိုး
အ​ရေးပါ​ပါအုံးမလား

အ​ကောင်းမလုပ်​နိုင်​​သေးရင် အရူးပဲလုပ်​လိုက်​မယ်
ဟိုမ​ရောက်​ဒီမ​ရောက်​ အနှမ်း​တော့
မလုပ်​​ရေးချမလုပ်

Chocobo

ခမ်းနားခြင်း

ခမ်းနားခြင်း

တေ​ဝေ​နေဆဲခဏ
ကမ္ဘာကြီးကအ​တော်​​ဝေး​ဝေး
ရောက်​သွားတယ်

လိုက်​လို့လဲမမှီ​လောက်​မှ​တော့
နေကိုတစ်​ပတ်​ ပတ်​ပြီးတဲ့အထိ
ဒီနား​လေးပဲအိပ်​​စောင့်​လိုက်​​တော့မယ်

Chocobo

မုန်​တိုင်းမျက်​စိ စပါး​မွှေးစူး​သောကဗျာ

မုန်​တိုင်းမျက်​စိ စပါး​မွှေးစူး​သောကဗျာ


န​မော်​နမဲ့တိုက်​တဲ့ခလုတ်​ နဲ့
တမင်​တကာတိုက်​တဲ့ခလုတ်
မတူတာ​တော့​သေချာတယ်
ရွေးခြယ်​ခွင့်​ရှိမယ်​ဆိုရင်
နှစ်​ခုစလုံးငြင်းပယ်​ခွင့်​ကို​ရွေးမယ်


ကြီးမှလက်​​ပေးသင်​​တော့
ပို​တောင်​တတ်​လွယ်​​သေး
WLAN Direct ချိတ်​ပြီး စီနီယာဦးထားတယ်
ည​မွှေးပန်းတို့ အိပ်တန်းတက်​​​ချိန်ကို​​စောင့်ရင်း
သွေ​​အေးလူသတ်​သမားရဲ့လက်ညိုးအ​​ကွေးမှာ
လဆုတ်သွားခဲ့
ဒီလိုနဲ့
ပုစဉ်းရင်ကွဲ အသံဝင်သွား​​​တယ်
အပျို​ဖေါ်ဝင်​စမနက်​ခင်းဟာ ကိုးဆယ်​ဒီဂရီတိမ်းစောင်းလျက်
အ​ရှေ့​ဘက်​မျက်​နှာမူကာ
အ​နောက်​ဘက်​ကိုဦးတည်​​ရွေ့လျား​နေတယ်


"ရှင်​ဘုရင့်​ပုဆိုးပိုးချည်းပဲ" ဆိုတဲ့ထုံးစံ​ကြောင့်
ရှင်ဘုရင်​​တွေ ပိုးစာမိပြီး​နေဝင်​သွားကြတယ်
အထုံးကိုစံနမူနာထားရင်း ကြာလာ​တော့
ဝစ္စ​ပျောက်​ အထုံဖြစ်​ကာ
ထုံတုံတုံ အတတ ဖြစ်​သွားတယ်

၃( က )
အ​ပွေးမြင်​ အပင်​သိတိုင်း​ပြည်​မှာ
`သီးနပ်​ခါး​တုံး´တွေ​ရောင်းကောင်းနေတယ်
ဆင်​တစ်​​ကောင်​လုံး​တွေ့တာ​တောင်
ဆင်​​ခြေရာက​ပျောက်​​ကောင်းတုန်း
ဗလရှင်​​တွေကဗလရှင်​လျက်​ဆားမစားပါ
အစွန်းထွက်​တန်​ဖိုးကို ​ခေါက်​ချိုးပြီး
အတွင်းအိပ်​ကပ်​ထဲ လူမမြင်​​အောင်ထည့်​ကြတယ်
( ဒါကို​မြွေ​ပွေးခါးပိုက်​ပိုက်​လို့​ခေါ်တယ် )
ဆီသည်​မလက်​သုတ်​ပုဝါ​လူသုံး​များလာတာကို
အာဒံကအ​ရှေ့မြို့ရိုးမှာ
နတ်​မြင်းကိုစီး ပန်းသီးကိုက်​ရင်း
ဆော်​ဒါပြုံးပြုံးတယ်
ပြွေတစ်​​ချောင်း​နဲ့လူရာဝင်​လာတဲ့
အလမ္မာယ်​ဆရာဟာ နဂါးပြည်ကိုသိမ်းဖို့အကြံထုတ်​​နေစဉ်
အိပ်​မက်​ထဲ​လင်းမြွေ​တွေ့ပြီး
လန့်​​သေသွားရှာတယ်

၃( ခ )
နေ့တိုင်း​မြင်​​တွေ့​နေရရင်​မထူးဆန်း​တော့ဘူးဆိုတဲ့
လူဝင်​စား​တွေဟာ လူဝင်​စားဆိုတာကို
တအံ့တဩဝိုင်းအုံကြည့်​ရှု​နေကြတာ
ကျွန်​​တော်​ဖြင့်​အံ့ဩမဆုံး
စကားလုံး​တွေ
အရိပ်​ထဲမှာစနစ်​တကျအ​ခြောက်​ခံထားပြီးမှ
ရေခဲရိုက်လိုက်​မိတာ မှိုတက်​ကုန်​လို့ပစ်​လိုက်​ရတယ်
အဆီတဝင်းဝင်းမျက်​နှာ​တွေကို
နေ့ဖက်​အိပ်​တန်းဝင်​ခိုင်းထားလို့ရရင်​​ကောင်းမယ်
( မျက်​စိကျိန်းလွန်းလို့ )
ပုဝါမကူ​ရေမရူး​ကြေးဆိုရုံနဲ့လဲ
မီးနီဖြတ်​​မောင်းခွင့်​လို့အဓိပ္ပါယ်​မသက်​​ရောက်


အလိုတူအလိုပါ ပျက်​ကျသွားပြီးမှ
မရှိ​တော့တဲ့လက်​သမားဆရာကို အပြစ်​ဖို့တာ__
ကျောကုန်းကဘု​ကြောင့်​ကုန်းကုန်းကွကွဖြစ်​တိုင်း ကမ္ဘာ့ဆွဲအားကိုအပြစ်​ဖို့တာ__
လူ့ယဉ်​​ကျေးမှုလို့ တချို့ကသတ်​မှတ်​တယ


အခန်း​ထောင့်​ခပ်​ကျဉ်းကျဉ်းမှာ
ကျို့ကျို့က​လေးထိုင်​ကာ
ကြူကြူပါ​အောင်​ငို​​သွေးသွမ်းလျက်
ကြွတ်​ကြွတ်​ညံ​နေတဲ့ ပါတီပွဲကို
ခပ်​ကျဲကျဲဝိုင်​စကီနဲ့ ​မြှောချလိုက်​တယ်


တချို့က___
ပြုံးပြတယ်​ မရဘူး
ပြူးပြတယ်​ မရဘူး
ပြဲပြတယ်​ မရဘူး
မဲ့ပြတယ်​ မရဘူး
ငိုပြမှတဲ့
ရတယ်​​လေ
မျက်​ရည်​​ချောင်းထဲ
စောက်​ထိုးနှစ်​သတ်ေ​ပး​လိုက်တယ်

Chocobo

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...